ဆောင်းပါး

တရုတ်၏ အူရွမ်ချီလူသတ်ပွဲကြောင့် ဝီဝါတို့ဆီမှ ကျယ်လောင်စွာထွက်ပေါ်လာသော တော်လှန်သံများ

မဲခေါင် 20 Jul - 2025
~ လင်းမောင် ~ ဗဟိုအာရှတွင် တူရကီဘာသာစကားပြောပြီး မွတ်ဆလင်ဘာသာ ကိုးကွယ်သော ရှင်းကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကြီးတစ်ခု ရှိသည်။ ခိုင်မာနက်ရှိုင်းသော ယဉ်ကျေးမှုနှင့် သမိုင်းစဉ် ဆက်ထွန်းကားမှုများရှိသည့် မျိုးရိုးဇစ်မြစ်များဖြစ်သော်လည်း ၎င်းတို့နေထိုင်ရာအရပ်သည် တရုတ် နိုင်ငံအနောက်မြောက်ဘက် ရှင်းကျန်းဒေသတွင် ဖြစ်နေသောကြောင့် ပြဿနာများက တားမရဆီးမရ ရှိလာတော့သည်။ တရုတ်ကွန်မြူနစ်ဝါဒနှင့် ကွန်မြူနစ်ပါတီဆောင်ပုဒ်က တစ်သွေး၊ တစ်သံသာမက တစ်ဘာသာ၊ တစ်ဝါဒ၊ တစ်နိုင်ငံတည်းဖြစ်စေရမည်ဟူ၏။ တရုတ်တစ်နိုင်ငံလုံးတွင် ဟန်လူမျိုးများက အများဆုံး တည်ရှိစိုးမိုးသည်။ ဝီဂါမွတ်ဆလင်များ၏ ဘာသာစကား၊ ယုံကြည်ကိုးကွယ်ရာဓလေများ က တရုတ်အမျိုးသားရေးအမြင်အရ သီးခြားကွဲထွက်နေသည်။ ထို့ကြောင့် တရုတ်အစိုးရ၏ ဖိနှိပ် ချေမှုန်းမှုများက ပြီးခဲ့သည့် နှစ်များအတွင်း ဝီဂါတို့အ‌ပေါ် ကျိန်စာဆိုးကဲ့သို့ ပြိုပိလာတော့သည်။

~ လင်းမောင် ~

ဗဟိုအာရှတွင် တူရကီဘာသာစကားပြောပြီး မွတ်ဆလင်ဘာသာ ကိုးကွယ်သော ရှင်းကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကြီးတစ်ခု ရှိသည်။ ခိုင်မာနက်ရှိုင်းသော ယဉ်ကျေးမှုနှင့် သမိုင်းစဉ် ဆက်ထွန်းကားမှုများရှိသည့် မျိုးရိုးဇစ်မြစ်များဖြစ်သော်လည်း ၎င်းတို့နေထိုင်ရာအရပ်သည် တရုတ် နိုင်ငံအနောက်မြောက်ဘက် ရှင်းကျန်းဒေသတွင် ဖြစ်နေသောကြောင့် ပြဿနာများက တားမရဆီးမရ ရှိလာတော့သည်။ တရုတ်ကွန်မြူနစ်ဝါဒနှင့် ကွန်မြူနစ်ပါတီဆောင်ပုဒ်က တစ်သွေး၊ တစ်သံသာမက တစ်ဘာသာ၊ တစ်ဝါဒ၊ တစ်နိုင်ငံတည်းဖြစ်စေရမည်ဟူ၏။ တရုတ်တစ်နိုင်ငံလုံးတွင် ဟန်လူမျိုးများက အများဆုံး တည်ရှိစိုးမိုးသည်။ ဝီဂါမွတ်ဆလင်များ၏ ဘာသာစကား၊ ယုံကြည်ကိုးကွယ်ရာဓလေများ က တရုတ်အမျိုးသားရေးအမြင်အရ သီးခြားကွဲထွက်နေသည်။ ထို့ကြောင့် တရုတ်အစိုးရ၏ ဖိနှိပ် ချေမှုန်းမှုများက ပြီးခဲ့သည့် နှစ်များအတွင်း ဝီဂါတို့အ‌ပေါ် ကျိန်စာဆိုးကဲ့သို့ ပြိုပိလာတော့သည်။ သို့ကြောင့်ပင် ဝီဂါတို့ နေထိုင်ရာ ရှင်းကျန်းဒေသသည် ကမ္ဘာပေါ်တွင် ကန့်သတ်ထိန်းချုပ် ဖိနှိပ်ခံရဆုံး သော ဒေသများထဲမှ တစ်ဒေသအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ ဟန်မျိုးနွယ်များ စိုးမိုးရာ တရုတ် တွင် ဝီဂါဒေသကိုလည်း ဟန်လူမျိုးများအုပ်စိုးသည့် အခြားသော ဒေသများအတိုင်း အသွင်ပြောင်းလဲ လာစေရေး တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံတော်တည်ငြိမ်ရေးနှင့် အကြမ်းဖက်မှုတန်ပြန်ဆန့်ကျင်ရေး ဆိုသော စကားလုံးအသုံးချပြီး ဝီဂါများ၏ ပကတိတည်ရှိဘ၀များကို လှည်းကျင်းဖျောက်ဖျက်ရန် ကြိုးစားလာတော့သည်။

