ဆောင်းပါး

ရှင်းကျန်းအကြောင်း အကောင်းမြင် သတင်းလိမ်များနှင့် ဩဇာလွှမ်းမိုးသူများ ငှားရမ်းဝါဒဖြန့်နေသော တရုတ်

မဲခေါင် 15 Jul - 2025
~ လင်းမောင် ~ ယနေ့ခေတ်တွင် Vloggers များ၊ ဆိုရှယ်မီဒီယာကျွမ်းကျင်သူများ၊ YouTubers များဆိုသည်က Follower များ Subscriber များ သိန်းသန်းချီရှိသည်အထိ ၎င်းတို့၏ Content အမျိုးမျိုးဖြင့် ဖမ်းစား နိုင်သူများဖြစ်ကြသည်။ ပရိသတ်များအပေါ် ဖမ်းစားနိုင်စွမ်းရှိမှသာ၊ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိမှသာ ထိုသူများ၏ Content များက အောင်မြင်ထွန်းပေါက်သည်။ ထို့ကြောင့်ပင် ၎င်းတို့အား တစ်နည်းအား ဖြင့် ဩဇာလွှမ်းမိုးနိုင်သူများ (Influencers) များဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ မကြာသေးမီကာလများ အတွင်း အနောက်တိုင်းမှ အဆိုပါ Influencers တချို့သည် တရုတ်ကို ချစ်ကြောင်း Content များ ဖော်ပြ တင်ဆက်လာမှု သိသိသာသာတိုးပွားလာသည်ကို ထူးထူးခြားခြားမြင်တွေ့ကြရသည်။ ပူးပေါင်းထုတ်လုပ်သော ဗီဒီယိုများ

~ လင်းမောင် ~

ယနေ့ခေတ်တွင် Vloggers များ၊ ဆိုရှယ်မီဒီယာကျွမ်းကျင်သူများ၊ YouTubers များဆိုသည်က Follower များ Subscriber များ သိန်းသန်းချီရှိသည်အထိ ၎င်းတို့၏ Content အမျိုးမျိုးဖြင့် ဖမ်းစား နိုင်သူများဖြစ်ကြသည်။ ပရိသတ်များအပေါ် ဖမ်းစားနိုင်စွမ်းရှိမှသာ၊ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိမှသာ ထိုသူများ၏ Content များက အောင်မြင်ထွန်းပေါက်သည်။ ထို့ကြောင့်ပင် ၎င်းတို့အား တစ်နည်းအား ဖြင့် ဩဇာလွှမ်းမိုးနိုင်သူများ (Influencers) များဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ မကြာသေးမီကာလများ အတွင်း အနောက်တိုင်းမှ အဆိုပါ Influencers တချို့သည် တရုတ်ကို ချစ်ကြောင်း Content များ ဖော်ပြ တင်ဆက်လာမှု သိသိသာသာတိုးပွားလာသည်ကို ထူးထူးခြားခြားမြင်တွေ့ကြရသည်။ ပူးပေါင်းထုတ်လုပ်သော ဗီဒီယိုများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့ လည်ပတ်နေခြင်းဖြင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသမှ ဌာနေ ဝီဂါမွတ်ဆလင်လူမျိုးစုများအပေါ် တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက် ဖိနှိပ်နေခြင်းများ သည်လည်း အမှန်တရားကို ဖုံးကွယ် တစ်ပတ်ရိုက်မှုများအသွင်ပြောင်းလာစေမှုကို ဦးတည်လာသည်။ အဆိုပါ Influencers များသည် အွန်လိုင်းပေါ်တွင် တရုတ်၏ ဝါဒဖြန့်ပေးသူများ၊ တရုတ်ကွန်မြူနစ်ပါတီ (CCP) အတွက် အလုပ်လုပ်ပေးနေသည့် အေးဂျင့်များဖြစ်သည်ဟု သံသယများ တိုးပွားလာသည်။ YouTube ကိုယ်တိုင်က CGTN မီဒီယာကဲ့သို့ တရုတ်အစိုးရ ရန်ပုံငွေဖြင့် ရပ်တည်သော မီဒီယာများသည် လွတ်လပ်စွာ ဖန်တီးတင်ပြသည့် Influencers များ၏ Content များကို မဆိုသလောက်သာ ပြန်လည် တည်းဖြတ်ခြင်းဖြင့် ၎င်းတို့၏ ဝါဒဖြန့် အစိုးရမီဒီယာများတွင် ပြန်လည်ဖော်ပြနေကြသည်။ အနောက်တိုင်းအခြေစိုက် Influencers များ၊ Content Creators များကိုယ်တိုင်က တရုတ် ကောင်းကြောင်း၊ ချစ်ကြောင်းများ ဖော်ပြနေမှုသည် တရုတ်အစိုးရလိုချင်သော မဟာဗျူဟာအတွက် မည်သို့ အကျိုးသက်ရောက်စေပါသနည်း။

