နေ့စဥ်သတင်း

တောင်ကြီးတွင် ကုန်ကားနောက်ပြန်လိမ့်ပြီး ဂက်စ်ဆိုင်ကိုဝင်တိုက်

မဲခေါင် 15 May - 2025
မဲခေါင်၊ မေ ၁၅ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းတွင် ရပ်ထားသည့် ကုန်ုကားတစ်စီး နောက်ပြန်လိမ့်ကာ ရှိုင်း ဂက်စ်ဆိုင်ကို တိုက်မိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ မေလ ၁၄ရက် ည ၇နာရီကျော်ခန့်က တောင်ကြီးမြို့အနောက်မြို့ပတ်လမ်း၊ ထွန်းထွန်းရေတိုင်ကီ၏ တဖက်ခြမ်း‌၌ ရပ်ထားသော ကုန်အပြည့်ပါ ဆယ်ဘီးကားသည် နောက်ပြန်လှိမ့်ဆင်းလာကာ လမ်းအရှေ့ဘက်ခြမ်း၊ ချစ်ပန်းသဇင် ဆယ်ထပ်တိုက် ဘေးရှိ ရှိုင်းဂတ်စ်ဆိုင်ကို ဝင်တိုက်မိခြင်းဖြစ်သည်။ “ကားသမားက အပေါ့သွားတာ၊ ဟမ်းဘရိတ်မဆွဲမိလို့ ဖြစ်တာတဲ့။ ကားက ဘယ်လောက်မှ မပျက်ဘူး။ ဆိုင်ကတော့ အတော်ပျက်တယ်။ ကံကောင်းတာ လူအထိအခိုက်မရှိသလို ဂက်စ်တွေ မီးမလောင်တာပဲ။ ဒါပေမယ့် ဓာတ်ကြိုးတွေ ဓာတ်တိုင်တွေထိကုန်လို့ မီးပြတ်တယ်”ဟု ဖြစ်စဥ်သိသည့် ကံသာရပ်ကွက်နေသူတစ်ဦးက

မဲခေါင်၊ မေ ၁၅

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းတွင် ရပ်ထားသည့် ကုန်ုကားတစ်စီး နောက်ပြန်လိမ့်ကာ ရှိုင်း ဂက်စ်ဆိုင်ကို တိုက်မိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ မေလ ၁၄ရက် ည ၇နာရီကျော်ခန့်က တောင်ကြီးမြို့အနောက်မြို့ပတ်လမ်း၊ ထွန်းထွန်းရေတိုင်ကီ၏ တဖက်ခြမ်း‌၌ ရပ်ထားသော ကုန်အပြည့်ပါ ဆယ်ဘီးကားသည် နောက်ပြန်လှိမ့်ဆင်းလာကာ လမ်းအရှေ့ဘက်ခြမ်း၊ ချစ်ပန်းသဇင် ဆယ်ထပ်တိုက် ဘေးရှိ ရှိုင်းဂတ်စ်ဆိုင်ကို ဝင်တိုက်မိခြင်းဖြစ်သည်။

“ကားသမားက အပေါ့သွားတာ၊ ဟမ်းဘရိတ်မဆွဲမိလို့ ဖြစ်တာတဲ့။ ကားက ဘယ်လောက်မှ မပျက်ဘူး။ ဆိုင်ကတော့ အတော်ပျက်တယ်။ ကံကောင်းတာ လူအထိအခိုက်မရှိသလို ဂက်စ်တွေ မီးမလောင်တာပဲ။ ဒါပေမယ့် ဓာတ်ကြိုးတွေ ဓာတ်တိုင်တွေထိကုန်လို့ မီးပြတ်တယ်”ဟု ဖြစ်စဥ်သိသည့် ကံသာရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။

ကားကို ဆွဲထုတ်ရာ၌ ဓါတ်တိုင် ၄ တိုင် ၊ ဖုန်းကြိုး၊ အင်တာနက် ဝိုင်ဖိုင်ကြိုးများ ငြိပါပြတ်တောက်သွားသဖြင့် အနီးနားရှိ  ကံသာရပ်ကွက်၊ အနောက်မြို့ပတ်လမ်း အနီးတဝိုက်တွင် လျှပ်စစ်မီး ပြတ်တောက်နေကြောင်း သိရသည်။

တောင်ကြီးမြို့ရှောင်လမ်းတွင် လမ်းပျက်စီးမှု များပြုပြင်နေသည့်အတွက် ကုန်တင်ကား၊ တွဲကားများကို တောင်ကြီးမြို့ပေါ် အနောက်မြို့ပတ်လမ်းကို အချိန်ပိုင်း ဖြတ်သန်းမောင်းနှင်ခွင့် ပြုထားချိန်တွင် ယခုကဲ့သို့ ဖြစ်ပွားခြင်းဖြစ်သည်။
တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းမှ ကုန်ကားများ ဖြတ်သန်းသွားလာခွင့်ပြုခြင်းကို ယာဉ်အန္တရာယ်များခြင်း၊ ကုန်ကားမောင်းသမားများ၏ စည်းကမ်းမဲ့ခြင်းများကြောင့် မြို့ခံများက မနှစ်သက်ကြပေ။

“မြို့ရှောင်လမ်း ကို သေချာမဖောက်တော့ ရေထဲမိုးထဲ ကားတွေ ဒုက္ခရောက်၊ ပြီးတော့ မြို့ပေါ် တအားလူရှုပ်ကားရှုပ်တဲ့ အနောက်မြို့ပတ်လမ်းမှာ ကားကြီးတွေထင်သလိုမောင်း၊ (ထင်သလို) ရပ်နေတာကို မထိန်းသိမ်းရင် ဒီလိုအဖြစ်တွေ ကြုံနေမှာပဲ။ ဖြစ်ကတတ်ဆန်း ပြီးပြီးရော အကျင့်က ဒုက္ခ ရောက်စေတာပဲ”ဟု မြို့ပတ်လမ်းနေ အငြိမ်းစားဝန်ထမ်းတစ်ဦးက ဝေဖန်သည်။

မြို့ရှောင်လမ်း မပြီးမီ တောင်ကြီးမြို့ကို ဖြတ်သန်းမောင်းနှင်နေသည့် ကုန်ကားများ သတ်မှတ်အချိန်အတိုင်း နံနက်ပိုင်း၊ ညနေပိုင်း လူအရမ်း ရှုပ်သည့် အချိန်များတွင် ဂရုတစိုက်မောင်းနှင်ကြစေလိုကြောင်း လူထုက ပြောကြားနေကြသည်။

မဟာ
#MeKongNews
#တောင်ကြီး
#အနောက်မြို့ပတ်လမ်း
#ကုန်တင်ကား
#ရှိုင်းဂတ်စ်ဆိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now