၂၀၁၄ ခုနှစ်က ထိုစီမံကိန်းကို တရုတ်ဘက်က အစပြုလာပြီး ၂၀၁၇ တွင် ဝီဂါအားလုံးကို အကျယ်ချုပ် စနစ်ဖြင့် တရုတ်အစိုးရက ဖိနှိပ်ချုပ်ကိုင်လာသည်။ တရုတ်အစိုးရဘက်မှ ဆင်ခြေသည် ဝီဂါများအား အသက်မွေးဝမ်းကျောင်းပညာနှင့် လေ့ကျင့်ရေးစင်တာများအတွင်း ထားရှိပြီး လူမျိုးအလိုက်ဖွံ့ဖြိုး တိုးတက်နိုင်ရေး၊ ယဉ်ကျေးသောလူပတ်ဝန်းကျင်တွင် ရှင်နိုင်နိုင်ရေးအတွက် သွန်သင် ပညာဖြည့်ပေး နေသည်ဟု စကားလုံးလှလှသုံးသည်။ သို့သော်လက်တွေ့တွင် အကျယ်ချုပ်စနစ်ဖြင့် ဝီဂါဝိသေသကို ဖျောက်ဖျက်ရန် အင်အားသုံး လုပ်ဆောင်လာသည်။

အစွန်းရောက်မှုများကို ပြေလျော့စေရေး ပြန်လည် ပညာသင်ကြားပေးနေခြင်းဟု တရုတ်ဘက်မှ နာမည်လှလှသုံးပြီး ဆင်ခြေပေးသော်လည်း တကယ့်လက်တွေတွင်မူ လူ့အခွင့် အရေးအဖွဲ့အစည်းများ၊ အတွင်းစည်းမှပေါက်ကြားလာသော စာရွက်စာတမ်းများ၊ လွတ်မြောက်လာသူများမှ ပြန်လည်ပြောပြမှုများကြောင့် တရုတ်အစိုးရ အကျယ်ချုပ်ချကာ ရက်စက်စွာ နှိမ့်ကွပ်နေသူ ဝီဂါ ပေါင်း ၁ သန်းကျော် ရှိနေသည်ဟု သိရှိကြရသည်။ ပြောရလျှင် အပြစ်မကျူးလွန်ပါဘဲ တရုတ်တို့ စခန်း (Camp) သွင်း အကျဉ်းချခံထားရသည့် ဝီဂါမွတ်ဆလင်ပေါင်း ၁ သန်းကျော်ရှိနေခြင်းဖြစ်သည်။ Camp သွင်းသည့် စခန်းများအတွင်း တရုတ် နိုင်ငံရေးအယူဝါဒကို ဦးနှောက်ဆေးကြော သွပ်သွင်းခြင်း ၊ အစ္စလာမ့်ကျင့်ထုံးများကို စွန့်လွှတ်ရန် ခိုင်းစေကာ CCP ကို သစ္စာစောင့်သိကြောင်း ဖော်ပြရန် အတင်းအကြပ် ဖိအားပေးခံနေရခြင်းသာဖြစ်သည်။ ဖော်ပြပါသတင်းများအရ ဝီဂါမျိုးနွယ် ဝင်များစွာသည် ထို စခန်းများတွင် စုပြုံပြည့်ကျပ်စွာနေထိုင်ရှင်သန်ရခြင်း၊ အစာအာဟာရ မပြည့်မီ သည့် အစားအသောက်များသာ စားရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းများ၊ မုဒိမ်းကျင့်ခံရခြင်းများ၊ ကိုယ်ဝန်ဖျက်ချခြင်းများ၊ သန္ဓေတားဆီးပိတ်ပင်ခြင်းများ၊ စဉ်ဆက်မပြတ် စောင့်ကြည့်ခံရခြင်းများအတွင်း လူဟုပင်မခေါ်နိုင်လောက်သည့် ပတ်ဝန်ကျင်ငရဲခန်း၌ နေထိုင်ကြ ရသည်ဟု သိရှိကြရသည်။ တရုတ်၏ ဝီဂါများပေါ် လုပ်ရပ်များသည် နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်း များကို ဆိုးရွားစွာ ကျူးလွန်ဖောက်ဖျက်မှု၊ ယဉ်ကျေးမှုလူမျိုးတုံးသတ်ဖြတ်မှုများပင် ဖြစ်တော့သည်။

ဤအကျယ်ချုပ်အဆောက်အအုံများ၏ နံရံများအပြင်တွင် ပိုမိုကျယ်ပြန့်သော ဖိနှိပ်မှုယန္တရားတစ်ခု ရှိသည်။ ဝီဂါမွတ်ဆလင် ၄၀၀၀၀ ကျော်မှာ ပျောက်ဆုံးသွားကြပြီဖြစ်သည်။ CCP ရိုက်သွင်းသော တရုတ်ဇာတ်သွင်းခြင်းစနစ်တွင် မလိုက်ပါနိုင်သူများ အကြောင်းမဲ့ ပျောက်ဆုံးရစမြဲဖြစ်ကြောင်းကို မိသားစုဝင်များအားလုံး ဖြေစရာမလိုဘဲ သိနှင့်နေပြီးသားဖြစ်သည်။ ဝီဂါအမျိုးသမီးများကို ဟန်တရုတ်လူမျိုး အမျိုးသားများနှင့် အတင်းအကြပ် လက်ထပ်စေကာ သားဖောက်မျိုးဖျက်ခြင်းများ ကျူးလွန်နေကြောင်းလည်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သည်။ ထောင်ပေါင်းများစွာသော ကလေးများသည်လည်း မိဘများရင်ခွင်မှ ခွဲထုတ်ခံရပြီး တရုတ်အစိုးရစီမံသည့် မိဘမဲ့ကျောင်းများနှင့် ဘော်ဒါဆောင်ကျောင်းများသို့ ပိုခံရသည်။ ထိုအခြေ အနေကိုကြည့်လျှင် တရုတ်အစိုးရသည် ဝီဂါမျိုးဆက်သစ်များကို ငယ်နုစဉ်ကတည်းက ၎င်းတို့၏ မျိုးနွယ်သမိုင်းစဉ်အား ဖျက်ဆီးပြီး ဝီဂါ ဝိသေသကို ဖယ်ရှားရန် စီစဉ်ခြင်းဖြစ်ကြောင်း မြင်သာခဲ့သည်။ ဝီဂါပင်မ ဘာသာစကား အသုံးပြုခြင်းများကို တားမြစ်ခြင်း၊ ဟန်တရုတ်လူမျိုးတို့၏ ယဉ်ကျေးမှုတန်ဖိုးကိုသာ သိရှိစေမည့် မန်ဒရင်းဘာသာစကားတစ်မျိုးတည်းသာ အသုံးပြုရန် ဖိနှိပ်စီမံခြင်းက တရုတ်ကျွန်ဇာတ်သွင်းခြင်းပင် ဖြစ်သည်။ တရုတ်အစိုးရက နည်းပေါင်းစုံဖြင့် ရုပ်ပိုင်းဆိုင်ရာ ဗီဇ၊ ဝါဒပြောင်းရန်သာမက ယဉ်ကျေးမှု ဓလေ့ပါ ပယ်ဖျက်ခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

