မဲခေါင်၊ ဩဂုတ် ၈
အစ္စရေးဝန်ကြီးချုပ်နက်တန်ယာဟုက ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးအား သိမ်းပိုက် ထိန်းချုပ်ပြီး ရှိသမျှသော အကြမ်းဖက် ဟားမက်စ်များကို မိတ်ဖက်အာရပ်နိုင်ငံများရှိ စစ်တပ်များသို့ ပေးအပ်သွား ရန်စီစဉ်နေကြောင်း ပြောကြားခဲ့သည်။
အစ္စရေးအဆိုအရ လက်ရှိ ဂါဇာကမ်းမြောင်ဒေသ၇၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ကြောင်း သိရသော်လည်း ကုလသမဂ္ဂက ၈၇ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားသည်ဟု ထုတ်ပြန်ထားသည်။
ထိုအခြေအနေတွင် စစ်ပွဲရပ်နားထားသော်လည်း ပြန်လည် စစ်ဖြစ်ပြီး ဓားစာခံများနှင့် ပါလက်စတိုင်း ပြည်သူများ ထပ်မံသေဆုံးစေမည်ဖြစ်သော ထိုးစစ်ဖြင့် ဂါဇာတစ်ခုလုံးအား သိမ်းပိုက်ထိန်းချုပ်မည့် စကား နက်တန်ယာဟုက ပြောလာခြင်းဖြစ်သည်။
မိမိတို့ အစ္စရေးသည် ဂါဇာကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုခြင်းမှာ အုပ်ချုပ်လိုသောကြောင့်မဟုတ် ကြောင်း၊ မိမိတို့ အစ္စရေးအား မည်သူတစ်ဦးတစ်ယောက်မှ အန္တရာယ်မပေးနိုင်စေဘဲ ကိုယ်တိုင် လွတ်လပ်ခွင့်နှင့် ဂါဇာရှိ ပါလက်စတိုင်းပြည်သူအားလုံး အကြမ်းဖက် ဟားမက်စ် ထိန်းချုပ်အုပ်ချုပ် ခြင်းမှ လွတ်မြောက်ကာ ကောင်းမွန်သော တိုးတက်ဖြစ်ထွန်းမှုကို ဖြစ်စေလိုသောကြောင့် သိမ်းပိုက် လိုခြင်းဖြစ်ကြောင်း၊ ဟားမက်စ်အားလုံးကို ဖမ်းဆီးပြီး မိတ်ဆွေ အာရပ်နိုင်ငံ စစ်တပ်များ ကြိုက်သလို စီရင်စေရန် ပေးအပ်သွားလိုခြင်းဖြစ်ကြောင်း နက်တန်ယာဟုက Fox News သို့ ပြောသွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အစ္စရေး
#ဂါဇာ
#ဟားမက်စ်
#နက်တန်ယာဟု