YouTube နှင့် အခြားသော လူမှုကွန်ရက်များသည် ပုံမှန်အားဖြင့် အစိုးရရန်ပုံငွေဖြင့် ရပ်တည်သည့် မီဒီယာများ၏ ဗီဒီယိုများတင်ပြသော ပလက်ဖောင်များဖြစ်သည်။ ဝါဒဖြန့်မှန်းရှင်းလင်းသိသာသည်။ သို့သော် လွတ်လပ်သော Influencers များကပါ မည်သည့် လမ်းညွှန်မူဝါဒမှမပါဘဲ မိမိသဘောဖြင့် တင်သည့် ဗီဒီယိုများမှာမူ မည်သည့် စည်းမျဉ်းချိုးဖောက်မှုမျိုးမှ မလုပ်ဟု လက်ခံကြရသည်။ သို့သော် ယခုနောက်ပိုင်း တရုတ်ထောက်ခံ Influencers များသည် တရုတ်နိုင်ငံ မြို့ကြီးများ၊ အဖွဲ့အစည်းကြီး များအတွင်း တံခါးမရှိ၊ ဓားမရှိ အခွင့်ထူးခံများအဖြစ် ဝင်ထွက်သွားလာနေနိုင်သည်ကို မြင်တွေ့နေရ သည်။ Barrie Jones၊ Jason Lightfoot နှင့် Lee and Oli Barrett အဖေနှင့်သားအသင်း ကဲ့သို့သော အနောက်တိုင်းနာမည်ကြီး Influencers တချို့သည် CCP ၏ ဝါဒဖြန့်မှုကို ကူညီလုပ်ဆောင် နေကြသည်။ ဗီဒီယို Influencers များထဲမှ နာမည်ကြီး Lee Barrett က BBC နှင့်တွေ့ဆုံမှုတွင် မိမိတို့ တရုတ်ပြည်သွားရိုက်ကူးမှုများ၌ ခရီးသွားစားရိတ်၊ လေယာဉ်စားရိတ်၊ နေရာထိုင်ခင်းများကို တရုတ် အစိုးရဘက်မှ ပြည့်စုံစွာ စီစဉ်ပေးသည်ဆိုခြင်းအား သက်သေပြသည့် နှင်းဆီပန်းစည်းများနှင့် ကြိုဆိုပုံကို ကြွားဝါပြောဆိုခဲ့သည်။ နောက်ပိုင်းမှသာ တရုတ်ဘက်မှ မိမိနှင့်သားဖြစ်သူတို့ တရုတ်ခရီးစဉ် ရိုက်ကူးမှုများအတွက် အခကြေးငွေ ပေးသည်ဆိုခြင်းမှာ မဟုတ်မှန်ဟု ငြင်းဆန်ခဲ့သည်။ နောက်ထပ် သာဓကတစ်ခုမှာ Barrie Jones ဖန်တီးထားသော ဗီဒီယိုတစ်ခုအကြောင်းဖြစ်သည်။ အနောက်မီဒီယာတချို့ ရှင်းကျန်းအကြောင်း မဟုတ်မမှန်တစ်ပတ် လှည့်ဖော်ပြသနည်း (How do some Western media twist facts about Xinjiang? ) ဆိုသည့် ခေါင်းစဉ်ဖြင့် ဗီဒီယိုတစ်ပုဒ် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ သန်းနှင့်ချီသော ရှင်းကျန်း ဒေသခံ ဝီဂါမွတ်ဆလင်မျိုးနွယ်စုများအပေါ် လှောင်ပိတ်၊ လူ့အခွင့်အရေးချိုးဖောက်၊ နှိပ်စက်နေသည့် တရုတ်ဟု အနောက်မီဒီယာများဖော်ပြနေခြင်းမှာ လုံး၀မဟုတ်မှန်ဘဲ မိမိကိုယ်တိုင် ထိုဒေသသို့ သွား ရောက်မှ တရုတ်သည် တကယ်ကောင်းမွန်နေခဲ့ပြီး အပြစ်သားအဖြစ် စွပ်စွဲခံနေရခြင်းဖြစ်သည်ဟု အလေးပေး ဖော်ပြသွားခဲ့သည်။ အဆိုပါ ဗီဒီယိုတစ်စိတ်တစ်ပိုင်းကို တရုတ်အစိုးရက ဝါဒဖြန့်မှုအဖြစ် ယူသုံးခဲ့သေးသည်။ Barrie Jones သည်လည်း အဆိုပါ လော်ဘီဝါဒဖြန့်ပေးမှုအတွက် တရုတ်အစိုး ရဆီမှ ဝန်ကြီးဌာနတစ်ခုက အသိအမှတ်ပြုချီးကျူးသည်မှလွဲပြီး မည်သည့် ရယူမှုမျှ မလုပ်ခဲ့ကြောင်း ငြင်းဆန်ခဲ့သည်။

