ဆောင်းပါး

AI မောင်းနှင် ဥတုရာသီပြင်စနစ်ကြောင့် နောက်ကျောမီးစွဲ ကမ္ဘာကိုပါ ခါယမ်းစေသော တရုတ်

မဲခေါင် 19 Oct - 2025
~ လင်းမောင် ~ AI ဆိုသော ဉာဏ်ရည်တု နည်းပညာကြီးက ၂၁ ရာစုအတွင်း ထွန်းကားပေါ်ပေါက်လာပြီး သုံးတတ်လျှင် အံ့မခန်းအစွမ်းရှိသလို မသုံးတတ်လျှင် လွန်စွာ အန္တရာယ်ကြီးစေသည်။ ထို AI စနစ်က လူသားတို့ အတွက် လုံခြုံနွေးထွေးစေရန် အသုံးချရမည်ဖြစ်သော်လည်း တရုတ်သည် ဘုရားပေးသည့် သဘာ၀ တရားကြီးကိုပင် ဆန့်ကျင်ကာ AI မောင်းနှင်သော ရာသီဥတုမွမ်းမံပြင်ဆင်မှု စနစ်ကြီး အသုံးပြုနေပြီ ဖြစ်သည်။ ထိုစနစ်ဖြင့် သဘာ၀တရားကြီးကို လှည့်စားပြီး ရေ လိုရာအရပ်တွင် ရေ၊ နေ အလင်းရောင် လိုရာအရပ်တွင် နေရောင်ရရှိရေး ဖန်ဆီးယူသည်။ ပေကျင်း၏ အလွန်အကျူး ပါရမီထူးသော စူးရောက်မှုက အလျှင်အမြန်ပင် သဘာ၀ကပ်ဆိုးတစ်ခုကို

~ လင်းမောင် ~

AI ဆိုသော ဉာဏ်ရည်တု နည်းပညာကြီးက ၂၁ ရာစုအတွင်း ထွန်းကားပေါ်ပေါက်လာပြီး သုံးတတ်လျှင် အံ့မခန်းအစွမ်းရှိသလို မသုံးတတ်လျှင် လွန်စွာ အန္တရာယ်ကြီးစေသည်။ ထို AI စနစ်က လူသားတို့ အတွက် လုံခြုံနွေးထွေးစေရန် အသုံးချရမည်ဖြစ်သော်လည်း တရုတ်သည် ဘုရားပေးသည့် သဘာ၀ တရားကြီးကိုပင် ဆန့်ကျင်ကာ AI မောင်းနှင်သော ရာသီဥတုမွမ်းမံပြင်ဆင်မှု စနစ်ကြီး အသုံးပြုနေပြီ ဖြစ်သည်။ ထိုစနစ်ဖြင့် သဘာ၀တရားကြီးကို လှည့်စားပြီး ရေ လိုရာအရပ်တွင် ရေ၊ နေ အလင်းရောင် လိုရာအရပ်တွင် နေရောင်ရရှိရေး ဖန်ဆီးယူသည်။ ပေကျင်း၏ အလွန်အကျူး ပါရမီထူးသော စူးရောက်မှုက အလျှင်အမြန်ပင် သဘာ၀ကပ်ဆိုးတစ်ခုကို ဖြစ်တည်စေတော့သည်။ အနီးဆုံး ဥပမာ ဆိုလျှင် နောက်ဆုံးရေကြီးမှုကြီးဖြစ်ပွားခဲ့သော ကွေ့ကျိုး (Guizhou) ပြည့်နယ် သဘာ၀ဘေးကို ပြရမည်ဖြစ်သည်။

