ဆောင်းပါး

ဗုဒ္ဓဘာသာ အရေခြုံပြီး တိဗက်ဗုဒ္ဓဘာသာအပေါ် စနစ်တကျ ဖျက်သိမ်းနေသော တရုတ်

မဲခေါင် 26 Feb - 2025
~ လင်းမောင် ~ တရုတ်အစိုးရဟာ ခုထိ သူတို့သည်သာ ဗုဒ္ဓဘာသာအပေါ် အဓိက ထိန်းသိမ်းစောင့်ရှောက်ထားနိုင်သူများအဖြစ် ကိုယ့်ဂုဏ်ကိုယ်ဖော်နေသော်လည်း တဖက်မှာ သမိုင်းအစဉ်အလာ ထုထည်ကြီးမားခဲ့သော တိဗက်ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ ဖျက်ဆီးနေခဲ့သည်။ အကွက်ချ တွက်ချက်ထားသော အဆိုပါ မဟာဗျူဟာသည် သံတမန်ရေးရာဆက်ဆံမှုနယ်ပယ်၌ ဗုဒ္ဓဘာသာကို အသုံးချခြင်းဖြင့် အသာစီးရယူနေခြင်း ဖြစ်ကာ တစ်ဖက်တွင် တိဗက်ရှိ ဗုဒ္ဓဘာသာ အမွေအနှစ်နှင့်ယဉ်ကျေးမှုများကို ရိုင်းစိုင်းသောချဉ်းကပ်မှုများ ပြုလုပ်နေခြင်းဖြင့် နိုင်ငံတကာမျက်နှာစာတွင် မင်းသားခေါင်းဆောင်းပြပြီး မိမိထိန်းချုပ်နယ်နိမိတ်အတွင်း ဗုဒ္ဓဘာသာဝင်များအပေါ် အပြင်းမထိန်နှိမ့်ကွပ်ခြင်းဖြင့် ဘီလူးခေါင်းဆောင်ထားသည့် ကွဲလွဲမှုများကို ဖြစ်ပေါ် နေစေသည်။ Larung Gar Buddhist Academy တွင် နောက်ဆုံးဖြိုခွင်းမှုမှာ ဤကွဲလွဲမှုကို သာဓကပြသည်။ အဆိုပါ

~ လင်းမောင် ~

တရုတ်အစိုးရဟာ ခုထိ သူတို့သည်သာ ဗုဒ္ဓဘာသာအပေါ် အဓိက ထိန်းသိမ်းစောင့်ရှောက်ထားနိုင်သူများအဖြစ် ကိုယ့်ဂုဏ်ကိုယ်ဖော်နေသော်လည်း တဖက်မှာ သမိုင်းအစဉ်အလာ ထုထည်ကြီးမားခဲ့သော တိဗက်ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ ဖျက်ဆီးနေခဲ့သည်။ အကွက်ချ တွက်ချက်ထားသော အဆိုပါ မဟာဗျူဟာသည် သံတမန်ရေးရာဆက်ဆံမှုနယ်ပယ်၌ ဗုဒ္ဓဘာသာကို အသုံးချခြင်းဖြင့် အသာစီးရယူနေခြင်း ဖြစ်ကာ တစ်ဖက်တွင် တိဗက်ရှိ ဗုဒ္ဓဘာသာ အမွေအနှစ်နှင့်ယဉ်ကျေးမှုများကို ရိုင်းစိုင်းသောချဉ်းကပ်မှုများ ပြုလုပ်နေခြင်းဖြင့် နိုင်ငံတကာမျက်နှာစာတွင် မင်းသားခေါင်းဆောင်းပြပြီး မိမိထိန်းချုပ်နယ်နိမိတ်အတွင်း ဗုဒ္ဓဘာသာဝင်များအပေါ် အပြင်းမထိန်နှိမ့်ကွပ်ခြင်းဖြင့် ဘီလူးခေါင်းဆောင်ထားသည့် ကွဲလွဲမှုများကို ဖြစ်ပေါ် နေစေသည်။ Larung Gar Buddhist Academy တွင် နောက်ဆုံးဖြိုခွင်းမှုမှာ ဤကွဲလွဲမှုကို သာဓကပြသည်။ အဆိုပါ ဗုဒ္ဓဘာသာပို့ချသင်ကြားရေးကျောင်းမှ ဘုန်းကြီးနှင့် သီလရှင် ၁၀၀၀ ကျော်ကို နှင်ထုတ်ပစ်ခဲ့သည်။ မသင့်လျှော်သော နေထိုင်ခွင့်စာရွက်စာတမ်းများကို ကိုးကားပြီး စာသင်တိုက်မှ ဦးရေလျှော့ချခြင်းအကြောင်း ပြချက်ဖြင့် စာသင်သား သံဃာနှင့်သီလရှင်များစွာကို ရိုင်းစိုင်းစွာ မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာ စာသင်သား ၄၀၀၀၀ ကျော်ရှိသည့် အဆိုပါ ထင်ရှားလွန်းသော စာသင်တိုက်ကြီးကို ပစ်မှတ်ထားပြီး အကြိမ် ကြိမ် ထပ်ကာထပ်ကာ ဖြိုခွင့်နေခြင်းလည်းဖြစ်သည်။