မော်ဒန်ဝီဂါသမိုင်းတွင် ပြောစမှတ်အတွင်ဆုံးသော ဖြစ်ရပ်ဆိုးက ၂၀၀၉ ခုနှစ် ဇူလိုင် ၅ ရက်တွင် ဖြစ်ပွားခဲ့သည်။ ရှင်းကျန်းပြည်နယ် မြို့တော် အူရွမ်ချီတွင် တရုတ်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြသူ ဝီဂါ များအပေါ် ကိုင်တွယ်ပုံအလွဲအမှားများဖြင့် နှိမ့်ကွပ်မှု၊ တစ်နည်းအားဖြင့် လူသတ်ပွဲကြီး ကျူးလွန်ခဲ့ ခြင်းဖြစ်သည်။ ရှိုးဂွမ်းမြို့ ဂွမ်ဒေါင်းစက်ရုံတွင် တရုတ်ဟန်လူမျိုးအလုပ်သမားများက ဝီဂါအလုပ်သမား များအပေါ် တိုက်ခိုက်ရာမှ စတင်သည့် ပြဿနာဖြစ်သည်။ ထိုအုံကြွမှုကို တရုတ် လုံခြုံရေးတပ်ဖွဲ့များ နှိမ်နင်းမှုသည် အချိုးမညီသော အကြမ်းဖက်မှုအသွင်ဆောင်ခဲ့သဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူပေါင်း ရာချီ သေဆုံးခဲ့ရသည်။ အမှန်တကယ်မှာ ဝီဂါများသည် ပြစ်မှုကျူးလွန်ခံရသည့် victims များဖြစ်ခဲ့သော် လည်း ၎င်းတို့ကသာ အကြမ်းဖက်ကာ လူမျိုးရေး အဓိကရုဏ်းကို ဖန်တီးခဲ့ကြသည်ဟု တရုတ်အစိုးရ က အားချင်း အသွင်ပြောင်းကာ လိမ်ညာ ဝါဒဖြန့်ခဲ့သည်။ ထိုလူသတ်ပွဲကို အကြောင်းပြုကာ CCP သည် ဝီဂါလူမှုအသိုင်းအဝိုင်းများအား ပစ်မှတ်ထားပြီး များစွာကို ဖမ်ဆီး၊ စောင့်ကြည့်ရေး အစီအစဉ်များ တိုး မြှင့်ချမှတ်ရန် လုံခြုံရေးအင်အားစုကို ထပ်မံတိုးမြှင့် ပို့ဆောင်ခဲ့သည်။ အဆိုပါ အခင်းအပြီး ဝီဂါအမျိုး သား ရာပေါင်းများစွာသည် တစ်ရုတ်နိုင်ငံ အနှံ့အပြားမှ အကျဉ်းထောင်များတွင်းသို့ အတင်းအကြပ် ပြန်လည်ပို့ဆောင်နေရာချပေးခြင်းခံရတော့သည်။ ထိုဖြစ်စဉ်များထဲတွင် ကြားနာစစ်ဆေးမှုပင်မရှိဘဲ ထောင်ခွဲပို့မှုများလည်း များစွာရှိသည်။ မိသားစုများ အစိတ်စိတ်အမွာမွာကွဲပြားသွားကာ ဖိနှိပ်မှုမျိုးစေ့ များကို ခိုင်ခိုင်မာမာ စနစ်တကျ တည်ဆောက်ကြဲချလိုက်ခြင်းသာဖြစ်သည်။

