ဆောင်းပါး

တဏှာကျော့ကွင်း သက်ဆင်းခဲ့ကြတဲ့ နာမည်ကျော် ထိုင်းကျောင်းထိုင်ဆရာတော်များ…။

မဲခေါင် 20 Jul - 2025
တဏှာကျော့ကွင်း သက်ဆင်းခဲ့ကြတဲ့ နာမည်ကျော် ထိုင်းကျောင်းထိုင်ဆရာတော်များ…။ ~ CWM ~ ထိုင်းနိုင်ငံမှာ ခုတလော နာမည်ကြီးနေတဲ့ “Sika Golf” (ဂေါက်သီးမ)လို့ အမည်ရတဲ့ ထိုင်းအမျိုးသမီးကို ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်(၁၅)ရက်နေ့မှာ ဖမ်းဆီးလိုက်ပြီလို့ သိရတယ်။ “ဝီလာဝမ် အမ်ဆာဝပ်” လို့ အမည်ရတဲ့ အသက်(၃၅)နှစ်အရွယ် ဒီအမျိုးသမီးဟာ နာမည်ကျော် ထိုင်းကျောင်းထိုင်ဆရာတော်ကြီး (၁၅)ပါးကို ဖြားယောင်းမြှူဆွယ်ပြီး ဘတ်ငွေ သန်းပေါင်းများစွာကို ခြိမ်းခြောက်ငွေညှစ်ရယူခဲ့တယ်လို့ ဆိုတယ်။ ဆီကာ ဂေါက် (Sika Golf) လို့ အမည်ရတဲ့ ဒီအမျိုးသမီးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ(၄)ရက်နေ့က ဘန်ကောက် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးရုံး(ACD) က အရာရှိတွေဟာ သူမနေထိုင်ရာ နွန်ထာဘူရီ က

တဏှာကျော့ကွင်း သက်ဆင်းခဲ့ကြတဲ့
နာမည်ကျော် ထိုင်းကျောင်းထိုင်ဆရာတော်များ…။

~ CWM ~

ထိုင်းနိုင်ငံမှာ ခုတလော နာမည်ကြီးနေတဲ့ “Sika Golf” (ဂေါက်သီးမ)လို့ အမည်ရတဲ့ ထိုင်းအမျိုးသမီးကို ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်(၁၅)ရက်နေ့မှာ ဖမ်းဆီးလိုက်ပြီလို့ သိရတယ်။ “ဝီလာဝမ် အမ်ဆာဝပ်” လို့ အမည်ရတဲ့ အသက်(၃၅)နှစ်အရွယ် ဒီအမျိုးသမီးဟာ နာမည်ကျော် ထိုင်းကျောင်းထိုင်ဆရာတော်ကြီး (၁၅)ပါးကို ဖြားယောင်းမြှူဆွယ်ပြီး ဘတ်ငွေ သန်းပေါင်းများစွာကို ခြိမ်းခြောက်ငွေညှစ်ရယူခဲ့တယ်လို့ ဆိုတယ်။

ဆီကာ ဂေါက် (Sika Golf) လို့ အမည်ရတဲ့ ဒီအမျိုးသမီးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ(၄)ရက်နေ့က ဘန်ကောက် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးရုံး(ACD) က အရာရှိတွေဟာ သူမနေထိုင်ရာ နွန်ထာဘူရီ က နေအိမ်ကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာမှာ လက်ကိုင်ဖုန်း(၅)လုံးအတွင်းက သူမ နဲ့ အတူ နာမည်ကျော် ထိုင်းကျောင်းထိုင်ဘုန်းကြီးအများအပြား ဖောက်ပြန်နေကြတဲ့ ဓါတ်ပုံ၊ ဗီဒီယိုကလစ် (၈၀၀၀)ကျော် အပါအဝင် အပြန်အလှန်ပြောဆိုခဲ့ကြတဲ့ ချက်တင်းဖိုင်အမြောက်အများကို တွေ့ရှိခဲ့ကြတယ်။ ရဲတပ်ဖွဲ့က သက်သေပစ္စည်းအဖြစ် သိမ်းဆည်းသွားခဲ့ပြီး သူမကို ဖမ်းဆီးခြင်းတော့ မပြုခဲ့ဘူး။ ဒီအမှုဟာ ချက်ချင်းဆိုသလိုပဲ ထိုင်းနိုင်ငံသားတွေကြား ပျံ့နှံ့သွားပြီး ” ဆီကာ ဂေါက်” အမှုလို့ လူသိများသွားတယ်။

