မဲခေါင်၊ စက်တင်ဘာ ၄
စင်ကာပူတွင် ဆေးကုသရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ဘန်ကောက်မှ ထွက်ခွာလာသည့် ထိုင်းဝန်ကြီးချုပ်ဟောင် သက်ဆင်၏ လေယာဉ်မှာ စင်ကာပူတွင်ဆင်းသက်ခြင်းမရှိဘဲ မလေးရှားမှလေပိုင်နက်မှ တဆင့် ဒူဘိုင်းသို့ ဦးတည်နေကြောင်း လေယာဉ်လမ်းကြောင်းပြ Website အချက်အလက်များကို ကိုးကားပြီး ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ဘန်ကောက်မြို့၊ ဒွန်မောင်းလေဆိပ်မှ ထိုင်းစံတော်ချိန် ၆ နာရီတွင် ထွက်ခွာသွားသည့် သက်ဆင်၏ ကိုယ်ပိုင်ဂျက်လေယာဉ် Bombardier Global 7500 မှာ စင်ကာပူသို့ စိုက်ရောက်ရမည့် အချိန်ကို ကျော်လွန်၍ ပျံသန်းနေဆဲဖြစ်ပြီး ထိုင်းစံတော်ချိိန် ည ၁၁ နာရီတွင် အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့ အရေးဘက် သမုဒ္ဒရာပေါ်တွင် ရှိနေသည်ကို တွေ့ရပြီး လမ်းကြောင်းအရ ဒူဘိုင်းသို့ သွားရောက်မည်ဟု ထိုင်းသတင်းဌာနများက ခန့်မှန်းထားသည်။
သက်ဆင်သည် ထောင်ဒဏ်ချမှတ်ခံထားရစဉ် ပြည်ထဲရေးဆေးရုံသို့ ရောဂါအကြောင်းပြကာ ထောင်တွင်းပြစ်ဒဏ်မခံဘဲ ယင်းဆေးရုံ ၁၄ လွှာ၌ ၆ လ နေထိုင်ခဲ့သည့်စွဲချက်အတွက် စက်တင်ဘာ ၉ ရက်တွင် တရားခွင်သို့ ထပ်မံတက်ရောက် ထုချေရဦးမည်ဖြစ်ရာ ၎င်းထိုင်းနိုင်ငံမှ ထွက်ခွာစဉ်က စင်ကာပူသို့ ၂ရက်သာ သွားရောက်ဆေးကုသမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒူဘိုင်းသည် သက်ဆင်ပြည်ပြေးဘဝဖြင့် ကာလကြာ နေထိုင်ခဲ့သည့် အရပ်လည်းဖြစ်သည့်အတွက် လက်ရှိတွင် ဒူဘိုင်းသို့ ဦးတည်နေသည့်အတွက် ၎င်းပြန်လာမည်၊ ပြန်မလာမည်ကို ဝေခွဲမရဖြစ်နေကြသည်။
Ref: Khaosod
#MeKongNews
#သက်ဆင်
#ဒူဘိုင်း
#စင်ကာပူ
#ထိုင်းနိုင်ငံရေး