ဖြိုခွင်းရာတွင် တရုတ် လုံခြုံရေးအရာရှိနှင့် ရဲအင်အား ၄၀၀ ကျော်စေလွှတ်ပြီး စောင့်ကြည့် ရဟတ်ယာဉ်များပါ အသုံးပြုကာ အုံကြွမှုဖြစ်လာလျှင် အပြင်းထန်ဆုံး အရက်စက်ဆုံးနှိမ့်ကွပ်စေရန် စောင့်ကြည့်မှုများလည်း တစ်ပြိုင်နက် လုပ်ဆောင်ခဲ့သည်။ တရုတ်အာဏာပိုင် များသည် တိဗက်ဗုဒ္ဓဘာသာ အဖွဲ့အစည်းများ အင်းအားယုတ်လျော့လာစေရေး အများဆုံး ၁၅ နှစ်သာ ဘုန်းကြီးများ ကျောင်းများတွင် သီတင်းသုံးခွင့်ရှိမည်ဟု မူဝါဒများချမှတ်ပြီး ၂၀၂၅ ခုနှစ်တွင် အဆိုပါ ဖိနှိပ်ဖြိုခွဲမှု စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့သည်။

သမိုင်းအစဉ်အလာအကြီးမားဆုံးသော တိဗက်ဗုဒ္ဓဘာသာ အဆောက်အအုံ အဝန်းအဝိုင်းကြီးကို တရုတ်အစိုးရ ဖျက်လိုဖျက်ဆီးလုပ်ဆောင်နေသည်ဆိုသော စွပ်စွဲချက်များတွင် ပန်ချန်လားမား ( Panchen Lama ) အဖြစ် အပျက်က သက်သေထင်ရှားစွာပြသနေခဲ့ပြီးဖြစ်သည်။ ၁၉၉၅ ခုနှစ်က လားမားအရာဆက်ခံမည့် ၆ နှစ်အရွယ် ကိုယ်ရင်လေး ပန်ချန်လားမား ခေါ် Gedhun Choekyi Nyima ကို ခိုးယူခေါ်ဆောင်သွားခြင်းထက် ပိုထင်ရှား သော သက်သေမရှိတော့ပေ။ တရုတ်အစိုးရသည် တိဘက်ဗုဒ္ဓဘာသာ အရိုက်အရာဆက်ခံသူအဖြစ် မိမိတို့ ကြိုးဆွဲရုပ် Gyaltsen Norbu ကို တင်မြှောက်ခဲ့ပြီး တကယ့် အရိုက်အရာဆက်ခံရမည့် ဘာသာရေးခေါင်းဆောင် သည် ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံး နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးခံထားရသည်