တရုတ်သည် နယ်ပယ်များစွာတွင် သေချာစစ်ထုတ်ခြင်းမရှိသေးသော AI စနစ်များကို မြင့်တင်အသုံးပြု နေခြင်းမှာ ထိတ်လန့်ဖွယ်ရာအသွင်ပြောင်းရောက်ရှိကုန်သည်။ သဘာ၀တရားကြီးကို လိုသလို ထိန်းချုပ်မွမ်းမံစီစဉ်နိုင်ရေး တရုတ်ကြိုးစားနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ယခု AI စနစ်ကြီးထွန်းကားလာချိန်တွင် မိတ်ဆက်အသုံးပြုလိုက်ခြင်းက ခန့်မှန်းမရသော သဘာ၀ဖြစ်စဉ်များကို ကမောက်ကမ ဖြစ်တည်စေတော့သည်။ တရုတ်သည် အလွန်ရှုပ်ထွေးသော နည်းလမ်းများဖြင့် AI ကို အသုံးပြုကာ ရာသီဥတုကို ထိန်းချုပ်ရန် လုပ်ဆောင်နေခဲ့သည်။ ဂြိုဟ်တုများမှ ရရှိသည့် သဘာ၀ဆိုင်ရာ အချက်အလက်များစွာ၊ လေထုအာရုံခံမှုများစွာမှ ရရှိသော အချက်အလက်များကို AI ယန္တရား သင်ကြားမှု မော်ဒယ်အတွင်း သွပ်သွင်းသည်။ မိုးခေါင်ရေရှား ဒေသများကို AI မှ တိုက်ရိုက်ခိုင်းစေသည့် ဒရုန်းများစွာဖြင့် ပစ်မှတ်နေရာများထားကာ မိုးရွာခိုင်းသည်။ ဒရုန်းတိုင်းက ငွေအိုင်အိုဒိုက်များ သယ်ဆောင်ကာ မိုးအတုများ ရွာသွန်းစေသည်။ အပူချိန်တိုင်း ပရိုဂျက်တာများ၊ လျှပ်စစ်သံလိုက်ခုန်နှုန်းတိုင်း ဂျင်နရေတာများဖြင့်ပါ ရာသီဥတုအခြေအနေကို လိုချင်သလို ခြယ်လှယ်ဖန်တီးခိုင်းခြင်းဖြစ်သည်။

ရာသီဥတုကိုပင် AI ဖြင့် လိုသလို မွမ်းမံပြင်ဆင်နိုင်မည်ဆိုသော နည်းပညာသည် လောက၌ ကြီးမြတ် တကာ့ ကြီးမြတ်ဆုံး နည်းပညာဖြစ်ပေလိမ့်မယ်။ သို့သော် သဘာ၀တရားကြီးအား အဆိုပါအတွေး အခေါ်ဖြင့် လိုသလို ပြင်ဆင်နိုင်ရေး တရုတ်၏ ကြိုးပမ်းမှုက ကိုယ့်နောက်ကျော မီးပြန်စွဲလောင် နေစေခဲ့ပြီဖြစ်သည်။ တရုတ်ပြည်သူများ များစွာခံစားခဲ့ကြရသည်။ မရပ်တန့်နိုင်သော မိုးများက နိုင်ငံ ဧရိယာများစွာတွင် ဆိုးရွားသော ရေကြီးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ မြစ်များရှိ ရေစီးဆင်းမှုများသည် အန္တရာယ်အဆင့်များထက် ကျော်လွန်သွားခဲ့သည်။ မြို့များစွာ နစ်မြုပ်ကုန်သည်။ အဝေးပြေးလမ်းများ စွာ ပျက်စီးသည်။ ပြည်သူများ ရေနစ်သေဆုံးကုန်တော့သည်။ ထို့ကြောင့် မဖြစ်မနေ မေးရတော့မည့် မေးခွန်းက တရုတ်၏ AI မောင်းနှင် ဥတုရာသီ မွမ်းမံပြင်ဆင်မှုစနစ် ဘေးကင်းလုံခြုံမှု အာမခံချက် ပေးနိုင်မည်လားဆိုသည့် မေးခွန်းပင်ဖြစ်သည်။

