မဲခေါင်၊ စက်တင်ဘာ ၂၄
ဘန်ကောက်မြေပြိုမှုမှာ ဆမ်ဆန်ကိုဖြတ်၍ ကျောက်ဖရားမြစ်အောက်ရှိ ဥမင်လိုဏ်ခေါင်းများအထိပေါက်ကာ ထိုမှ ဆက်ခ်ဆာဝပ်သို့ခရမ်းရောင်မြေအောက် မီးရထားလမ်းစီမံကိန်းကြောင့် ဖောက်လုပ်မှု လုပ်ငန်းခွင်အတွင်း မြေပြိုကျခြင်းဖြစ်သည်ဟု ဘန်ကောက်မြို့တော်ဝန် ချက်ဒ်ချက်ဆစ်တီပန့်က ရှင်းလင်း ပြောဆိုခဲ့သည်။
စက်တင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆမ်ဆန်ခရိုင်ရှိ ဗာဂျီယာဆေးရုံးတံစက်မြိတ်ကလပ်လျှက် လမ်းမကြီးတွင် ရုတ်တရက် တွင်းနက်ကြီးအဖြစ် မြေပြုကျသွားကာ ထွက်ပေါ်ပျံ့နှံ့လာသည့် ဗီဒီယိုများကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရသည်။
မြင်တွေ့ရသည့် ရုပ်သံမှတ်တမ်းထဲတွင် ကားစီးရေ တစ်ဒါဇင်နီးပါး ၁၅ မီတာနက်ကာ မီတာ ၃၀ အကျယ် ပြိုကျသည့်တွင်း နှုတ်ခမ်းနား နီးကပ်စွာရှိနေခဲ့ပြီး တစ်စီးမှာ တွင်းထဲ ကျလုဆဲအနေအထားဖြင့် မြင်တွေ့ရသည်။
သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ အနီးဆုံးကပ်ရှိနေသည့် ဗာဂျီယာဆေးရုံမှာမူ မြေပြိုမှုတွင် ဆက်ပါသွားမည်စိုးသောကြောင့် ယာယီ ပိတ်ကာ လူနာများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ဘန်ကောက်သည် ရည်မှန်းချက်ကြီးများသည့် ခေတ်မီဆောက်လုပ်ရေးစီမံကိန်းများ ချမှတ်အကောင် အထည်ဖော်နေရာတွင် ယခုဖြစ်စဉ်သည်လည်း စိုးရိမ်စရာ အန္တရာယ်တစ်ခုကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
မတ် ၂၈ ရက် မြန်မာငလျင်ကြီးကြောင့် ဘန်ကောက်ရှိ ဆောက်လက်စ စာရင်းစစ်ချုပ်ရုံကြီး ပြိုကျမှုတွင်လည်း အနည်းဆုံး ၉၂ ဦးသေဆုံးခဲ့ရသဖြင့် တည်ဆောက်ရေးစံနှုန်းများအပေါ် ဝေဖန်မှုများ ပိုတိုးလာနိုင်မည်ဖြစ်သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ဘန်ကောက်
#မြေအောက်မီးရထား
#မြေပြို
#ထိုင်းနိုင်ငံ