ဒီဖြစ်ရပ်ရဲ့အစက ဘန်ကောက် Wat Tri Thotsathep ဘုန်းကြီးကျောင်းမှာ စတင်ခဲ့တာဖြစ်တယ်။ ဒီကျောင်းတိုက်က ဆရာတော် Phra Thepwachirapamok ဟာ ရုတ်တရက် မပြောမဆိုနဲ့ လူဝတ်လဲသွားခဲ့တယ်။ လူဝတ်လဲပြီးတဲ့နောက် ကျောင်းတိုက်နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ၊ ဘဏ်စာရင်းတွေအားလုံး အပ်ခဲ့ပြီး လာအိုဘက်ကို ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ဆိုတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ဟာ ရုတ်တရက် လူထွက်သွားတဲ့ ဘုန်းတော်ကြီး နဲ့ပတ်သက်ပြီး သင်္ကာမကင်းတဲ့ အမျိုးသမီး Sika Golf ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး သိမ်းဆည်းရမိတဲ့ ဖုန်း ငါးလုံးထဲမှာ ဘုန်တော်ကြီး Thepwachirapamok အပြင် တခြားထင်ရှားတဲ့ ဆရာတော်ကြီးတွေနဲ့ ဖောက်ပြန်နေတဲ့ ဓါတ်ပုံ၊ ဗီဒီယိုကလစ် (၈၀၀၀)ကျော် တွေ့ရှိခဲ့တာ ဖြစ်တယ်။

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ က လက်ထောက်ရဲမှူးချုပ် ဂျာရွမ်းကီယတ်ရဲ့အဆိုအရ ဒီအမျိုးသမီးနဲ့ လူထွက်သွားတဲ့ ဘုန်းတော်ကြီး Thepwachirapamok တို့ရဲ့ နှစ်ဦးသား ရင်းနှီးဖောက်ပြန်မှုဇာတ်လမ်းဟာ ပြီးခဲ့တဲ့နှစ် မေလမှာ စတင်ခဲ့ပြီး ပထမပိုင်းမှာ အေးအေးဆေးဆေး ဖြစ်ပေမယ့် နောက်ပိုင်းမှာ အမျိုးသမီးက သူ့မှာ ကိုယ်ဝန်ရှိနေပါပြီလို့ ဆိုတယ်။ အမျိုးသမီးက တစ်လကို ဘတ် (၃၀၀၀၀) နဲ့ နှစ် ၂၀ ထောက်ပံ့ဖို့ တောင်းဆိုခဲ့တယ်။ တောင်းဆိုမှုကို မလိုက်လျောနိုင်တဲ့ ဘုန်းတော်ကြီး Thepwachirapamok ဟာ အမျိုးသမီးကို အဆက်ဖြတ်ဖို့ ကြိုးစားပေမယ့် အောင်မြင်မှု မရခဲ့ဘူး။ အကြိမ်ကြိမ် ခြိမ်းခြောက်ငွေညှစ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဘုန်းတော်ကြီး Thepwachirapamok ဟာ နောက်ဆုံး လူထွက်ပြီး ဘုန်းကြီးကျောင်းက ထွက်ပြေးဖို့ ကြိုးစားခဲ့တာဖြစ်တယ်။

“ဝီလာဝမ် အမ်ဆာဝပ်” လို့ ခေါ်တွင်တဲ့ အမျိုးသမီးဟာ အလှူအတန်း ရက်ရောတဲ့ ဒကာမတစ်ဦးအသွင်နဲ့ နာမည်ကြီး ဆရာတော်တွေအနီး ချည်းကပ်ပြီး ရင်းနှီးမှုရယူလေ့ရှိတယ်လို့ ဆိုတယ်။ ခု ကျောင်းထိုင်ဆရာတော်ကိုလည်း ပထမဆုံး Alphard မော်တော်ကားတစ်စီး လှူဒါန်းပြီး ရင်းနှီးမှု ရယူခဲ့တာလို့ ဆိုတယ်။ ဘုန်းတော်ကြီး Thepwachirapamok နဲ့ အမျိုးသမီးတို့ဟာ ၂၀၁၉ ခုနှစ်မှာ Facebook ပေါ်မှာ စတင်တွေ့ဆုံခဲ့ပြီး တဖြည်းဖြည်းချင်း ရင်းနှီးခဲ့ကြတာဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး နှစ်ဦးသားဆက်ဆံရေး လွန်လွန်ကျူးကျူးဖြစ်ခဲ့ကြပြီး ဘုန်းတော်ကြီးက သူမကို လူထွက်ပြီး လက်ထပ်ယူဖို့အထိ စဉ်းစားခဲ့တယ်လို့ ဆိုတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူမဟာ သူ့အပြင် အခြားသော နာမည်ကြီး ဘုန်းတော်ကြီးတချို့နဲ့ပါ ဖောက်ပြန်နေတာကို တွေ့ရှိခဲ့ပြီး စိတ်ပျက်သွားခဲ့တယ်။