ယခု ၂၀၂၅ ခုနှစ် ဇွန်လက မိုးသည်းထန်စွာရွာသွန်းခြင်း၏ အထွတ်အထိပ်ကာလသို့ ရောက်ခဲ့သည်။ ကွေ့ကျိုးနှင့် တရုတ်အနောက်တောင်ပိုင်း အခြားပြည်နယ်များကို အဆိုးရွားဆုံး ရိုက်ခတ်ခဲ့သည်။ တစ်ခါက ပြည်ပခရီးသွားများဖြင့် စည်ကားလှသည့် ကွေ့ကျိုးပြည်နယ်သည် ယခု အလုံးစုံ ပျက်စီး သွားခဲ့ရပြီဖြစ်သည်။ သတင်းများအရ ကွေ့ကျိုးပြည်နယ် ရွန်ကျန့် (Rongjiang) မြို့သည် တရုတ်နိုင်ငံအတွင်း အဆိုးရွားဆုံး သဘာ၀ကပ်ဘေးဆိုက်ခဲ့ရသည်ဟု ဆိုသည်။ စစ်မက်အရေး ရှောင် ပြေးပမာဏအတိုင်းအတာထက်ပင် ဆိုးရွားသည့် ကပ်ဘေးသင့်ခြင်းဖြစ်သည်။ ပြည်သူ ၈၀၀၀၀ နေအိမ်များဆုံးရှုံးပျက်စီးခဲ့ရသည်။ လူပေါင်း ၄၀၀၀၀ ကို ကယ်ဆယ်ခဲ့ရသည်။ ပြီးခဲ့သည့် ၂ လ အတွင်း ရေကြီးမှုကြောင့် ၆ ဦးသေဆုံးသည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ပိုဆိုးသည်က မမျှော် လင့်သော မိုးရေချိန်ဖြင့် ရက်များစွာ သည်းထန်စွာမိုးရွာမှုကြောင့် ယူနန်၊ ကွေ့ကျိုး၊ ကွမ်းရှီ၊ ဟိုင်နန် ဒေသများမှ အရေးပါသော မြစ်ကြီး ၁၃ စင်းစလုံး မြစ်ရေလျံခဲ့ကာ အဓိကကျသည့် အခြေခံ အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ယနေ့ တရုတ်၏ ရာသီဥတု ပြင်ဆင်မွမ်းမံမှုစနစ် စီမံကိန်းများအပေါ် စိုးရိမ်ပူပန်မှုများ တိုးပွားလာရပြီဖြစ်သည်။ တရုတ်ပြည်တွင်းအတွက်သာမက ကမ္ဘာလုံးဆိုင်ရာအတွက်ပါ ခြိမ်းခြောက် နေသော ဖြစ်စဉ်ကြီးအဖြစ် ရှုမြင်သိရှိလာကြရပြီဖြစ်သည်။ ဒေသတွင်း အနှောင့်အယှက်များစွာ ပေးစေနိုင်သည်သာမက သဘာ၀ဂေဟဗေဒစနစ်ကိုပါ ဖျက်ဆီးမှုမျိုးဖြစ်နေသောကြောင့် တရုတ် နယ်စပ်ကိုပင်ကျော်ပြီး ဆိုးရွားသက်ရောက်မှုများ ဖြစ်တည်လာစေမည်ဖြစ်သည်။ ပထဝီနိုင်ငံရေး တင်းမာမှုများလည်း ပိုမြင့်တက်လာစေမည်မှာ သေချာသည်။ ဥပမာအားဖြင့် တရုတ်၏ တိဗက် ကုန်းပြင်မြင့်၌ မကြာသေးမီးကချမှတ်အကောင်အထည်ဖော်နေသော ရာသီဥတု မွမ်းမံပြင်ဆင်ရေး စီမံကိန်း ကောင်းကင်မြစ် (Sky River) ပြဿနာဖြင့် မီးမောင်းထိုးပြနိုင်သည်။ အဆိုပါ စီမံကိန်းသည် ယန်ဇီမြစ်ကြီးထဲမှ ရေ ကုဗမီတာ ၅ ဘီလီယံကို နှစ်စဉ် ကုန်းတွင်းပိုင်း မြစ်များ၏ စနစ်အတွင်း လွှဲပြောင်းစီးဆင်းရောက်ရှိစေပြီး မြစ်ဝါမြစ်ဝှမ်းဒေသအပါ ပိုဝေးသော မြောက်ပိုင်းဒေသများသို့ ရေများ ပိုမိုရောက်ရှိစေရန် စီမံထားသည့် စီမံကိန်းကြီးဖြစ်သည်။ ဒေသတွင်း ပထဝီနိုင်ငံရေးတင်းမာမှု များနှင့် ငြိမ်းချမ်းရေးထိခိုက်နိုင်သည်ဟု ပြောရခြင်းမှာ မင်းတို့နေရာမှ မိုးများ ငါတို့ဘက်ရွာစေ၊ မင်းတို့ လိုတဲ့ရေတွေ ငါတို့ဘက်လာစေ၊ ငါတို့ မလိုတဲ့ရေတွေ မင်းတို့ဘက်လွှမ်းစေဆိုသည့် AI စေညွှန်ရာ စနစ်ဖြင့် လုပ်ချင်ရာလုပ်နေသည့် တရုတ်၏ လုပ်ရပ်များမှ ဘေးထွက်ဆိုးကျိုးများကို ဆိုလိုခြင်းဖြစ်သည်။

