နေ့စဥ်သတင်း

လားရှိုး၌ စစ်ကောင်စီရုံးများ မေလဆန်းတွင် ပြန်ဖွင့်ဖို့ စီစဉ်ထား

မဲခေါင် 23 Apr - 2025
မဲခေါင်၊ ဧပြီ ၂၃ တရုတ်အားကိုးဖြင့် ပြန်လည်ထိန်းချုပ်ခွင့်ရသည့် လားရှိုးမြို့တွင် ဌာနဆိုင်ရာရုံးများကို လာမည့် မေလ ၁ ရက်မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း စစ်ကောင်စီဝန်ထမ်း Non – CDM များနှင့် နီးစပ်သူများထံမှ သိရသည်။ လားရှိုးကို MNDAA မှ သိမ်းပိုက်စဉ်က လားရှိုးမှ တောင်ကြီးသို့ ထွက်ပြေးလာပြီး တောင်ကြီးတွင် ရုံးတွဲဘက်ထိုင်နေရသည့် Non–CDM ဝန်ထမ်းများကို မေလ ၁ ရက်မှ စတင်ကာ လားရှိုးမြို့တွင် ပြန်လည်ရုံးထိုင်ရန် ပြင်ဆင်ခိုင်းထားခြင်းဖြစ်ပြီး လားရှိုးဒေသခံများအနေဖြင့် ရုံးပိုင်းဆိုင်ရာ ကိစ္စရပ်များကို တောင်ကြီးတွင် လုပ်မရတော့ဘဲ လားရှိုးသို့သာ သွားရောက်လုပ်ကိုင်ရတော့မည်ဖြစ်ကြောင်း Non-CDM ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက

မဲခေါင်၊ ဧပြီ ၂၃

တရုတ်အားကိုးဖြင့် ပြန်လည်ထိန်းချုပ်ခွင့်ရသည့် လားရှိုးမြို့တွင် ဌာနဆိုင်ရာရုံးများကို လာမည့် မေလ ၁ ရက်မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း စစ်ကောင်စီဝန်ထမ်း Non – CDM များနှင့် နီးစပ်သူများထံမှ သိရသည်။

လားရှိုးကို MNDAA မှ သိမ်းပိုက်စဉ်က လားရှိုးမှ တောင်ကြီးသို့ ထွက်ပြေးလာပြီး တောင်ကြီးတွင် ရုံးတွဲဘက်ထိုင်နေရသည့် Non–CDM ဝန်ထမ်းများကို မေလ ၁ ရက်မှ စတင်ကာ လားရှိုးမြို့တွင် ပြန်လည်ရုံးထိုင်ရန် ပြင်ဆင်ခိုင်းထားခြင်းဖြစ်ပြီး လားရှိုးဒေသခံများအနေဖြင့် ရုံးပိုင်းဆိုင်ရာ ကိစ္စရပ်များကို တောင်ကြီးတွင် လုပ်မရတော့ဘဲ လားရှိုးသို့သာ သွားရောက်လုပ်ကိုင်ရတော့မည်ဖြစ်ကြောင်း Non-CDM ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ရုံးတွေ မေလ ၁ ရက်ကစ လားရှိုးမှာ စဖွင့်ရတော့မယ်။ ဒီနေ့ပဲ လားရှိုးပြန်ဖို့လုပ်နေရပြီ။ ဟိုမှာ အိမ်ယာတွေက လုံးဝပျက်စီးနေတာ၊ နယ်မြေကလည်း ဘာဖြစ်မယ် မသိရသေးဘူး။ စားဝတ်နေရေးအရ အလုပ်ကလည်း မထွက်နိုင်သေးတော့ သွားရမှာပဲ” ဟု ၎င်းက ဆိုသည်။

တောင်ကြီး၊ မြို့မရပ်ကွက်သို့ လားရှိုးမှစစ်ရှောင်လာပြီး နိုင်ငံသားစမတ်ကတ် ပြုလုပ်ထားသူ လားရှိုးရပ်ကွက်၂နေသူတစ်ဦးကလည်း ယမန်နေ့ ဧပြီလ၂၂ရက်နေ့က ရက်ချိန်းအတိုင်းသွားရောက်ရာ လားရှိုးတွင်သာ သွားရောက်လုပ်ကိုင်ရန် တောင်ကြီးရုံးက ပြောကြောင်း သိရသည်။

“ပြန်ဖို့ မပြန်ဖို့ မစဥ်းစားရသေးဘူး။ ရုံးတွေက လားရှိုးမှာဘဲ လုပ်မှာဆိုတော့ မဖြစ်မနေ ပြန်နေခိုင်းတဲ့ သဘောပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိ လားရှိုးတွင် စစ်ကောင်စီတပ်များ ဝင်ရောက်အခြေပြုနေပြီး တရုတ်ကိုယ်စားလှယ်အဖွဲ့များပါ ရှိနေသလို MNDAA တပ်များကလည်း လားရှိုးမြို့ပြင်ပတွင် တပ်စွဲထားကြောင်း၊ ဧပြီလ ၂၁ ရက်တွင် တရုတ်ကိုယ်စားလှယ် အပါအဝင် ကိုးကန့်နှင့် စစ်ကောင်စီတို့ ၃ ပွင့်ဆိုင် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဧပြီလ ၂၂ ရက်တွင် လားရှိုးမြို့တွင်းသို့ စစ်ကောင်စီစစ်ကားများ ရာနှင့်ချီ ပြန်လည်ဝင်ရောက်လာကြောင်း ဒေသခံများထံက သိရသည်။

မဟာ
#MeKongNews
#လားရှိုး
#စစ်ကောင်စီ
#ဌာနဆိုင်ရာရုံး
#တောင်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now