ထိုင်း အကျင့်ဖျက်ခြစားမှု တိုက်ဖျက်ရေးဌာန(ACD)က ရဲမှူးကြီး ပရာဆောင်ရဲ့ အဆိုအရ မစ္စ ဝီလာဝမ်ဟာ သုံးနှစ်တာကာလအတွင်း သူမရဲ့ ဘဏ်စာရင်းထဲကို လွှဲပြောင်းပေးခဲ့တဲ့ ဘတ်(၃၈၅)သန်းကို လောင်းကစားလုပ်ပြီး သုန်းဖြုန်းပစ်ခဲ့တယ်လို့ သိရတယ်။ ငွေအတော်များများက လောင်းကစားဝက်ဆိုက်တွေမှာ ရှုံးသွားတာဖြစ်ပြီး တစ်ကြိမ်ကို လောင်းကြေး ဘတ်(၅၀၀၀၀၀) အထိ လောင်းလေ့ရှိတယ်လို့ သိရတယ်။ နောက်ဆုံး ဖမ်းဆီးမိချိန်မှာ သူမရဲ့ ဘဏ်စာရင်းမှာ ဘတ်(၈၀၀၀)သာ ကျန်တာတွေ့ရတယ်။

မစ္စ ဝီလာဝမ်ရဲ့ ထွက်ဆိုချက်အရ သူမဟာ ကျောင်းထိုင်ဘုန်းကြီး (၉)ပါးနဲ့ လိင်ဆက်ဆံခဲ့ပြီး အဲဒီအနက် (၈)ဦးဟာ လူထွက်သွားပြီလို့ ရဲမှူးကြီး ပရာဆောင်က ဆိုတယ်။ ဒီဘုန်းကြီးတွေက သူမထံကို လွှဲငွေတွေက ဂဏန်း လေးလုံးကနေ ရှစ်လုံးအထိ ပမာဏရှိတယ်လို့ သိရတယ်။ သူမမှာ အမည်မဖော်နိုင်တဲ့ ဘုန်းတော်ကြီးတွေနဲ့ ရရှိထားတဲ့ ၁၀ နှစ်၊ ရှစ်နှစ်၊ ခြောက်နှစ်အရွယ် ကလေးတွေ ရှိတယ်လို့ သိရတယ်။ ဘုန်းတော်ကြီး သုံးပါးကတော့ သူမနဲ့ ဖောက်ပြန်မှု မရှိဘူးလိုသိရပြီး ကျန်ဘုန်းတော်ကြီးတွေကို ဆက်လက်စုံစမ်းနေတယ်လို့ သိရတယ်။

တနွယ်ငင် တစင်ပါဆိုသလို Sika Golf လို့ လူသိများနေတဲ့ ထိုင်းအမျိုးသမီးရဲ့ ဖုန်းငါးလုံးထဲက ဓါတ်ပုံ နဲ့ ဗီဒီယိုဖိုင် (၈၀၀၀)နဲ့ ဆက်စပ်ပြီး ပါဝင်ပတ်သက်နေတဲ့ ဘုန်းတော်ကြီး (၉)ပါး လူထွက်သွားပြီလို့ သိရတယ်။ အမှုက မပြီးသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ရှိသေးတယ်။

မစ္စဝီလာဝမ်(သို့မဟုတ်) ဂေါက်သီးမကိုတော့ ဇူလိုင်(၁၅)ရက်မှာ ဘန်ကောက် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဌာန၊ ရဲတွေက နွန်ထာဘူရီက သူမနေထိုင်တဲ့ အဆင့်မြင့်အိမ်ရာမှာ ဖမ်းဆီးခဲ့ကြတယ်။

ဘန်ကောက်မြို့က ကျောင်းထိုင်ဆရာတော်တပါးရဲ့ ဘဏ်စာရင်းကတဆင့် သူမထံကို ဘတ် (၃၈၀၀၀၀) လွှဲပေးခဲ့တဲ့ ခိုင်မာတဲ့ အထောက်အထားကို တွေ့ရှိရပြီးနောက်မှာ ခုလို ဖမ်းဆီးလိုက်တာဖြစ်တယ်။ ဘုန်းတော်ကြီး Phra Theppatcharaporn ဟာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက် နေ့စွဲနဲ့ သူမထံကို ဘတ်(၃၈၀၀၀၀) လွှဲပေးခဲ့ကြောင်း ဝန်ခံခဲ့ပြီးတဲ့နောက် တနင်္လာနေ့က လူထွက်သွားပြီလို့ သိရတယ်။

