နေ့စဥ်သတင်း

ကျိုင်းတုံတွင် နန္ဒဘေရီစည်တော်တင်ပွဲ အကျဥ်းရုံး ပြုလုပ်

မဲခေါင် 14 Apr - 2025
မဲခေါင်၊ ဧပြီ ၁၄ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ နှစ်စဥ်ပြုမြဲ သင်္ကြန်ကာလ နန္ဒဘေရီစည်တော်တင်ပွဲနှင့် သိကြားမင်းပူဇော်ပွဲအား ငလျင်ဒဏ်သင့် ပြည်သူများကို စာနာသည့်အနေဖြင့် ကြေညာထားသည့်အတိုင်း အကျဥ်းရုံးသာ ပြုလုပ်ခဲ့သည်ဟု ယင်းနန္ဒဘေရီ စည်တော်ကျင်းပရေးအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဧပြီလ၁၃ရက်တွင် မင်္ဂလာအချိန်ဖြစ်သည့် နံနက်၇နာရီတွင် စည်တော်ကိန်းဝပ်ရာ အမှတ်၃ရပ်ကွက်ရှိ ကျိုင်းစံဘုန်းကြီးကျောင်းမှ ဖားရုပ်စံရာ တာလောကုပ်သို့ ယူဆောင်ခဲ့ပြီး ယင်းနေရာမှတဆင့် ကျောက်လုံကန်နတ်စင်သို့ ယူဆောင်ထားရှိကာ ကျိုင်းတုံမူလဒေသခံလွယ်လူမျိုးပန်းတကာမှ စည်တော်ကို ၇ချက်တီးခတ်ကာ စည် တော်တင်ပွဲကို အကျဥ်းမျှပြုလုပ်ခဲ့သည်ဟု သိရသည်။ နှစ်စဥ်ပုံမှန် ကျင်းပပါက စည်တော်ကို ပွဲမပြီးမချင်း တီးခတ်ခြင်း၊ နမ့်ခင်ချောင်းသို့ သိကြားမင်း ပင့်ဆောင်ရာတွင်လည်း ကျိုင်းတုံမြို့လုံးကျွတ် ပါဝင်ပူဇော်ကြခြင်း၊ သိကြားမင်းရုပ်တုနှင့် ဖားရုပ်ထုတို့ကို

မဲခေါင်၊ ဧပြီ ၁၄

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ နှစ်စဥ်ပြုမြဲ သင်္ကြန်ကာလ နန္ဒဘေရီစည်တော်တင်ပွဲနှင့် သိကြားမင်းပူဇော်ပွဲအား ငလျင်ဒဏ်သင့် ပြည်သူများကို စာနာသည့်အနေဖြင့် ကြေညာထားသည့်အတိုင်း အကျဥ်းရုံးသာ ပြုလုပ်ခဲ့သည်ဟု ယင်းနန္ဒဘေရီ စည်တော်ကျင်းပရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ၁၃ရက်တွင် မင်္ဂလာအချိန်ဖြစ်သည့် နံနက်၇နာရီတွင် စည်တော်ကိန်းဝပ်ရာ အမှတ်၃ရပ်ကွက်ရှိ ကျိုင်းစံဘုန်းကြီးကျောင်းမှ ဖားရုပ်စံရာ တာလောကုပ်သို့ ယူဆောင်ခဲ့ပြီး ယင်းနေရာမှတဆင့် ကျောက်လုံကန်နတ်စင်သို့ ယူဆောင်ထားရှိကာ ကျိုင်းတုံမူလဒေသခံလွယ်လူမျိုးပန်းတကာမှ စည်တော်ကို ၇ချက်တီးခတ်ကာ စည် တော်တင်ပွဲကို အကျဥ်းမျှပြုလုပ်ခဲ့သည်ဟု သိရသည်။

