နေ့စဥ်သတင်း

Article 33 ဖြင့် အရေးယူမှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်း UMFCCI နှင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်းဆို

မဲခေါင် 15 Jun - 2025
မဲခေါင်၊ ဇွန် ၁၄ စစ်ကောင်စီက အကျိုးသက်ရောက်မှု မရှိဟု ထုတ်ပြန်ထားသော်လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း – ILO ၏ Article 33 ဖြင့် မြန်မာနိုင်ငံအပေါ်အရေးယူမှုမှာ သက်မွေးဝမ်းကြောင်းကဏ္ဍများကို ထိခိုက်စေနိုင်ပြီး စိတ်မကောင်းဖြစ်ရကြောင်း UMFCCI နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ဇွန်လ ၁၃ရက်နေ့တွင် အသီးသီး ကြေညာချက်ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံအပေါ်တွင် Article 33 ချမှတ်ရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က စိတ်မကောင်းဖြစ်ရပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းကာ ပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးရေး နှင့် အသက်မွေးဝမ်းကြောင်းကောင်းမွန်ရေးအတွက် ထောက်ပံ့ပေးရန် တောင်းဆိုထားသည်။ အလားတူ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကလည်း ယင်းဆုံးဖြတ်ချက်ကြောင့်

မဲခေါင်၊ ဇွန် ၁၄

စစ်ကောင်စီက အကျိုးသက်ရောက်မှု မရှိဟု ထုတ်ပြန်ထားသော်လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း – ILO ၏ Article 33 ဖြင့် မြန်မာနိုင်ငံအပေါ်အရေးယူမှုမှာ သက်မွေးဝမ်းကြောင်းကဏ္ဍများကို ထိခိုက်စေနိုင်ပြီး စိတ်မကောင်းဖြစ်ရကြောင်း UMFCCI နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ဇွန်လ ၁၃ရက်နေ့တွင် အသီးသီး ကြေညာချက်ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအပေါ်တွင် Article 33 ချမှတ်ရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က စိတ်မကောင်းဖြစ်ရပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းကာ ပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးရေး နှင့် အသက်မွေးဝမ်းကြောင်းကောင်းမွန်ရေးအတွက် ထောက်ပံ့ပေးရန် တောင်းဆိုထားသည်။

အလားတူ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကလည်း ယင်းဆုံးဖြတ်ချက်ကြောင့် မြန်မာ CMP လုပ်ငန်းကဏ္ဍအတွက် စိတ်မကောင်း ဖြစ်ရကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

ယင်းအဖွဲ့အစည်း ၂ခုလုံးသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအကျိုးစီးပွားတွက် လုပ်ဆောင်ပေးမှု မရှိသလောက် ဖြစ်ပြီး အခြေခံ လုပ်အားခ နှုန်းထားကိုပင် ၇ နှစ်ကျော်လာသည့်တိုင် ပြင်ဆင်ပေးခဲ့ခြင်း မရှိသေးပေ။

၂၀၂၃ ခုနှစ်တွင် အခြေခံလစာ တိုးပေးခြင်း မဟုက်ဘဲ အပိုကြေးအနေဖြင့် ကျပ် ၁၀၀၀ သာ တိုးမြင့်ပေးခဲ့ပြီး အလုပ်သမားအခွင့်အရေးနှင့် ပါက်သက်၍ UMFCCI နှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းအသင်းတို့က လက်ရှိအချိန်ထိ လုပ်ဆောင်ပေးခြင်းမရှိသေးကြောင်း အလုပ်သမားများနှင့် အလုပ်သမားအဖွဲ့အစည်းများက ဆိုထားသည်။

မြန်မာ CMP ကဏ္ဍတွင် နိုင်ငံတကာဈေးကွက်များမှ လုပ်ငန်းအပ်နှံသူများသည် ၎င်းတို့ သတ်မှတ်ပြဌာန်းသည့် လုပ်ငန်းကျင့်ဝတ်ဆိုင်ရာ စည်းကမ်းများကို CMP စက်ရုံများက တိကျသေချာစွာ လိုက်နာနိုင်မှသာ အလုပ်အပ်နှံသည်ဟု ဆိုသော်လည်း လက်တွေ့တွင် အလုပ်သမားတို့ တောင်းဆိုနေသော အခြေခံလုပ်အားခ တိုးမြင့်ပေးရေးအတွက် ပါဝင်ကူညီပေးနေခြင်းမျိုးကို မတွေ့ရှိရသေးပေ။

၂၀၂၅ ခုနှစ်အတွင်း CMP အလုပ်ရုံတစ်ချို့တွင် လုပ်အားခ လစာတိုးမြင့်ပေးရေးနှင့် ပါက်သက်၍ အလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုတို့ ရှိနေပြီး အချို့မှာ အဖမ်းခံထားရကြောင်း အလုပ်သမားသတင်းများတွင် ဖော်ပြထားသည်။

အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများကလည်း လက်ရှိ မြန်မာနိုင်ငံ ကုန်ဈေးနှုန်း မြင့်တက်လာမှု၊ ငွေကြေးဖောင်းပွလာမှုတို့ကြောင့် အခြေခံလုပ်အားခနှုန်းထားကို ကျပ် ၁၃၀၀၀ အထိ တိုးမြင့်ပေးရန် တောင်းဆိုထားကြသည်။

မြန်မာ CMP အထည်ချုပ် ထုတ်ကုန်အများစုကို တင်ပို့နေသည့် ဥရောပမှ မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများ အသင်းကလည်း အလုပ်သမားလုပ်အားခများကို တိုးမြင့်ပေးသင့်ကြောင်း တိုက်တွန်းထားသည်။

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ILO ၏ Article 33 သည် နိုင်ငံရေးကို ဖိအားပေးလို၍ ဆုံးဖြတ်ထားသည့်အချက်အလက်ဖြစ်ရာ မြန်မာနိုင်ငံ အလုပ်ရှင်များ၊အလုပ်သမားများ နှင့် စီးပွားရေးလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်‌သောကြောင့် စိုးရိမ်မှု မရှိပဲ လုပ်ငန်းခွင်များတွင် အေးချမ်းစွာ လုပ်ကိုင်နိုင်မည်ဟု ထုတ်ပြန်ထားသည်။

ILO က Article 33 နှင့် အရေးယူခဲ့သည့် နိုင်ငံမှာ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ နှင့် ဘီလာရုစ် နိုင်ငံတို့သာ ရှိသေးပြီး မြန်မာကမူ စစ်ကောင်စီကြောင့် ၂ကြိမ် အရေးယူခံရသည့် နိုင်ငံ ဖြစ်လာနေကာ စက်ရုံ၊ အလုပ်ရုံများ ပိတ်လာနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း အထည်ချုပ် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံCMP အထည်ချုပ်ကဏ္ဍတွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အသင်းဝင် အဖွဲ့ပေါင်း ၅၂၃ ရုံ ရှိပြီး ၆၀ ရာခိုင်နှုန်းမှာ ဥရောပဈေးကွက်ကိုလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းမှာ ဂျပန်ဈေးကွက် နှင့် ကျန် ၂၀ ရာခိုင်နှုန်းမှာ တခြားဈေးကွက်ကို တင်ပို့ကာ အလုပ်သမား ၇ သိန်းကျော် လုပ်ကိုင်နေသည် ဟု သိရှိရသည်။

“ILO article 33 ကြောင့် စက်ရုံအလုပ်ရုံ အလုပ်သမားတွေ သန်းချီ ထိခိုက်ကြဦးမှာပါ။ ကျောင်းသားဘဝက တခါကြုံဖူးတယ်ဆိုပေမယ့် ခုတစ်ခေါက်ကတော့ အများကြီးပိုဆိုးမယ်ထင်ပါတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသူတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် ပနံသင့်နေသည့် စီးပွားရေးလုပ်ငန်းရှင်များကမူ ILO ၏ Article 33 သည် အခြေခံ အလုပ်သမားတို့ကိုသာ ထိခိုက်စေမည်ဟု ပြောဆိုနေကြသော်လည်း ‌၎င်းတို့ ကြုံဆုံလာရမည့် စီးပွားရေး အကျိုးဆက်အတွက် စိုးရိမ်ပူပန်နေကြသည်။

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီ လာခံ (ILC) တွင် လူငယ်များနှင့် အလုပ်သမားများကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စစ်ထဲသွပ်သွင်းပြီး အလုပ် သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်နေသည့် စစ်ကောင်စီကို ILO Article 33 အရ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးကို စစ်ကောင်စီဘက်မှ UMFCCI နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကိုယ်စား အထည်ချုပ်လုပ်ငန်းရှင်နှင့် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်ခိုင်ခိုင်နွယ်တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဘက်မှလည်း ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့သည် ကြေညာချက် ထုတ်ပြန်ထားသော်လည်း အရေးယူခံရသည့် အဓိက တရားခံဖြစ်သည့် အာဏာသိမ်း စစ်ကောင်စီကိုမှု တိုက်တွန်းခြင်း၊ ပြောဆိုခြင်း မရှိသည်ကို တွေ့ရသည်။

ဖေသန်း
#MeKongNews
#UMFCCI
#အထည်ချုပ်လုပ်ငန်းရှင်များအသင်း
#Article33
#စစ်ကောင်စီ
#အထည်ချုပ်စက်ရုံ
#လုပ်ခလစာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now