နေ့စဥ်သတင်း

တောင်ကြီးနှင့် ရပ်စောက်တွင် လိုင်စင်မဲ့ကားများ စီမံချက်ဖြင့် ဖမ်းဆီးရန်ညွှန်ကြား

မဲခေါင် 20 Mar - 2025
မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်၊ တောင်ကြီးခရိုင်နှင့်ရပ်စောက်မြို့များအတွင်း လိုင်စင်မဲ့ယာဥ်များအား အဖွဲ့စုံဖြင့် ဖမ်းဆီးပြီး ဥပဒေအရထိရောက်ပြစ်ဒဏ်ပေးရေး လျှို့ဝှက်ညွှန်ကြားချက်စာတစ်စောင်ကို စစ်ကောင်စီ၏ တောင်ကြီးခရိုင် ထွေအုပ်မှူး ဝင်းကိုကိုက မတ်လ၁၀ရက်က ထုတ်ပြန်ထားကြောင်း TGI Support Revolution ထံမှ သိရသည်။ ယင်းစာတွင် ဌာနပေါင်းစုံက အဖွဲ့ ၁၀ဖွဲ့ဖြင့် ပုံမှန်မဟုတ်ဘဲ နေရာစုံစစ်ဆေးဖမ်းဆီးမည့်အပြင် လိုင်စင်မဲ့ကား အရောင်းအဝယ်လုပ်သူများ၏ နေအိမ်၊ ဝပ်ရှော့နှင့် ကားရေဆေးခုံများကိုပါ ရပ်ကျေးများဖြင့် ရှာဖွေဖမ်းဆီးရန်ပါရှိပြီး တပါတည်း အမှုဖွင့်အရေးယူရန် အဖွဲ့ကိုပါ ဖွဲ့စည်းလုပ်ဆောင်မည် ဖြစ်ကြောင်း ညွှန်ကြားထားသည်။ “ဒီစာဟာ ရှမ်းပြည်နယ်အစိုးရ လက်အောက်ခံ အဖွဲ့အစည်းတွေကို ဒီလ ၁၀ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ထားတာ ဆိုပေမယ့်

မဲခေါင်၊ မတ် ၂၀

ရှမ်းပြည်၊ တောင်ကြီးခရိုင်နှင့်ရပ်စောက်မြို့များအတွင်း လိုင်စင်မဲ့ယာဥ်များအား အဖွဲ့စုံဖြင့် ဖမ်းဆီးပြီး ဥပဒေအရထိရောက်ပြစ်ဒဏ်ပေးရေး လျှို့ဝှက်ညွှန်ကြားချက်စာတစ်စောင်ကို စစ်ကောင်စီ၏ တောင်ကြီးခရိုင် ထွေအုပ်မှူး ဝင်းကိုကိုက မတ်လ၁၀ရက်က ထုတ်ပြန်ထားကြောင်း TGI Support Revolution ထံမှ သိရသည်။

ယင်းစာတွင် ဌာနပေါင်းစုံက အဖွဲ့ ၁၀ဖွဲ့ဖြင့် ပုံမှန်မဟုတ်ဘဲ နေရာစုံစစ်ဆေးဖမ်းဆီးမည့်အပြင် လိုင်စင်မဲ့ကား အရောင်းအဝယ်လုပ်သူများ၏ နေအိမ်၊ ဝပ်ရှော့နှင့် ကားရေဆေးခုံများကိုပါ ရပ်ကျေးများဖြင့် ရှာဖွေဖမ်းဆီးရန်ပါရှိပြီး တပါတည်း အမှုဖွင့်အရေးယူရန် အဖွဲ့ကိုပါ ဖွဲ့စည်းလုပ်ဆောင်မည် ဖြစ်ကြောင်း ညွှန်ကြားထားသည်။