ထိုသို့ဖြင့် ဇူလိုင် ၅ ရက်ရောက်တိုင်း ကမ္ဘာ့တစ်ဝန်းမှ ဝီဂါများက အောက်မေ့ပွဲနှင့် ဆန္ဒပြပွဲ နှစ်ပတ်လည် နေ့ အခမ်းအနားအဖြစ် နှစ်စဉ် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ကြသည်။ ပြည်ပြေးများအဖြစ် လွတ်မြောက်ခဲ့ကြသော ဝီဂါမျိုးနွယ်စုများက ထိုနေ့တွင် ဂျီနီဗာ၊ အစ္စတန်ဘူလ်၊ ဝါရှင်တန်ဒီစီ၊ လန်ဒန် စသော ကမ္ဘာ့မြို့ကြီးများ၌ လူစုလူဝေးဖြင့် ဆန္ဒပြချီတက်မှုများ၊ ထိုင် သပိတ်များလုပ်ဆောင်ကာ အူရွမ်ချီလူသတ်ပွဲအကြောင်း ကမ္ဘာက သိစေရန် နှစ်စဉ်မပြတ် လှုံ့ဆော်ကြသည်။ ထိုဆန္ဒပြမှုများက တရုတ်နိုင်ငံသည် ရက်စက်ကြမ်းကြုတ်သော အစိုးရရှိသည့်နိုင်ငံဖြစ်ကြောင်းသာမက နိုင်ငံတကာကပါ အရေးယူပေးရန် တိုက်တွန်းတောင်းဆိုမှုပြုလုပ်ခြင်းဖြစ်သည်။ ဝီဂါစည်းရုံးရေးအဖွဲ့အစည်းများက ကုလသမဂ္ဂထံ တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းစစ်ဆေး အရေးယူပေးပါရန် တင်ပြတောင်းဆိုကြသည်။ တရုတ်ခေါင်းဆောင်များ တာဝန်ယူ၊ တာဝန်ခံစေရမည်ဟု တောင်းဆို ကြသော်လည်း ယခုအချိန်အထိ ကုလအပါ နိုင်ငံတကာအဖွဲ့အစည်းများမှ တရုတ်နှင့်ပတ်သက်ပြီး ထင်သာမြင်သာသော စွက်ဖက်မှုမျိုးလုပ်ဆောင်ရန် ခဲယဉ်းနေဆဲဖြစ်သည်။

ရှင်းကျန်းတွင် တရုတ်၏ ဝီဂါများအပေါ် ယဉ်ကျေးမှုနှင့်ဘာသာရေးဖိနှိပ်မှုများက ဆက်လက် တိုးမြင့် ဖြစ်တည်နေဆဲဖြစ်သည်။ ၂၀၁၇ ခုနှစ်မှစတင်ပြီး ပလီများ၊ သာသနဗိမာန်များ၊ သုသာန်များကို ဖြိုချ ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်သည်။ ဝတ်ပြုဆုတောင်းခြင်း၊ ရာမာဒန်ဥပုသ်လအတွင်း အစာရှောင်ခြင်းနှင့် ရိုးရာအဝတ်အစားများဝတ်ဆင်ခြင်းစသည့် အစ္စလာမ့်အလေ့အကျင့်များကို တားမြစ်ခြင်း သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းတို့ဖြင့် တားမြစ်ထားသည်။ ကျောင်းများတွင် စနစ်တကျ ဝီဂါ ဘာသာစကားကို ဖယ်ထုတ်ခြင်း၊ အစ္စလာမ်ဘာသာဝင်များ အထွတ်အမြတ်ထားရာ ကိုရမ်ကျမ်းများကို တချို့သော ကိစ္စရပ်များ၌ မီးရှို့ဖျက်ဆီးခြင်းများပင် လုပ်ဆောင်ခဲ့သည်။ ဝီဂါတို့၏ အထောက်အထား ဝိသေသများကို ဖျောက်ဖျက်ရန်နှင့် ထိုနေရာတွင် ဟန်လူမျိုးတရုတ်စံနှုန်းများကို အစားထိုးသွပ်သွင်း ခြင်းဖြင့် ရည်ရွယ်ချက်ရှိသော တရုတ်မူဝါဒ စစ်စစ်ကို အတင်းအကျပ် ထည့်သွင်းနေခြင်းဖြစ်သည်။