။ နိုင်ငံတကာ ဗုဒ္ဓဘာသာ ညီလာခံများတွင် တရုတ်က ၎င်းတို့အစားထိုးထားသည့် တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင်လေးကို ပွဲထုတ်ကာ အရိုအသေအလေးအမြတ်ပြုခံခိုင်းသည်။ မကြာသေးခင်က နီပေါတွင် ကျင်းပခဲ့သော ဗုဒ္ဓဘာသာ ညီလာခံတွင်လည်း ထိုသို့ ပြုလုပ်ခဲ့သည်။ ပေကျင်းအစိုးရက တိဗက်ဗုဒ္ဓဘာသာ တစ်ရပ်လုံးကို ထိန်းချုပ်သွား နိုင်ရန် ဘာသာရေးဆိုင်ရာ အခွင့်အာဏာများကို ပြောင်ပြောင်တင်းတင်း ခြယ်လှယ်နေခြင်းက ဖြစ်စဉ်များကို ကြည့်လျှင် အတိုင်းသား မြင်တွေ့နေရသည်။ စစ်မှန်သော ပါရမီထူးရှိသူ တိဗက်ဘာသာရေးခေါင်းဆောင်းလေး ပန်ချန်လားမားကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသနည်း၊ ဘာသာရေးကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လူ့အ ခွင့်အရေးချိုးဖောက်မှုကြီးအဖြစ် တိဗက်ခေါင်းဆောင် လားမားလေးကို ဖမ်းဆီးထားမှု ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဖိအားပေးပြီး မေးခွန်းထုတ်တောင်းဆိုနေကြသော်လည်း တရုတ်အစိုးရက မျက်နှာပြောင်တိုက် ကာ မသိကျွိုးကျွံနေနေခဲ့သည်။

တိဗက် ဝိသေသ လက္ခဏာများကို ချေမှုန်းနေခြင်းသည် ဘာသာရေးတွင်သာမက ပညာရေးကဏ္ဍတွင်ပါ နက်ရှိုင်းစွာကျယ်ပြန့်လာခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လက Jigme Gyaltsen Nationalities အသက်မွေး ဝမ်းကြောင်းအတတ်ပညာ ကျောင်းကြီးကို ပိတ်ပစ်ခဲ့သည်။ တိဗက်ယဉ်ကျေးမူအဖွဲ့အစည်းများကို အမြစ်ဖြတ် ချေမှုန်းရန် နောက်တိုး တွက်ချက်ထားသော လှုပ်ရှားမှုတစ်ခုအဖြစ် ကိုယ်စားပြုနိုင်သည့် တရုတ်၏ ယုတ်မာမှု ဖြစ်သည်။ အဆိုပါ ကျောင်းသည် ဆယ်စုနှစ် ၃ စုကျော် ဂုဏ်ဝင့်ထည်စွာ ရပ်တည်ခဲ့ပြီး တိဗက်ရိုးရာ ယဉ်ကျေးမှု များနှင့် ခေတ်သစ်မော်ဒန်ပညာရေးစနစ်ကို ပေါင်းစပ်သင်ကြားပေးခဲ့ရာမှ တက္ကသိုလ်သို့ ပေါင်းကူးပြီး ဘွဲ့ရသွား သူပေါင်း ၂၂၅၉ ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ကာ ၎င်းတို့သည် အောင်မြင်သော ဘ၀လမ်းကြောင်းများပေါ် လျှောက်လှမ်းရင်း အမိနိုင်ငံအတွက် ပြန်လည်ပေးဆပ်နိုင်ခဲ့ကြသည်။ ထိုသို့ အစဉ်အလာ၊ ဂုဏ်သိက္ခာကြီးမား သည့် တိဗက်ကျောင်းတော်ကြီးနှင့် တခြားသော သီးသန့်စာသင်ကျောင်းများကို ပိတ်ပင်နေခဲ့ခြင်းသည် တရုတ် အစိုးရ၏ ပညာရေးမူဝါဒများမှတစ်ဆင့် သူတစ်ပါး ယဉ်ကျေးမှုဖျောက်ဖျက်ရေး မဟာဗျူဟာ တစ်ရပ်ကို ထင်ရှားစွာ မြင်တွေ့ရခြင်းလည်းဖြစ်သည်။ ကျောင်တည်ထောင်ထားသူ Ragya Jigme Gyaltsen အပေါ် အတင်း အကျပ်ကျောင်းပိတ်ရန် အနိုင်ကျင့်ဖိအားပေးခဲ့သည်များအား ဖုံးကွယ်ထားပြီး အစိုးရစံနှုန်းများနှင့် မညီသောကြောင့် ကျောင်းပိတ်သိမ်းရခြင်းဖြစ်သည့်အသွင် ဆောင်စေခဲ့သည်။