တရုတ်မိုးလေဝသဌာန (CMA) က ချင်ဟိုင်း-တီဗက်ကုန်းပြင်မြင့်တွင် မိုးတိမ်များ မျိုးစေ့ချနိုင်ရေး မြေပြင်အခြေစိုက် စွမ်းအားမြင့် ဂျင်နရေတာ ၅၀၀ ကျော် တပ်ဆင်ထားပြီးဖြစ်သည်ဟု ထုတ်ပြန် ထားသည်။ အဆိုပါ အငြင်းပွားစရာ စီမံကိန်းသည် နယ်နိမိတ်ဧရိယာ ကီလိုမီတာ ၁ . ၆ သန်းအထိကို လွှမ်းခြုံစေနိုင်မည်ဟု တရုတ်အစိုးရ မျှော်မှန်းထားသည်။ သို့သော် အလွန်လျှို့ဝှက်စွာ ဖုံးကွယ်ထား သည့် စီမံကိန်းကြီးဖြစ်သောကြောင့် သတင်းအချက်အလက်များ များများစားစား ရရှိနိုင်စွမ်း မရှိကြ သေးပေ။ တရုတ်သည် ရာသီဥတုကို ထိန်းချုပ်စေညွှန်နိုင်ရေး ဦးဆောင်ကမ္ဘာ့နိုင်ငံကြီးဖြစ်ချင်သော ကြောင့် ကမ္ဘာတစ်ဝန်း ဆိုးကျိုးသက်ရောက်မှုများအတွက် စိုရိမ်ပူပန်မှု တစ်စွန်းတစ်စမှ မရှိပေ။

ခိုင်မာသော နိုင်ငံတကာဥပဒေများကသာ တရုတ်၏ ရာသီဥတုပရိုဂရမ်များကို အနီးကပ်စောင့်ကြည့် အကဲခတ်ပြီး ပြည်နယ်ဖြတ်ကျော်၊ နိုင်ငံနယ်စပ်စည်းဖြတ်ကျော် နိုင်ငံတကာ နယ်နိမိတ်များအား သဘာ၀ပတ်ဝန်းကျင်ဘေးကင်းလုံခြုံမှုမရှိစေခြင်းများကို တားဆီးနိုင်မည်ဖြစ်သည်။ ဥပဒေစံနှုန်းအရ တရုတ်ကြောင့် ဒေသတွင်း ၂၀၀ ကီလိုမီတာအထက် သဘာ၀ပတ်ဝန်းကျင် ပျက်ယွင်းမှုရှိလျှင် အရေးယူနိုင်မည်ဖြစ်သည်။

