မဲခေါင်၊ ဩဂုတ် ၁၄
ဥရောပနိုင်ငံများစွာက တရားမဝင် ဝင်ရောက်ရွှေ့ပြောင်းလာသူများကို အပြင်းအထန် တိုက်ဖျက်နှင်ထုတ်နေသော်လည်း ဗြိတိန်သည် ယခုနှစ်အတွင်းမှာပင် လှေငယ်များဖြင့် အင်္ဂလန် ရေလက်ကြားကိုဖြတ်ကျော်ဝင်ရောက်လာသည့် တရားမဝင်ရွှေ့ပြောင်း အခြေချသူ ၅၀၀၀၀ ကျော်ကို လက်ခံလိုက်ရပြီးဖြစ်သောကြောင့် ဗြိတိန်ဝန်ကြီးချုပ် စတာမာ၏ ပျော့ပြောင်းစွာကိုင်တွယ်မှုအပေါ် ဝေဖန်မှုများ မြင့်တက်နေသည်။
ဩဂုတ် ၁၁ ရက်နေ့က ဗြိတိန်ထဲသို့ တရားမဝင် ဝင်ရောက်လာသူ ၄၇၄ ဦးရှိရာ စတာမာဝန်ကြီးချုပ်ဖြစ်ပြီး နောက်ပိုင်း တရားမဝင် ဝင်ရောက်လာသူပေါင်း ၅၀၂၇၁ ဦး လက်ခံပေးခဲ့ရပြီးဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်က လက်ခံခဲ့သူပေါင်း၏ ၄၇ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်က ဝင်လာသူပေါင်း၏ ၆၇ ရာခိုင်နှုန်း ပိုများလာခြင်းကြောင့် လှေဖြင့်တရားမဝင် ဝင်လာသူများအား မတားဆီးသေးဘဲ မှောင်ခိုဂိုဏ်းများကိုသာ နှိမ်နင်းမည်ဆိုသည့် စတာမာ၏ စီမံကိန်းသည် မထိရောက်ကြောင်း ဝေဖန်မှုများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ပေါ်တူဂီ၊ ဂရိ၊ ဂျာမနီ၊ ပိုလန် နှင့် အီတလီနိုင်ငံများတွင် ယခုလို လှေဖြင့်တရားမဝင် ဝင်လာသူများအား ဖမ်းဆီး ထိန်းသိမ်းခြင်း၊ နေရပ်နိုင်ငံပြန်ပို့ခြင်းများကို တင်းကြပ်စွာလုပ်ဆောင်နေသော်လည်း ဗြိတိန်တွင် ပျော့ပြောင်းသည့် စတာမာကြောင့် ဝင်လာသူပေါင်း ၅၀၀၀၀ ကျော် ရှိလာမှုအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းက ကန့်ကွက်နေသဖြင့် ဝန်ကြီးချုပ်စတာမာတွင် ဖိအားများစွာ ရှိနေခဲ့ပြီဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#လှေစီးဝင်ရောက်သူ
#ဗြိတိန်
#အင်္ဂလန်ရေလက်ကြား
#ဝန်ကြီးချုပ်
#စတာမာ