အဆိုပါ တရုတ်ထောက်ခံ သတင်းများ လူမှုကွန်ရက်များတွင် ရုတ်ချည်း ပျံ့နှံ့များပြားလာခြင်းသည် တရုတ်အစိုးရ အကွက်ချစီစဉ်မှုမှ ထွက်ပေါ်လာသော အကျိုးဆက် အသီးအပွင့်များပင်ဖြစ်သည်။ တရုတ်အစိုးရသည် ငယ်ရွယ်သည့် Influencers များကို စားရိတ်အားလုံး အကုန်အကျခံပေးသည့် ၁၀ ရက်တာ တရုတ်ခရီးစဉ်အတွက် ခေါ်ယူခြင်းဖြင့် ၎င်းတို့အား ထောက်ခံချစ်ကြည်သည့် Content များ စွာကို လူမှုကွန်ရက်များပေါ်သို့ အများအပြား ရောက်ရှိစေရန် ကြံရွယ်ခဲ့သည်။ ကောဇော်နီအခင်း အကျင်းဖြင့် အဆိုပါ အနောက်တိုင်း Influencers များကို တရုတ်ကုမ္ပဏီကြီးများစွာက ဧည့်ခံဖိတ်ကြား၊ ကြိုဆိုခြင်းသာမက လာဘ်ငွေများစွာပေးပြီး တရုတ်ကို ချီးကျူးသည့် Content များကို အကျိုးတူ ပူး ပေါင်းထုတ်လုပ်ခြင်းပင်ဖြစ်သည်။ အမေရိကန်၊ ရုရှား၊ အစ္စရေးသာမက တရုတ်ခြိမ်းခြောက်ခံ ထိုင်ဝမ် နှင့် တိဗက်မှ Influencers များစွာတို့သည် တရုတ်၏ ငါးစားပြ ဝါဒဖြန့်စစ်ပွဲအတွင်း ဝင်ရောက်ကာ ဝါဒ ဖြန့်နေကြပြီဖြစ်သည်။ တရုတ်၏ ၎င်းတို့အလိုကျ ဝါဒါဖြန့်ပေးမည့် ပြည်ပ Influencers များ စုဆောင်း ခြင်းအတွက်လည်း အခြေခံ လိုအပ်ချက်များ ပြဌာန်းသတ်မှတ်ထားသည်။ ဥပမာ တရုတ်ထောက်ခံမှုကို အာရုံပြုရမည်၊ subscribers များစွာရှိရမည်၊ လူထုအမြင်ကို သွေဖယ်ပြောင်းလဲစေနိုင်သော တင်ဆက်မှု စွမ်းရည်ရှိရမည်၊ Followers သန်းချီရှိရမည်၊ နိုင်ငံတကာ တရုတ်ကွန်ရက်များ တည်ဆောက်နိုင်ရမည် စသဖြင့် သတ်မှတ်ထားသည်။ တရုတ်အစိုးရက ထိုသူများကို ဝါဒဖြန့် အချိန်ပိုင်းသတင်းထောက်များအဖြစ် သတ်မှတ်ကြသည်။ တရုတ်အစိုးရက ထိုသူများကို တရုတ်မြို့ကြီးများ၊ အထင်ကရအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများအတွင်း ဖိတ်ခေါ်စေပြီး ၎င်းတို့အပေါ် အကောင်းမြင် ရောင်ဝါထင်ဟပ်စေမည့် livestreaming များ၊ selfies ဓာတ်ပုံများ ရိုက်ကူးခွင့်ပြုစေခြင်းဖြင့် ထိုအခြင်းအရာများသည် စစ်မှန်သော တရုတ်ပြည် ‘real’ China ဟု အသွင်ယူကြခြင်းဖြစ်သည်။

