မဲခေါင်၊ ဇွန် ၁၉
ယနေ့ ဇွန်လ ၁၉ရက်တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့်မွေးနေ့ကို TNLA က ဗိုလ်ချုပ်တားဘုန်းကျော်က ၎င်း၏ Mai Tea Land လူမှုကွန်ရက်တွင် ဆုတောင်းစကား ပြောဆိုထားသည်။
လူထုခေါင်းဆောင် ဒေါ်အောင်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အတွက် ရှမ်းပြည်အခြေစိုက် တိုင်းရင်းသား တော်လှန်ရေးတပ်တစ်တပ်၏ ခေါင်းဆောင်တစ်ဦးက ချစ်ကြည်လေးစားစွာဖြင့် ဆုတောင်းပေးခြင်းဖြစ်သည်။
ဗိုလ်ချုပ်တားဘုန်းကျော်က “Happy Birthday ဒေါ်အောင်ဆန်းစုကြည်၊ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။ မြန်မာနိုင်ငံကို အမြန်ဆုံးဦးဆောင်နိုင်ပါစေဂဟု ပြောကြားခဲ့သလို “Happy Birthday DASSK…Be healthy and lead our country” Tar Bong Kyaw ၊ GS. PSLF/TNLA ဟု ရေးသားဖော်ပြထားသည်။
TNLA သည် စစ်အာဏာရှင်တော်လှန်ရေးတွင် အရေးပါသည့် ၁၀၂၇ စစ်ဆင်ရေး၌ ပါဝင်တိုက်ခိုက်ခဲ့ကာ လက်ရှိတွင်လည်း စစ်ကောင်စီကို တော်လှန်နေသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အာဏာသိမ်းစကတည်းကပင် မတရားစွပ်စွဲချက်မျိုးစုံဖြင့် ပြစ်ဒဏ်များချကာ ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။
#MeKongNews
#ဒေါ်အောင်ဆန်းစုကြည်
#၈၀ပြည့်မွေးနေ့
#အတိုင်ပင်ခံပုဂ္ဂိုလ်
#TNLA
#တားဘုန်းကျော်