အထောက်အထားများလုံလောက်သည်ထက်ပင် တောင်လိုပုံ ပိုလျှံနေသော်လည်း နိုင်ငံတကာအသိုင်း အဝိုင်းများ၏ တုံ့ပြန်မှုက အစိတ်စိတ်အမွှာမွှာကွဲလွဲပြီး အငွေ့ပျံနေဆဲအဆင့်သာရှိသည်။ အမေရိကန်၊ ကနေဒါနှင့် အီးယူလက်အောက်ရှိနိုင်ငံများက တရုတ်၏ ဝီဂါများအပေါ်လုပ်ရပ်သည် လူမျိုးတုံး သတ်ဖြတ်ခြင်းဟုပင် နာမည်တပ်ကာ ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် တရုတ်၏ ခါးပတ်လမ်းစီးမံကိန်းကြီးနှင့် ပတ်သက်ကာ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် လက်ဝါးချင်းရိုက်ထားသော မွတ်ဆလင်အများစု‌ နေထိုင်ရာ နိုင်ငံများစွာသည် ဝီဂါအရေးအတွက် နှုတ်ဆိတ်နေကြသည်။ ပေကျင်း၏ ပြည်တွင်း မူဝါဒကြောင့်ဟုပင် ကာကွယ်ပေးမှုများ လုပ်ဆောင်ပေး နေကြသည်။ နိုင်ငံများအကြား ရှုပ်ထွေးသော စီးပွားရေးပတ်သက်မှုများ၊ သံတမန်ဆက်ဆံရေးများနှင့် တရုတ်အစိုးရ၏ မဟာဗျူဟာကျ soft power အသုံးချနိုင်စွမ်းများကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ (UNHCR) ဖိုရမ်များတွင်ပင် ဝီဂါများအရေး အသံတိတ်နေကြဆဲဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဝီဂါများအပေါ် ကျူးလွန်ခဲ့မှုများအတွက် တရုတ်အစိုးရအပေါ် တာဝန်ခံစေရန် တောင်းဆိုမှုများက ကြီးထွားလာသည်။ ဥပဒေရေးရာကျွမ်းကျင်သူများ၊ ရှေ့နေများပါဝင်သည့် အဖွဲ့ အစည်းများစွာက နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သို့ တရုတ်အစိုးရပိုင်းမှ ဝီဂါများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွင် အဓိက ပါဝင်ပတ်သက်သူများကို လွှဲပြောင်းစီရင်းနိုင်ရေး တောင်းဆို မှုများရှိသည်။ တရုတ်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူများအကျိုးစီးပွားကို မထိခိုက်စေသော အကျင့်ပျက် ခြစားသူ သို့မဟုတ် အလွဲသုံးစား လုပ်သော အရာရှိများ၏ ပိုင်ဆိုင်မှုများအား သိမ်းဆည်း ခြင်း၊ ခရီးသွားလာခွင့်ပိတ်ပင်ခြင်း စသည့် Magnitsky ပုံစံ အရေးယူပိတ်ဆို့မှုများလုပ်ရန် ဝိုင်းဝန်း တောင်းဆိုနေကြပြီဖြစ်သည်။ သို့သော် တရုတ်သည် ရှင်းကျန်းသို့ ဝင်ရောက်ခွင့်ကို ပြင်းထန်စွာ တားဆီးပိတ်ဆို့ထားသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက ထိုဒေသတွင် ဝီဂါများအပေါ် ကျူးလွန်နေ သော ဒုစရိုက်မှုများအတွက် မှုခင်းဆိုင်ရာအထောက်အထားများ ရရှိရန်နှင့် တာဝန်ရှိသူ၊ တာဝန်ခံမည့် သူများအား ဆွဲထုတ်ပြရန်မှာလည်း အလွန်ခက်ခဲသည့် အနေအထားတွင် ရှိနေဆဲဖြစ်သည်။

