မဲခေါင်၊ မတ် ၁၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန် ဗဟိုတရားရုံးမှ ပိတ်ပင်ထားသည့်ကြားမှ ဗင်နီဇွဲလားဂိုဏ်းအဖွဲ့ဝင် ၂၀၀ ကျော်ကို လေယာဉ်ဖြင့် ပြန်ပို့လိုက်ပြီဖြစ်ခြင်းကြောင့် အမေရိကန် တရားစီးရင်မှုနှင့် နိုင်ငံအပြန်အလှန်ထိန်းကျောင်းမှုစနစ်ကြီးအတွက် ကြီးမားသော စိန်ခေါ်မှုများ ရင်ဆိုင်နေရပြီဖြစ်သည်။
တရားရုံးချုပ် တရားသူကြီး ဂျိမ်းစ်ဘိုအာစ်ဘာ့ဂ်က စစ်တွင်းကာလ သမ္မတဩဇာတည် Alien Enemies Act အသုံးပြုပြီး ဗင်နီဇွဲလား ဂိုဏ်းအဖွဲ့ Tren de Aragua မှ ဖမ်းဆီးထားသော ၂၃၈ ယောက်ကို ဒေါ်နယ်ထရမ့် မိခင်နိုင်ငံပြန်မပို့ရန် မတ် ၁၆ ရက်တွင် တားမြစ်လိုက်သော်လည်း ထို ဂိုဏ်း သားများသည် Global Crossing လေကြောင်းလိုင်းနှင့် အယ်လ်ဆာဗေးဒိုးနိုင်ငံသို့ ရောက်ရှိသွားပြီ ဖြစ်ရာ အမေရိကန်တရားရေးစနစ်ကို ဖီဆန်သော ရန်လိုသည့်လုပ်ရပ်ဟု နိုင်ငံရေးသုတေသီများက ဝေဖန်ခဲ့ကြသည်။
ဗဟိုတရားရုံး၏ ပိတ်ပင်တားမြစ်မှုနှင့် အယ်လ်ဆာဗေးဒိုးရောက် ဂိုဏ်းအဖွဲ့ဝင်များကို အမေရိကန် ပြန်ပို့ရန် ထုတ်ပြန်မှုအား ဒေါ်နယ်ထရမ့်၏ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူလီယာဗစ်က သမ္မတ၏ အမိန့်အာဏာအား တရားသူကြီးမှ ဆုံးဖြတ်ပြင်ဆင်ခွင့်မရှိကြောင်း၊ မိမိနိုင်ငံအတွင်း ပြန်ပေးဆွဲ၊ ငွေညှစ်၊ လူသတ်သည့် အလုပ်များလာရောက်လုပ်ဆောင်နေသည့် ပြည်ပသားဂိုဏ်းစတားများကို လေယာဉ်ဖြင့်ပြန်ပို့ခြင်းတွင် နိုင်ငံတကာရေပိုင်နက်ကိုလည်း ကျော်လွန်သွားပြီဖြစ်သောကြောင့် တရားရုံးအမိန့်အာဏာလုပ်ပိုင်ခွင့်နှင့် အကျုုံးမဝင်တော့ဟု ဆိုသည်။
အကူအညီပေးကာ အယ်လ်ဆာဗေးဒိုးရှိအကျဉ်းသား ၄၀၀၀၀ ထားရှိရာ အကြမ်းဖက်သမားများထောင် (Terrorism Confinement Centre) တွင်း တစ်နှစ်ဆက်လက်ထားဦးမည့်အရေး ကူညီပေးသည့် အယ်လ်ဆာဗေးဒိုး သမ္မတ ဘူကီလီအပေါ် ကျေးဇူးတင်ကြောင်းပါ ထုတ်ပြန်သွားခဲ့သည်။
ဒေါ်နယ်ထရမ့်၏ တရားရုံးချုပ် အမိန့်အာဏာအား ဖောက်ဖျက်ခြင်းအတွက် အမေရိကန်နိုင်ငံသား လွတ်လပ်ရေးညွှန်ပေါင်းအသင်း (ACLU) မှ ရှေ့နေ လီဂီလန့်က ရွှေ့ပြောင်းနေထိုင်သူများကို ဖယ်ရှား ခြင်းမပြုရ၊ ပြန်မပို့ရဆိုသော နိုင်ငံတည်ဆဲဥပဒေအား ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်သွားခဲ့သည်။
Ref: indiatoday
ကိုကလင်း
#MeKongNews
#ထရမ့်
#ဗဟိုတရားရုံး
#ဗင်နီဇွဲလား
#ဂိုဏ်းဝင်
#ပြန်ပို့