နှစ်စဥ်ပုံမှန် ကျင်းပပါက စည်တော်ကို ပွဲမပြီးမချင်း တီးခတ်ခြင်း၊ နမ့်ခင်ချောင်းသို့ သိကြားမင်း ပင့်ဆောင်ရာတွင်လည်း ကျိုင်းတုံမြို့လုံးကျွတ် ပါဝင်ပူဇော်ကြခြင်း၊ သိကြားမင်းရုပ်တုနှင့် ဖားရုပ်ထုတို့ကို ရေမျှောရာတွင်လည်း ပျော်ရွှင်စွာ ရေပက်ကစားကြခြင်း၊ စည်တော်စံရာကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်ရာတွင်လည်း မြို့တွင်းစည်ကားသိုက်မြိုက်စွာ လှည့်လည်ခြင်းများ ပြုလုပ်ပြီး သင်္ကြန်အကြို၊ အကျနေ့၂ ရက်တွင် ကျိုင်းတုံမြို့သင်္ကြန်ကို အထူးစည်ကားစေကြောင်းသိရသည်။

နန္ဒဘေရီစည်တော်တင်ပွဲသမိုင်းမှာ အေဒီ ၁၄၁၀ တွင် ကျိုင်းတုံပြည့်ရှင် ၉ဆက်မြောက် မင်းကြီး’ကျောက်မထု’က ဒေသတွင်း မိုးခေါင်ရေရှား သဘာဝဘေးဒဏ် ၃နှစ်ဆက်တိုက်ခံရမှုမှ ကင်းလွတ်ရန် သိကြားမင်းကိုပူဇော်ဖို့ ဆုတောင်းပြည့် နန္ဒဘေရီစည်တော်ကို တီးခတ်ရန်နှင့် မိုးခေါ်ဖားရုပ်ကိုထုလုပ်စေခဲ့ပြီး  ကျင်းပပြုလုပ်ခဲ့ကြောင်း စည်တော်ကျင်းပရေးအဖွဲ့ဝင်တစ်ဦးက မဲခေါင်ကိုရှင်းပြသည်။

“နှစ်စဥ် သင်္ကြန်စာပါ သိကြားမင်းရုပ်တုကို တစ်လလောက်ကြိုတင်ပြီးလုပ်ရတာ၊ ဖားရုပ်ဆိုလည်း ဘိလပ်မြေနဲ့ဖားရုပ်မဟုတ်ဘူး။ ကျိုင်းတုံနဲ့နေ့နမ် တူတဲ့ ကျိုင်းတန်းရွာသားတွေက နမ့်ခင်ချောင်းက ရွှံ့နဲ့၄ ပေလောက်ရှိတဲ့ ဖားရုပ်ကိုထုရတာ။အမှန်တော့ ဖားစည်မဟုတ်ဘူး။ စည်တော်ကသပ်သပ်၊ ဖားရုပ်ကသပ်သပ်ကို တွဲခေါ်ရင်း ဖားစည်လို့မှားခေါ်လာကြတာ။ ဒီနှစ်တော့ တစ်မြို့လုံးမပါပဲ သိကြားမင်းနဲ့ ဖားရုပ်ကို နမ့်ခင်ချောင်းထဲ တိတ်တဆိတ်ရေမျှောပြီး ကျိုင်းတုံမြို့ကြီးနဲ့ ကမ္ဘာကြီး အညံ့အဆိုးတွေ ပျောက်စေဖို့ ဆုတောင်းကြပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ယခုနှစ်သည် နန္ဒဘေရီစည်တော်၏ ၆၁၄ ကြိမ်မြောက် ပွဲတော်ဖြစ်ပြီး မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြီးကြောင့် သေဆုံးဒဏ် ရာရသူများအပြင် ယခုချိန်ထိ ငလျင်ဘေးဒဏ် ခံနေရသည့် ပြည်သူများသို့ ကျိုင်းတုံမြို့၏ ကိုယ်ချင်းစာတရားကို ပြသသည့်အနေဖြင့် အကျဥ်းရုံးသာ ကျင်းပခဲ့ကြခြင်းဖြစ်သည်။

#MeKongNews
#ကျိုင်းတုံ
#နန္ဒဘေရီစည်တော်တင်ပွဲ
#ရှမ်းအရှေ့
#စစ်ကိုင်းငလျင်
#သိကြားမင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now