သက်ဆိုင်ရာ ဌာနေနိုင်ငံများတွင် ထင်ရှားကျော်ကြားသူတချို့ကို ကမ္ဘာ့ကုန်သွယ်ရေး၊ နည်းပညာ၊ လျှပ်စစ်ကား၊ ပထဝီနိုင်ငံရေး ဗီဒီယိုများ ဖန်တီးရိုက်ကူးခွင့်ပေးရာတွင်လည်း တရုတ်ထောက်ခံခြင်း မူဝါဒကို ထည့်သွင်းမှရမည်ဟု လမ်းညွှန်ထားသည်။ ဆူဇူး၊ ရှန်ဟိုင်း၊ ရှန်ဇန်း၊ ဟန်ဒန်၊ ပေကျင်းအစရှိ သော အတိုးတက်ဆုံးမြို့ကြီးများအား အထင်ကြီးမှု၊ လေးစားမှုရစေရန် ရိုက်ပြခိုင်းသည်။ သရုပ်မှန် လက်တွေ့ဖြစ်သော လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ ဝင်ငွေမတည်ငြိမ်မှုများ၊ မူဝါဒကျဆုံးနေမှု များ၊ ဖိနှိပ်ချုပ်ခြယ်ခြင်းများကိုမူ ရုပ်ပုံများပေါ်တွင် လုံး၀ မမြင်ရစေရန် စီစဉ်တားမြစ်ထားသည်။ အဆိုပါ Influencers များကိုယ်တိုင်က မကြာခဏဆိုသလို သာမန်အတိုင်း အရာရာတည်ငြိမ်နေသည့် တရုတ်နိုင်ငံအခြေအနေနှင့် မူဝါဒများကို အနောက်တိုင်းမှ မုသားများအတိဖြင့် ဖျက်လိုဖျက်ဆီး စွပ်စွဲ နေကြသည်ဟု အခိုင်အမာပြောဆိုသည့် ဗီဒီယိုများလည်း မနည်းမနော ထွက်ပေါ်လာသည်။ တရုတ်ခေါင်းဆောင်များ အခွင့်အရေး လမ်းဖွင့်ပေးထားသည့် မူဝါဒကောင်းများကြောင့် တရုတ်ပြည် သူများ၏ နိစ္စဓူ၀ဘ၀များ သာယာ၀ပြောနေသည်ကို ပြသသော ဗီဒီယိုများကို ဖန်တီးစေခြင်းသာဖြစ် သည်။ တချို့သော ဗီဒီယိုများတွင် ရင်သွေးတစ်ဦးသာယူရသည့် တရုတ်အစိုးရ၏ One Child policy၊ Covid-19၊ တခြားတိုင်းတပါးနယ်မြေများ ရယူခြင်း၊ ဟောင်ကောင်အရေး၊ ရှင်းကျန်းအရေး များကို ဝေဖန်သူများအား တန်ပြန်ဝေဖန်ကာ တရုတ်ဘက်မှ ကာကွယ်ပေးမှုများပင် ရိုက်ကူးတင်ပြနေ ကြသည်။

Taipei Times မီဒီယာမှ ဖော်ပြခဲ့မှုတစ်ခုတွင် ထိုင်ဝမ် Influencers များကိုပင် တရုတ်က ကုမ္ပဏီကြီး အနည်းဆုံး ၁၀ ခုနှင့် ပူးပေါင်းပြီး ဝါဒဖြန့်ရေးအတွက် တစ်နှစ် နယူးထိုင်ဝမ်ဒေါ်လာ သန်း ၂၀ ( အမေရိကန်ဒေါ်လာ ၆၈၃၇၉၅) အထိ ပေးသည်ဟု သိရှိရသည်။ တရုတ်အစိုးရ ထောက်ပံ့ သတင်းစဉ် CGTN မှ ကမ္ဘာတစ်ဝန်း အမြင်စူးရှမှန်ကန်သော တရုတ်ထောက်ခံ Influencers ပေါင်း ၇၀၀ ကျော် ရှိကာ ၎င်းတို့၏ ဗီဒီယိုများအတွက် ဘောနပ်စ်များလည်း ရကြသည်ဟု ဖော်ပြခဲ့သည်။ သတင်းတချို့ တွင် တရုတ်အစိုးရသည် ၎င်းတို့အလိုရှိသော သတင်းတုများလုပ်ကြံဖန်တီးသည့် သတင်းထောက်များ၊ podcasters၊ presenters နှင့် influencers များအား ဒေါ်လာ ၁၀၀၀၀ အထိ ပေးရန် ကမ်းလှမ်း သည်ဟုပင် ဆိုသည်။

