နေ့စဥ်သတင်း

ကိုးကန့် ထိန်းချုပ်နယ်မြေများတွင် အခွန်ပြန်ကောက်မည်ဟု ကြေညာ

မဲခေါင် 8 Aug - 2025
မဲခေါင်၊ ဩဂုတ် ၈ စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ပြီ ဖြစ်၍ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ကိုးကန့် (MNDAA) ထိန်းချုပ်နယ်မြေများတွင် အခွန်ပြန်လည်ကောက်ခံမည် ဖြစ်ပြီး ကနဦး တဝက်လျော့ချပေးသည့် မူဝါဒကို ကျင့်သုံးမည် ဟု ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ၁၀၂၇ စစ်ဆင်ရေးကာလများအပြီးတွင် ဒေသပြန်လည်တည်ထောင်ရေးအစပိုင်းကာလများတွင် စီးပွားရေးအခြေခံအုတ်မြစ်ကို ခိုင်မာစေရန်၊ ပြည်သူများ၏ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုဖိအားကို လျော့ချပေးနိုင်ရန်၊ ဈေးကွက်အခြေအနေ ပုံမှန်ပြန်ဖြစ်လာစေရန်အတွက် ကိုးကန့်ထိန်းချုပ်နယ်မြေများအတွင်း စီးပွားရေးအကောက်ခွန်များ လျော့ချပေးသည့်မူဝါဒကို တဆင့်ပြီး တဆင့် အကောင်အထည်ဖော်ခဲ့သည် ဟု ထုတ်ပြန်ထားသည်။ ယခုအခါ ကိုးကန့်ထိန်းချုပ်ဒေသများရှိ စီးပွားရေးလုပ်ငန်းများနှင့် ထုတ်လုပ်မှုလုပ်ငန်းများမှာ အပြည့်အဝ ပြန်လည်လည်ပတ်လာနိုင်သည့် အခြေအနေတွင် ရောက်ရှိလာပြီး

မဲခေါင်၊ ဩဂုတ် ၈

စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ပြီ ဖြစ်၍ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ကိုးကန့် (MNDAA) ထိန်းချုပ်နယ်မြေများတွင် အခွန်ပြန်လည်ကောက်ခံမည် ဖြစ်ပြီး ကနဦး တဝက်လျော့ချပေးသည့် မူဝါဒကို ကျင့်သုံးမည် ဟု ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးကာလများအပြီးတွင် ဒေသပြန်လည်တည်ထောင်ရေးအစပိုင်းကာလများတွင် စီးပွားရေးအခြေခံအုတ်မြစ်ကို ခိုင်မာစေရန်၊ ပြည်သူများ၏ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုဖိအားကို လျော့ချပေးနိုင်ရန်၊ ဈေးကွက်အခြေအနေ ပုံမှန်ပြန်ဖြစ်လာစေရန်အတွက် ကိုးကန့်ထိန်းချုပ်နယ်မြေများအတွင်း စီးပွားရေးအကောက်ခွန်များ လျော့ချပေးသည့်မူဝါဒကို တဆင့်ပြီး တဆင့် အကောင်အထည်ဖော်ခဲ့သည် ဟု ထုတ်ပြန်ထားသည်။

ယခုအခါ ကိုးကန့်ထိန်းချုပ်ဒေသများရှိ စီးပွားရေးလုပ်ငန်းများနှင့် ထုတ်လုပ်မှုလုပ်ငန်းများမှာ အပြည့်အဝ ပြန်လည်လည်ပတ်လာနိုင်သည့် အခြေအနေတွင် ရောက်ရှိလာပြီး အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ အခြေခံအဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းများနှင့် လူမှုရေးဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများကို အာမခံချက် ပေးနိုင်ရန်အတွက် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ စီးပွားရေးအကောက်ခွန် ပြန်လည်ကောက်ခံခြင်း လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မည် ဟု ဖော်ပြထားသည်။

အခွန်ကောက်ခံမှု လုပ်ငန်းများကို ယခင်ကဲ့သို့ တစ်ဝတ်လျော့ချပေးသည့် မူဝါဒကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဟုဆိုပြီး လုပ်ငန်းလိုင်စင် မလုပ်ဆောင်ရသေးသည့် လုပ်ငန်းရှင်များ သို့မဟုတ် ကုမ္ပဏီများအနေနှင့် ဒေသဆိုင်ရာ ဈေးကွက်နှင့် ကုန်သွယ်ရေး ကြီးကြပ်ထိန်းသိမ်းရေးဦးစီးဌာနသို့ အမြန်ဆုံး သွားရောက်လျှောက်ထားကြရန် နိုးဆော်ထားသည်။

လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ အနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများ လည်ပတ်မှုကို မထိခိုက်စေရန် စက်တင်ဘာလမတိုင်မီ အပြီးအစီး လုပ်ဆောင်ရမည်ဟု ဆိုကာ ကိုးကန့်ထိန်းချုပ်ထားသည့် နယ်မြေအားလုံး အကျုံးဝင်သည်ဟု ဆိုသည်။

အချို့သော စီးပွားရေးအခွန်နှင့် အကောက်တော်ခွန်များအတွက် အချိန်မရွေးပြောင်းလဲတက်သော အခွန်စနစ်ကို ကျင့်သုံးမည် ဖြစ်၍ သက်ဆိုင်ရာ အကောက်ခွန်ဦးစီးဌာနကို သွားရောက်စုံစမ်းရန် အသိပေးထားသည်။

ဖေသန်း
#MeKongNews
#MNDAA
#ကိုးကန့်
#စီးပွားရေးအခွန်
#အထူးဒေသ၁

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now