“ဒီစာဟာ ရှမ်းပြည်နယ်အစိုးရ လက်အောက်ခံ အဖွဲ့အစည်းတွေကို ဒီလ ၁၀ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ထားတာ ဆိုပေမယ့် ဒီလကုန်တဲ့အထိ သို့မဟုတ် နောက်လ သကြႅန်ထိ အကြုံးဝင်နေအုံးမယ်လို့ ဖရဲသီးသတင်းပေးတွေကနေတဆင့် ပြန်သိရပါတယ်။ လောလောဆယ် စာမေးပွဲကာလဖြစ်တာကြောင့် အခြေခံ ကျောင်းတိုင်းမှာ ဒီကောင်တွေ လိုက်စောင့်ပေးနေရလို့သာ နားထားရတာဖြစ်ပြီး စာမေးပွဲပြီးသွားလို့ ဒီကောင်တွေ ကျောင်းတွေမှာ တာဝန်မကျတော့တဲ့နောက်ပိုင်း မြို့ဝင်မြို့ထွက်နေရာတွေ အဓိက အချက်ချာကျတဲ့နေရာတွေမှာ မိုင်ကုန်စစ်မယ်ဆွဲမယ်လို့ သိရပါတယ်” ဟု TGI Support Revolution က ဆိုသည်။

RLG သာသနာ့နံပတ်တပ်ကားများကိုပါ စစ်ဆေးသွားမည်ဖြစ်ပြီး အဓိက အကြောင်းပြချက်မှာ PDF များ၊ သစ်မှောင်ခိုများ၊ တရားမဝင်သတ္တုတူးဖော်သူများ၊ လက်နက်ခဲယမ်းနှင့်မူးယစ်ဆေးဝါးသယ်ဆောင်သူများ၊ လိုင်စင်မဲ့လူမှုရေးကားများ၊ ဥပဒေနှင့်မလွတ်ကင်းသည့် လုပ်ရပ်ကျုးလွန်သူများ၊ လုယက်သူ ဒုစရိုက်သမားများ၊ ကားလိုင်စင်နှင့်နံပတ်အတု အသုံးပြုနေခြင်းများကြောင့် ဖြစ်ကြောင်း ယင်းညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ယခုကာလမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုနေချိန်ဖြစ်သဖြင့် လိုင်စင်မဲ့ကားဖမ်းဆီးမှုများမတွေ့ရသေးသော်လည်း စာမေးပွဲအလွန်ကာလတွင် အထူးသတိထားရန်လိုကြောင်း တောင်ကြီးမှ ကားဝယ်ရောင်းတစ်ဦးက မဲခေါင်ကို ပြောသည်။

“အခုတော့ စာမေးပွဲကာလဖြစ်လို့ စတာမတွေ့သေးဘူး။ လူပါဖမ်းမယ်ဆိုတော့ ခုချိန်မှာ W(လိုင်စင်မဲ့ကား) တွေ မသုံးဘဲ နားထားကြဖို့လိုမယ်။ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေထဲတောင် ရှာမယ်ဆိုတော့၊ PNO ကလည်း သူ့ဒေသထဲဖမ်းမယ်ပြောထားတော့ အထူးကို သတိထားဖို့လိုမယ်” ၎င်းက ပြောသည်။

ပြည်သူများထံက လိုင်စင်မဲ့ကားများ ဖမ်းမည်ဟုဆိုသော်လည်း စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲနှင့်ဌာနဆိုင်ရာများကိုမူ ဌာနတံဆိပ်အမည်ကို A4 စာရွက်ဖြင့် ကားရှေ့တွင်ကပ်ထားပါက ကင်းလွတ်ခွင့်ရကြောင်း ပြည်နယ်ထွေအုပ်ရုံးမှ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မိတ္တူပွားပြီး ကားဒက်ရှ်ဘုတ်ပေါ်တင်ထားပေါ့။ ကြားတာတော့ ဦးစီးအရာရှိအထိ သိမ်းလို့ရတဲ့အထဲကအမြင့်ကားတွေလိုင်စင်နဲ့ ပြန်ထုတ်ပေးမယ်ကြားတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် တောင်ကြီးခရိုင်အတွင်း လိုင်စင်မဲ့ကားစီးရေ ၅၀၀ ကျော် ဖမ်းဆီးရမိထားပြီး ယင်းအထဲမှ အမြင့်ကားများကို ဌာနဆိုင်ရာများသို့ ထုတ်ပေးရန် စီစဥ်နေခြင်းဖြစ်သည်။

မှတ်ချက် – ပုံဟောင်း
မဟာ
#MeKongNews
#တောင်ကြီး
#ရပ်စောက်
#လိုင်စင်မဲ့ကား
#ဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now