မဲခေါင်၊ ဧပြီ ၁၉
ထိုင်းလူဝန်မှုကြီးကြပ်ရေးဗျူရိုက မေ ၁ ရက်မှ စတင်ကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်/ထွက်ခွာ မည့် မည်သည့်နိုင်ငံခြားသားမဆို အွန်လိုင်းမှတစ်ဆင့် နိုင်ငံခြားသားများဆိုင်ရာ ဒစ်ဂျစ်တယ်စနစ်ကို မှတ်ပုံတင်ဖြည့်စွက်ရမည်ဟု သိရသည်။
ယင်းဖောင်ကို Kingdom of Thailand (TM.6) သို့မဟုတ် Thailand Digital Arrival Card (TDAC) ဟုခေါ်ဆိုပြီး ပြည်ပသားအားလုံး ထိုင်းသို့ ဝင်ရောက်မှုနှင့် ထွက်ခွာမှုအသီးသီး၌ မဖြစ်မနေ မှတ်ပုံတင်သွင်းရမည်ဟု ဖော်ပြထားသည်။
နိုင်ငံခြားသား ဝင်ရောက်လာသူများနှင့်ထွက်ခွာသူများသည် မြေပြင်၊ ဝေဟင်၊ လေကြောင်းဖြင့်ဖြစ်စေ ထိုင်းနိုင်ငံ အတွင်း ဝင်ရောက်/ ထွက်ခွာမှုတိုင်းတွင် မဖြစ်မနေ ဒစ်ဂျစ်တယ် မှတ်ပုံတင်စနစ်တွင် အချက်အလက်များကိုဖြည့်ဆည်းကာ လက်ရှိတွင် http://tdac.immigration.go.th/ မှ ဝင်ရောက်မှတ်ပုံတင်နိုင်ကြောင်း၊ ပြည်မဝင်ခင် ၃ ရက် ကြိုတင်မှတ်ပုံတင်နိုင်ကြောင်းနှင့် နောက်နောင်၌ ဝက်ဘ်ဆိုက်တွင်းမှတ်ပုံတင်ရတော့မည်မဟုတ်ဘဲ အက်ပလီကေးရှင်းတွင် ဖြည့်သွင်းလာနိုင်မည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
Ref: KhaosodEnglish
ကိုကလင်း
#MeKongNews
#ထိုင်းနိုင်ငံ
#လူဝင်မှုကြီးကြပ်ရေး
#TDAC
#ဒီဂျစ်တယ်စနစ်