ကမ္ဘာ့လုံးဆိုင်ရာ အရေးဖြစ်လာသည်သာမက ယခု တရုတ်၏ ရာသီဥတုပရိုဂရမ်များ ပြန်လည် ပြင်ဆင်ရေးဆွဲနေသည့် ပရိုဂရမ်များကလည်း တရုတ်ပြည်တွင်း၌ ကြီးမားသထက် ကြီးမားသော ဆိုးကျိုးများကို ထပ်မံသက်ရောက်နေစေသည်။ ဟီနန်၊ ကွမ်းရှီ၊ ရှန်ဇီ ပြည်နယ်များအပါ တရုတ်ပြည်နယ်များစွာတွင် မိုးရွားသွန်းမှုများသည် မူမမှန်တော့ဘဲ မိမိတို့ဒေသ၌ ပုံမှန်အကျိုးဖြစ်ထွန်းစွာ ရွာသွန်းလေ့ရှိသည့်မျိုးများ မလိုရာဒေသများတွင် ရွှေ့ပြောင်းသွားပြီး ရေကြီးမှုများဖြစ်ပေါ်စေရာ တစ်ယောက်ကို တစ်ယောက် လက်ညှိုးများပြန်ထိုးအပြစ်ဖို့နေကြရပြီ ဖြစ်သည်။ ထိုဖြစ်စဉ်ကို တိမ်ခိုးမှု (cloud theft) ဟု ၄င်းတို့ကြား ခေါ်ဆိုကြသည်။ တရုတ်နိုင်ငံတွင် ဗဟိုနှင့် ဒေသန္တရအစိုးရများကြား တရားစီရင်ပိုင်ခွင့်ဆိုင်ရာပဋိပက္ခများကို ထိန်းချုပ်ရေး ရေ နှင့် မိုးလေဝသဆိုင်ရာ ဥပဒေများ ရှိသော်လည်း ပစ်မှတ်ထားရာဒေသသို့ ရာသီဥတုအားမွမ်းမံကာ ပြောင်းလဲစေမှုက ပတ်ဝန်းကျင်ရေ၊ လေအရင်းအမြစ်မူပိုင်ခွင့်များအတွက် မကြာခဏ ပဋိပက္ခများဖြစ်စေသည်။

ကျွမ်းကျင်သူများက တရုတ်၏ AI မောင်းနှင် ရာသီဥတုမွမ်းမံပြင်ဆင်မှု စနစ်ပြန်လည် ပြင်ဆင်ရေးဆွဲ နေခြင်းသည် တိမ်များ၏ ပထဝီနိုင်ငံရေးရွေ့လျားရောက်ရှိမှုကိုပင် ခြယ်လှယ်ရန် ဦးတည်ပြင်ဆင်နေ ခြင်းဖြစ်သည်ဟု သုံးသပ်နေကြသည်။ နယ်စည်းများမရှိ၊ ထိန်းချုပ်မှုမရှိသော တရုတ်လုပ်ရပ်သည် ဘုရားဖန်ဆင်းသည့် သဘာ၀တရားကိုပင် ဆန့်ကျင်ကာ ထိန်းချုပ်လိုနေခြင်းဖြစ်တော့သည်။ AI နည်းပညာသည် တရုတ်လူမျိုးများအတွက် နွေးထွေးစေသော ပေးစွမ်းမှုများ ပေးနိုင်ရမည့်အစား ခြိမ်းခြောက်မှုတစ်ခုအသွင်သာ ဆောင်နေတော့သည်။ သို့သော် သဘာ၀တရားက ပိုမိုပြင်းထန် ကြမ်း တမ်းသည့် ပြန်လာမှုမျိုးဖြင့် တရုတ်ပြည်တွင်း၌သာမက ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ အာဖဂန် နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ အစရှိသည့် အိမ်နီးချင်းနိုင်ငံများကိုပါ ဆိုးရွားစွာ ရိုက်ခတ်နေပြီဖြစ်သည်။ သို့သော်တရုတ်အတွက်မူ အရာခပ်သိမ်းသည် အာဏာသာဖြစ်သည်။ ဂေဟစနစ်များကို ပြောင်းလဲရန်၊ မိုးရေချိန်များကို ထိန်းချုပ်ပြောင်းလဲဆုံးဖြတ်ပေးရန် ကောင်းကင်ကြီးအား လက်နက်သဖွယ် အသုံးချကာ အာဏာကို ထူထောင်နေသည်။ ခြေရာခံမရနိုင်သေးသည့် တရုတ်၏ AI မောင်းနှင် ကောင်းကင်ပြင်ထိန်းချုပ်ရေးရည်မှန်းချက်ကြီးက စစ်ပွဲကြီးများထက်ပင် အန္တရာယ် ကြီးမားနေတော့သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now