မဲခေါင်၊ ဇွန် ၁၉
ဇွန် ၁၈ ရက်ညတွင် အစ္စရေးနှင့် အီရန်တို့ ၆ ရက်မြောက် အပြန်အလှန်ပစ်ခတ်မှု၌ အစ္စရေးနိုင်ငံ ဘီအာရှီဗာမြို့ရှိ ဆိုရိုကာဆေးရုံကို တိုက်ရိုက်ထိမှန်သောကြောင့် ၇၀ ဝန်းကျင် သေဆုံးခဲ့ကြောင်းနှင့် အစ္စရေးဘက်မှ တီဟီရန်ရှိ အီရန်၏ ပလူတိုနီယံနျူကလီးယားဓာတ်ပေါင်းဖိုအား ထိမှန်စေရန်အောင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အီရန်ဘက်မှ အသံထက်မြန်သော ဒုံးကျည်တစ်လုံး၊ ဒရုန်းရာချီနှင့် အနည်းဆုံး ဒုံးကျည် ၃၇၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အီရန်သည် အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံများအနက် ဒုံးကျည် အများဆုံးပိုင်ဆိုင်သည့်နိုင်ငံအဖြစ် ဒုံးကျည် ၃၀၀၀ ကျော် ရှိသဖြင့် ဆက်လက် တိုက်ခိုက်သွားမည်ဟု အီရန်ခေါင်းဆောင် ခါမီနီက ကျိန်ဆိုပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်ကလည်း ၎င်းတို့ ပစ်ခတ်မှု ကြောင့် တီဟီရန်မြို့ရှီ ပလူတိုနီယံ နျူကလီးယားဓာတ်ပေါင်းဖို ထိမှန်ခဲ့ကြောင်း ထုတ်ပြန်သည်။
အီရန်အစိုးရဘက်မှ အစ္စရေးပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးဦးရေကို အတည်ပြုထုတ်ပြန်ခြင်း မရှိသော်လည်း ဝါရှင်တန်အခြေစိုက် Human Rights Activists အဖွဲ့ ထုတ်ပြန်မှုအရ အီရန်ဘက်မှ အနည်းဆုံး ၆၃၉ ဦးသေဆုံးခဲ့ကာ ၁၃၂၉ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အီရန်
#အစ္စရေး
#အဏုမြူဓာတ်ပေါင်းဖို
#တီဟီရန်








