နေ့စဥ်သတင်း

တာချီလိတ်တွင် ယာဉ်တိုက်ပြီး မောင်းပြေးသည့်ကာ ဆက်တိုက်ဆင့်တိုက်မှုကြောင့် ကလေးနှင့် မိခင် သေဆုံး၊ ၈ ဦး ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ

မဲခေါင် 5 Oct - 2025
*[အောက်တိုဘာ ၅ ရက်၊ နေ့လည် ၁၂ နာရီ ၄၃ မိနစ်တွင် နောက်ဆုံးရအချက်အလက်များကို ဖြည့်စွက်ပြင်ဆင်ထားသည်] မဲခေါင်၊ အောက်တိုဘာ ၅ ဆိုင်ကယ်ကို တိုက်ပြီးနောက် မောင်းပြေးသည့်ကားမှ အခြားဆိုင်ကယ်များ၊ ကားများနှင့် လမ်းဘေးဆိုင်များကိုပါ ဆက်တိုက်ဆင့်ကာ တိုက်မိသည့်အတွက် ကလေးငယ်တစ်ဦးနှင့် ၎င်း၏ မိခင်ဖြစ်သူတို့ သေဆုံးကာ ၈ဦး ဒဏ်ရာရပြီး ၂ဦးမှာ ဦးခေါင်းထိခိုက်ကာ စိုးရိမ်ရကြောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။ ယာဉ်မောင်းသူ ရှမ်းလူမျိုး အိုက်ကျိုင်းဆိုသူ မောင်းနှင်ပြီး ဘေးတွင် ထိုင်းနိုင်ငံသားတစ်ဦး လိုက်ပါလာသည့် Ford RAPTOR ယာဉ်မှာ ဗိုလ်ချုပ်လမ်း၊ ဆေးရုံဟောင်းရှေ့တွင် ဆိုင်ကယ်တစ်စီးကို တိုက်မိပြီး မောင်းပြေးရာ အထက

*[အောက်တိုဘာ ၅ ရက်၊ နေ့လည် ၁၂ နာရီ ၄၃ မိနစ်တွင် နောက်ဆုံးရအချက်အလက်များကို ဖြည့်စွက်ပြင်ဆင်ထားသည်]

မဲခေါင်၊ အောက်တိုဘာ ၅

ဆိုင်ကယ်ကို တိုက်ပြီးနောက် မောင်းပြေးသည့်ကားမှ အခြားဆိုင်ကယ်များ၊ ကားများနှင့် လမ်းဘေးဆိုင်များကိုပါ ဆက်တိုက်ဆင့်ကာ တိုက်မိသည့်အတွက် ကလေးငယ်တစ်ဦးနှင့် ၎င်း၏ မိခင်ဖြစ်သူတို့ သေဆုံးကာ ၈ဦး ဒဏ်ရာရပြီး ၂ဦးမှာ ဦးခေါင်းထိခိုက်ကာ စိုးရိမ်ရကြောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

ယာဉ်မောင်းသူ ရှမ်းလူမျိုး အိုက်ကျိုင်းဆိုသူ မောင်းနှင်ပြီး ဘေးတွင် ထိုင်းနိုင်ငံသားတစ်ဦး လိုက်ပါလာသည့် Ford RAPTOR ယာဉ်မှာ ဗိုလ်ချုပ်လမ်း၊ ဆေးရုံဟောင်းရှေ့တွင် ဆိုင်ကယ်တစ်စီးကို တိုက်မိပြီး မောင်းပြေးရာ အထက တာချီလိတ် လမ်းဆုံးအနီးတွင် နောက်ထပ် ဆိုင်ကယ်တစ်စီးနှင့် ဟွန်ဒါဖစ်ကားတစ်စီးကို တိုက်မိခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးကာ အမျိုးသား ၃ဦး၊ အမျိုးသမီး ၅ဦး ဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူများအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းထိခိုက်ကာ စိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်း၊ တစ်ဦးမှာ ခြေထောက်ကျိုးသွားကြောင်း လူမှုကူညီရေးပြုလုပ်နေသည့် ကိုလှမိုးတာချီလိတ်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာချီလိတ်တွင် ယာဉ်တိုက်ပြီး မောင်းပြေးသည့်ကား ဆက်တိုက်ဆင့်တိုက်မှုကြောင့် လူ ၅ဦးခန့် သေဆုံး [မူရင်းသတင်း – အောက်တိုဘာ ၅ရက်၊ နေ့လည် ၁၂နာရီ]

မဲခေါင်၊ အောက်တိုဘာ ၅

ဆိုင်ကယ်ကို တိုက်ပြီးနောက် မောင်းပြေးသည့်ကားမှ အခြားဆိုင်ကယ်များ၊ ကားများနှင့် လမ်းဘေးဆိုင်များကိုပါ ဆက်တိုက်ဆင့်ကာ တိုက်မိသည့်အတွက် လူ ၅ဦးခန့် သေဆုံးသွားကြောင်း တာချီလိတ်ဒေသခံများထံမှ ကနဦးသိရသည်။

ယနေ့နံနက် ၁၁နာရီခွဲခန့်တွင် တာချီလိတ်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆက်တိုက်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသူနှင့် အတူပါလာသူတစ်ဦးမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း ကနဦး မေးမြန်းချက်များအရ သိရသည်။ [Update] ဝိုင်းဖမ်းရာတွင် ထိုင်းစကားပြောသံကြားရပြီး ထိုင်းနိုင်ငံသားများဖြစ်ကြောင်းလည်း ပြောဆိုကြသည်။ ဖြစ်စဉ်အတိအကျကို မဲခေါင်မှ စုံစမ်းဆဲဖြစ်သည်။

ဒေသခံများ ပြောဆိုချက်အရ တရုတ်နိုင်ငံသားများမှာ တာချီလိတ်မြို့၊ ရွှေတိဂုံဘုရားဝန်းကျင်တွင် ယာဉ်တိုက်မှုစတင်ဖြစ်ပွားခြင်းဖြစ်ပြီး မောင်းပြေးလာရာ လမ်းတလျှောက်တွင်လည်း နောက်ထပ် ယာဉ်တိုက်မှုများ ဆက်ဖြစ်ခဲ့သလို နောက်ဆုံး၌ တာချီလိတ် အထက ကျောင်းရှေ့တွင် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ် အသေးစိတ်နှင့် အတိအကျကိုမူ မဲခေါင်သတင်းဌာနမှ စုံစမ်းနေဆဲဖြစ်သည်။

#MeKongNews
#တာချီလိတ်
#ယာဉ်တိုက်မှု
#တရုတ်နိုင်ငံသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now