အသက်ရှင်သန်လွတ်မြောက်လာသူ ဝီဂါများထံမှ သက်သေခံချက်များ၊ ပေါက်ကြားခဲ့သော တရုတ် ပါတီအထောက်အထားများ ( China Cables နှင့် ရှင်းကျန်းရဲတပ်ဖွဲ့မှတ်တမ်းများပေါက်ကြားမှုကဲ့သို့ သော)၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့တို့ စုံစမ်းသိရှိခဲ့ သော တရားမဲ့ကျူးလွန်မှုများအကြောင်းမှာ ရှင်းကျန်းဒေသတွင်း ဖြစ်ပျက်နေသည့် မတရားမှုများကို ဆက်လက်ဖုံးကွယ်ထားနိုင်စွမ်းမရှိတော့ပေ။ ဤသတင်းရင်းမြစ်များသည် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် လုံခြုံရေးကြောင့်ဟု ဟန်ဆောင်ထားသော တရုတ်မူဝါဒအောက်တွင် ဝီဂါများအား စက်မှုလုပ်ငန်းခွင် ဖိနှိပ်မှု၏ အေးစက်စက်ရုပ်ပုံလွှာအဖြစ် စုပေါင်းခြယ်မှုန်းထားသည်။ စိတ်ကူးမယဉ်နိုင်သော အခက်အခဲများနှင့် ရင်ဆိုင်နေရသော်လည်း ဝီဂါများက ထိုပြဿနာများကြား တွင် ဆက်လက် တည်ရှိနေမြဲဖြစ်သည်။ ပြည်ပသို့ထွက်ပြေးရောက်ရှိသူများဖြစ်စေ ရှင်းကျန်းတွင်သာ ဆက်ရှိနေသူများဖြစ်စေ ၎င်းတို့၏ ရှင်သန်နိုင်ရေးတစ်ခုတည်းအတွက်သာမက အံတုပုန်ကန်နိုင်ရေး ကြိုးစားနေကြဆဲဖြစ်သည်။ နှစ်စဉ် အထိမ်းအမှတ်ပွဲများ၊ နိုင်ငံတကာ သက်သေခံချက်များနှင့် စည်းရုံးရေး ကြိုးပမ်းမှုများသည် စုပေါင်းကိုယ်ကျင့်တရားဆိုင်ရာ ပြစ်တင်ရှုတ်ချခြင်းအဖြစ် ဆောင်ရွက်နေမှုဖြစ်သည်။

ဝီဂါတို့၏ ရုန်းကန်မှုသည် ကရုဏာတောင့်တမှုသာမက၊ ၎င်းတို့၏အခက်အခဲကို သက်သေခံရာတွင် ကမ္ဘာ့အသိုက်အဝန်းသည် လူ့ဂုဏ်သိက္ခာကို မြှင့်တင်ရန်၊ အာဏာရှင်စနစ်ကို စိန်ခေါ်ရန်နှင့် တရားမျှတမှုဟူသည် ရွေးချယ်ခွင့်မရှိ၊ နှောင့်နှေးမှုမရှိကြောင်း သေချာစေရန် ၎င်း၏ကျင့်ဝတ်ဆိုင်ရာ တာဝန်ကို မဆုတ်မနစ် ဆက်လက်ပြသနေခြင်းသာ ဖြစ်တော့သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now