၂၀၂၃ ခုနှစ်၌ တရုတ်နိုင်ငံ၏ ပထမဆုံးသော ဖက်ရှင်အမှတ်တံဆိပ် Shein သည် အဓမ္မအလုပ်ခိုင်းစေမှု၊ အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများလုပ်ဆောင်နေကြောင်း စွပ်စွဲမှုများ အခိုင်အမာထွက်ပေါ် လာပြီးနောက် ထိုစွပ်စွဲမှုများသည် အမှားအယွင်းသာဖြစ်ကြောင်း သက်သေထူပေးရန် Influencers များကို ဂွမ်ဇူးရှိ စက်ရုံသို့ အထူးခရီးစဉ် ကုန်ကျစားရိတ်များအားလုံး ကျခံပြီး ဖိတ်ခေါ် ရိုက်ကူးစေခဲ့ သည်။ အလားတူ အမေရိကန် Influencers လည်းဖြစ်၊ စီရိုနယ်ဒိုဖန်အစစ်အဖြစ်နှင့် မက်ဆီကို ဆန့်ကျင်သည့် Content များဖြင့် ကမ္ဘာသိကျော်ကြားသော အမေရိကန် Influencers ဒါရင်းဝက်ကင် ဂျူနီယာခေါ် iShowSpeed သည်လည်း တရုတ်ပြည် နည်းပညာမြို့တော် ရှန်ဇန်းသို့ သွားရောက် လည်ပတ်သည့် ဗီဒီယိုများလည်း ပျံ့နှံ့ခဲ့သည်။ ထိုခရီးစဉ်တွင် iShowSpeed သည် ဟမ်ဘာဂါကို ဒရုန်းဖြင့် မှာစားမှု၊ မိုးပျံကားပေါ် ခုန်တက်သွားမှု၊ Huawei စမတ်ဖုန်းစက်ရုံသို့ လှည့်ပတ်ကြည့်ရှုမှု များ ရိုက်ကူးဖော်ပြခဲ့သည်။ ထိုဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် အနောက်တိုင်း Influencers များ သည် ၎င်းတို့၏ channel များမှ တရုတ်ကို ပရိုမိုးရှင်းဆင်းပေးနေကြသည်ဆိုခြင်းမှာ ငြင်းမရနိုင်သော ကိစ္စဖြစ်နေသည်။

YouTube၊ TikTok၊ Instagram၊ SnapChat နှင့် X လူမှုကွန်ရက်များသည် အသက် ၁၈ နှစ်နှင့် ၂၄ နှစ်ကြား လူငယ်များအကြား အလွန်ဩဇာလွှမ်းမိုးကာ အပြန်အလှန်ဆက်သွယ်သည့် ကမ္ဘာ့အကြီး မားဆုံး လူမှုကွန်ရက်များဖြစ်သည်။ ထို့ကြောင့် တရုတ်အစိုးရသည် အထူးသဖြင့်အနောက်နိုင်ငံများ၌ နေထိုင်ကြသော လူငယ်များ၏ အတွေးအမြင်များထဲတွင် တရုတ်နိုင်ငံသည် အဆိုမြင်စရာ နိုင်ငံမဟုတ် ကြောင်းကို စွဲမြဲသွားစေရန် ယခုလို အနောက်တိုင်း Influencers များအား ငွေပေးပြီး ဝါဒသွပ်သွင်း ခိုင်းနေခြင်းဖြစ်သည်။ ၎င်းတို့မျှော်မှန်းချက်က တရုတ်နိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်အနိုင်ကျင့်မှု များစွာရှိနေသော နိုင်ငံ၊ တောင်တရုတ်ပင်လယ်အတွင်း ဗိုလ်ကျစိုးမိုးနေသောနိုင်ငံ၊ တရားမဝင် သူတပါးနယ်မြေများအား ကျူးကျော်နေသောနိုင်ငံများအဖြစ် ကမ္ဘာကသိနေသော်လည်း လူငယ်များအမြင်တွင် ထိုသို့ မဟုတ်ကြောင်း စွဲထင်နိုင်စေရေးသာဖြစ်သည်။ လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကုန်စည်စစ်ပွဲတစ်ရပ်အဖြစ် သွင်းကုန်အခွန်များ အမြင့်ဆုံးမြှင့်တင်လိုက်သော်လည်း တချို့သော ဆုံးဖြတ်ချက်များတွင် တရုတ်ဘက်မှ သဘောထားကြီးစွာဖြင့် ပြန်လည်တုံ့ပြန်နေသည်ကို လူငယ်များအတွေးထဲ ဝင်ရောက်စေရန် ဝါဒဖြန့် အမှားတရား သွပ်သွင်းရေးများ စနစ်တကျ လုပ်ဆောင်နေ ခြင်းသာ ဖြစ်ပါကြောင်း . . .။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now