မဲခေါင်၊ ဧပြီ ၄
ဖြူးမြို့နယ်နှင့် ရွှေဘိုမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများအား အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် တော်လှန်ရေးတပ်ဖွဲ့များက ကူညီခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဧပြီ ၄ရက်တွင် ထုတ်ပြန်သည်။
ငလျင်ဒဏ်သင့် ပြည်သူများအတွက် စေတနာရှင်ပြည်သူများမှ လှူဒါန်းလာသည့် ကုန်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF၊ ရွှေဘိုခရိုင် တပ်ရင်း (၁၇) က ကူညီပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်လည်း ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားသည့် နေအိမ် ၄၅လုံးအတွက် တစ်လုံးလျှင် ကျပ် ၅သောင်းနှုန်းဖြင့် လှူဒါန်းခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အာဠာဝကစစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပဲခူးတိုင်း)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဖြူးမြို့နယ်) ရဲဘော်များက သွားရောက်လှူဒါန်းခဲ့ပြီး ခွန်အားဖြည့် စကားများ ပြောကြားခဲ့ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
#MeKongNews
#စစ်ကိုင်းငလျင်
#NUG
#PDF
#ငလျင်ဒဏ်သင့်
#ရွှေဘို