ဒီဘုန်းတော်ကြီးက အယုဒ္ဓယပြည်နယ်၊ ဝတ် ချူဂျစ် ဓမ္မာရမ် Wat Chujit Dhammaram ကျောင်းတိုက်က အသက်(၆၇)နှစ်အရွယ်ရှိ ဘုန်းတော်ကြီးတပါးဖြစ်ပြီး သူ့ကိုယ်ပိုင် ဘဏ်စာရင်းကတဆင့် မစ္စ ဝီလာဝမ်ထံကို ဘတ်(၁၂.၈) သန်း အထိ လွှဲပြောင်းပေးခဲ့ကြောင်း၊ ဒီငွေတွေဟာ ကျောင်းတိုက်ပိုင်ငွေတွေဖြစ်တယ်ဆိုတာ ဝီလာဝမ်ဟာ သိလျက်နဲ့ အဓမ္မလွှဲပြောင်းခိုင်းခဲ့တာဖြစ်ကြောင်း ထိုင်း ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ လက်ထောက်အကြီးအကဲ ရဲမှူးချုပ် ဂျာရွမ်းကီယတ်က ဆိုတယ်။

နောက်ဆုံးသတင်းတွေအရ (ဂေါက်သီးမ) မစ္စဝီလာဝမ် နဲ့ ပတ်သက်ပြီး လိင်ကိစ္စ၊ ငွေကြေးကိစ္စ အရှုပ်အထွေးတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ နဝမမြောက် ဘုန်းတော်ကြီးတပါးလည်း အင်္ဂါနေ့က လူထွက်သွားပြီလို့ သိရတယ်။ ဒီဘုန်းကြီးကတော့ ဝတ် သာလောင် Wat Tha Luang ကျောင်းထိုင်ဆရာတော်ဖြစ်ပြီး နာခွန်ဆီဝမ်ပြည်နယ်က တက်ဖ ကျောင်းတိုက်မှာ လူထွက်ပြီး တစ်နေရာကို ထွက်သွားပြီလို့ သိရတယ်။ ဒီဘုန်းတော်ကြီးဟာ ဖီချစ်ပြည်နယ်မှာ အများကြည်ညိုရတဲ့ ဩဇာအကြီးဆုံး ဘုန်းတော်ကြီးလို့ သိရတယ်။

ခုလို ထိုင်းဘုန်းတော်ကြီးလောကအတွင်းက ပေါ်ပေါက်လာတဲ့ အကြည်ညိုပျက်စရာ သတင်းတွေက ထိုင်းပြည်သူတွေအပေါ် ရိုက်ခတ်မှု ဖြစ်လာစဉ်မှာပဲ ထိုင်းဘုရင်ဟာ ပြီးခဲ့တဲ့လအတွင်း ဘွဲ့တံဆိပ် ဆက်ကပ်ထားတဲ့ ဘုန်းတော်ကြီး(၈၁)ပါးရဲ့ ဘွဲ့တံဆိပ်တွေကို တော်ဝင်အမိန့်နဲ့ ပြန်လည်ရုတ်သိမ်းကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အင်္ဂါနေ့(ဇူလိုင်လ-၁၅)ရက်စွဲနဲ့ ထုတ်ပြန်တဲ့ တော်ဝင်ဂေဇက်မှာ ဇွန်လ-၂၂ရက် နေ့စွဲနဲ့ ချီးမြှင့်ထားတဲ့ ဘွဲ့တံဆိပ်ရ ဆရာတော် (၇၇)ပါး နဲ့ အဆင့်မြင့် ဘွဲ့တံဆိပ်တော်ရ ဆရာတော် လေးပါး ရဲ့ ဘွဲ့ဆိပ်တွေကို ပြန်လည်ရုပ်သိမ်းကြောင်း ဖော်ပြထားတာ တွေ့ရတယ်။

နာမည်ကျော် ထိုင်းဘုန်းတော်ကြီးတွေဆီက အကြပ်ကိုင်ငွေညှစ်ခဲ့တဲ့ မစ္စဝီလာဝမ်(ခ) ဂေါက်သီးမ ကိုတော့ ထိုင်း အကျင့်ပျက်ခြစားမှုနဲ့ တရားမဲ့ပြုကျင့်မှုဆိုင်ရာ ဗဟိုရာဇဝတ်တရာရုံးရဲ့ ဖမ်းဆီးမိန့်နဲ့ ဖမ်းဆီးခဲ့ပြီး ရာဇဝတ်ဥပဒေ အခန်း ၁၄၇ အရ တရားစွဲဆိုထားတယ်လို့ သိရတယ်။

# CWM ref: Police arrest woman at center of monk sex scandal, Naive monk admits he gave Golf B13m, Ninth senior monk quits in ‘ Golf ‘ temple scandal, Monk’s titles rescinded, ‘Golf’ cuffed. Bangkok Post. Photo credit.BKPost.

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now