နေ့စဥ်သတင်း

မြေစာရင်းစာရေး ခိုင်မင်းဦးကြောင့် ကျိုင်းတုံတွင် ဒုက္ခရောက်သူအများအပြားရှိနေ

မဲခေါင် 4 Jun - 2025
မဲခေါင်၊ ဇွန် ၄ ကျိုင်းတုံမြိုနယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာနမှ မြေတိုင်းစာရေး (၄) ခိုင်မင်းဦးမှ လာဘ်စားကာ မြေဂရန်အတုများပြုလုပ်ပေးခြင်း၊ စာချုပ်အတုများပြုလုပ်ခြင်းနှင့် တစ်ဖက်သတ်အမည်ပေါက်ပြုလုပ်ပေးခြင်းများကြောင့် ဒေသခံအများအပြား ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံများက မဲခေါင်ထံ သတင်းပေးပို့လာသည်။ ကျိုင်းတုံမြို့နယ်အတွင်းရှိ လယ်မြေများကို ခိုင်မင်းဦးက ငွေပေးသူနှင့်ပေါင်းကာ အခြားသူအမည်ပေါက် ပြုလုပ်ပေးသည့်အတွက် နစ်နာခဲ့ရသည့် တိုင်းရင်းသားလယ်ပိုင်ရှင်များစွာရှိကြောင်း၊ မူလပိုင်ရှင်ရှိသည့် လယ်မြေများကို မြေစာရင်းနှင့် သူကြီးတို့ပူးပေါင်းကာ လာဘ်ငွေရယူပြီး အမည်ပေါက်ပြောင်းလဲပေးခဲ့ခြင်း ဖြစ်ကြောင်း လွယ်မွေကျေးရွာအုပ်စုနေ ကိုယ်တိုင်နစ်နာခဲ့ရသူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ ကျိုင်းတုံမြို့ပေါ်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် အိမ်ခြံမြေများကိုလည်း အိမ်ဂရံအမည်ပေါက်ပြောင်းလဲပေးခြင်း၊ အိမ်ဂရံအသစ်ထုတ်ပေးခြင်း၊ အိမ်ဂရံအတုပြုလုပ်ပေးခြင်း၊ စာချုပ်အတုပြုလုပ်ပေးခြင်းတို့ကို ငွေရှိသူများထံမှ လာဘ်ငွေရယူကာ မြေတိုင်းစာရေး ခိုင်မင်းဦးက

မဲခေါင်၊ ဇွန် ၄

ကျိုင်းတုံမြိုနယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာနမှ မြေတိုင်းစာရေး (၄) ခိုင်မင်းဦးမှ လာဘ်စားကာ မြေဂရန်အတုများပြုလုပ်ပေးခြင်း၊ စာချုပ်အတုများပြုလုပ်ခြင်းနှင့် တစ်ဖက်သတ်အမည်ပေါက်ပြုလုပ်ပေးခြင်းများကြောင့် ဒေသခံအများအပြား ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံများက မဲခေါင်ထံ သတင်းပေးပို့လာသည်။

ကျိုင်းတုံမြို့နယ်အတွင်းရှိ လယ်မြေများကို ခိုင်မင်းဦးက ငွေပေးသူနှင့်ပေါင်းကာ အခြားသူအမည်ပေါက် ပြုလုပ်ပေးသည့်အတွက် နစ်နာခဲ့ရသည့် တိုင်းရင်းသားလယ်ပိုင်ရှင်များစွာရှိကြောင်း၊ မူလပိုင်ရှင်ရှိသည့် လယ်မြေများကို မြေစာရင်းနှင့် သူကြီးတို့ပူးပေါင်းကာ လာဘ်ငွေရယူပြီး အမည်ပေါက်ပြောင်းလဲပေးခဲ့ခြင်း ဖြစ်ကြောင်း လွယ်မွေကျေးရွာအုပ်စုနေ ကိုယ်တိုင်နစ်နာခဲ့ရသူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့ပေါ်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် အိမ်ခြံမြေများကိုလည်း အိမ်ဂရံအမည်ပေါက်ပြောင်းလဲပေးခြင်း၊ အိမ်ဂရံအသစ်ထုတ်ပေးခြင်း၊ အိမ်ဂရံအတုပြုလုပ်ပေးခြင်း၊ စာချုပ်အတုပြုလုပ်ပေးခြင်းတို့ကို ငွေရှိသူများထံမှ လာဘ်ငွေရယူကာ မြေတိုင်းစာရေး ခိုင်မင်းဦးက ပြုလုပ်ပေးကြောင်း၊ ကိစ္စရပ်တစ်ခုအတွက် လာဘ်ငွေ ကျပ် သိန်း ၄၀၀၊ ၅၀၀ တောင်းခံကြောင်း ဖြစ်စဉ်ကို သေချာစွာသိရှိသည့် ကျိုင်းတုံမြို့ပေါ်နေထိုင်သူတစ်ဦးက ပြောသည်။

“ကျနော့်မိတ်ဆွေတွေမှာ တဖက်က ခိုင်မင်းဦးနဲ့ပေါင်းပြီး အိမ်ဂရံအသစ်ထုတ်လိုက်ပြီး ဖိအားတွေပေးတော့ အိမ်ပေါ်ကနေ ဆင်းပေးလိုက်ရတယ်။ ဘာမှလုပ်မရဘူး။ ခိုင်မင်းဦးက လုပ်နေတာများပြီ။ သူ့ကို ဘယ်သူမှ အရေးမယူနိုင်ဘူး” ဟု ၎င်းက ပြောသည်။

မြေတိုင်း (၄) ခိုင်မင်းဦးမှာ လာဘ်စားထားသည့်ငွေများဖြင့် သားသမီးများကို နိုင်ငံခြားပို့ကျောင်းထားရန်နှင့် မိသားစုကို နိုင်ငံခြားပို့ရန်ပင် စီစဉ်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ကျိုင်းတုံမြို့နယ်အတွင်း ရှမ်း၊ ဗမာတို့အပြင် လူမျိုးစုများဖြစ်သည့် အာခါ၊ လားဟူ၊ လီရှော၊ “ဝ”နှင့် အခြားတိုင်းရင်းသားမျာစွာ နေထိုင်ပြီး ၎င်းတို့၏ ဗမာစာ၊ စကားအားနည်းမှု၊ ရုံးပိုင်းဆိုင်ရာလုပ်ငန်းများ နားမလည်မှုတို့ကို အခွင့်ကောင်းယူကာ မြေစာရင်းဝန်ထမ်းများက လုပ်စားနေခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်သည်။

ကျိုင်းတုံမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေယာဆိုင်ရာ တရားမမှုအများစုမှာ မြေစာရင်းစာရေး ခိုင်မင်းဦးနှင့် ထွေအုပ်ဝန်ထမ်း နန်းဆီဖောင်းတို့ လာဘ်စားကာ စာရွက်စာတမ်းများ မမှန်မကန်ထုတ်ပေးမှု၊ အတုအပပြုလုပ်ပေးမှုတို့ကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့မှာ လာဘ်စားထားသည့် ငွေများဖြင့် အထက်လူကြီးများကို ပြန်လည်လာဘ်ထိုးထားသည့်အတွက် တိုင်ကြားသော်လည်း အရာမထင်ကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#ကျိုင်းတုံ
#မြေစာရင်း
#ခိုင်မင်းဦး
#မြေဂရံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now