သမ္မတ ရှီးကျင်းဖျင်လက်အောက် ကျေးလက်ပြန်လည်ရှင်သန်ရေး မူဝါဒသည် ညင်သာပျော့‌ပျောင်းသော အစပြုမှုသဖွယ် မျက်နှာဖုံးစွပ်ထားသော်လည်း နောက်ကွယ်တွင် အစွယ်ဖွေးဖွေးနှင့်ပိုမိုးဆိုးရွားသည့် အစီ အစဉ်ဆိုးများက ကပ်တွဲလျက်ပင်ရှိနေသည်။ ယဉ်ကျေးမူအစဉ်အလာမြင့်မားလွန်းသည့် တိဗက် ရိုးရာ ယဉ် ကျေးမှုများကို ဖျောက်ဖျက်နိုင်ရေး တိဗက်ကျေးလက်ဒေသ စာသင်ကျောင်းများတွင် တရုတ် (မန်ဒရင်း) ဘာသာစကားများ ကျောင်းသုံးစာအုပ်များ၌ ပြဌာန်းသင်ကြားစေသည်။ မကြာခင် တိဗက်အစိုးရစာသင် ကျောင်းကြီးများတွင်ပါ တိဗက်ဘာသာများအစား တရုတ် စာများ အစားသွင်းကာ အတင်းအကြပ် ဖိအားပေး သင်ကြားနေစေခြင်းသည် ဘာသာစကားနှင့် ယဉ်ကျေးမှုသွေးနှောနိုင်ရေးအတွက် အစွမ်းထက်သည့် လက်နက် တစ်ခုသဖွယ် အသုံးချကျင့်ကြံတော့သည်။ လူနည်းစုတိုင်းရင်းသားများ နေထိုင်ရာ နယ်ပယ်အားလုံးတွင် တရုတ် မူလဘာသာစကားကိုသာ အသုံးပြုနိုင်ကြရေး အကောင်အထည်ဖော်နေသည့် အမျိုးသားရေရှည် ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လက်အောက်မှ မူဝါဒဖြင့် တိဗက်ဘာသာနှင့်ယဉ်ကျေးမှု ကို ဖျက်ဆီးနေခြင်းဖြစ်သည်။

တစ်ပြိုင်တည်းပင် တရုတ်သည် ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေး၌ ဗုဒ္ဓဘာသာကို သံတမန်လက်နက်အဖြစ် အသုံးချကာ ဗုဒ္ဓပုံရိပ်များကို ဟန်ဆောင်မြှင့်တင်ပြနေသည်။ ဥပမာ နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးဆိုင်ရာ တရုတ်ပြည်သူ့အသင်း (CPAFFC) ကဲ့သို့သော အသင်းဖြင့် ဗုဒ္ဓဘာသာကို မြှင့်တင်ပေး သည့် လုပ်ငန်းဆောင်တာများ နိုင်ငံတကာရှေ့တွင် ဟန်ဆောင်ချပြသည်။ ကိုယ့်မြေ (သိမ်းပိုက်ခံ တိဗက်) ပေါ်တွင် ဘုန်းတော်ကြီးကျောင်းများကို ဖျက်ဆီးနေချိန် တရုတ်အစိုးရသည် ဗုဒ္ဓဘာသာဖိုရမ်နှင့် ဘုန်းတော် ကြီးကျောင်းနှင့် ဘုရားကျောင်းများ ပြန်လည်မွမ်းမံရေးဆိုင်ရာ ပြည်ပရန်ပုံငွေရှာဖွေရေးပွဲများ နိုင်ငံတကာတွင် လုပ်ဆောင်ပြနေတော့သည်။ အဆိုပါတွက်ချက်နည်းသည် ၎င်း၏နယ်နိမိတ်အတွင်း ဘာသာရေးကျင့်ထုံးများအပေါ် သံလက်သီးစနစ်ဖြင့် ထိန်းချုပ်ထားစဉ် ကမ္ဘာလုံးဆိုင်ရာ အပျက်သဘောဆောင် ခံယူချက်များကို တန်ပြန်ရန် ရည်ရွယ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်၏ ဘာသာရေး အယောင်ပြ CPAFFC အဖွဲ့ကို ဒေသတွင်း ခေါင်းဆောင်များအပေါ် ဩဇာလွှမ်းမိုးနိုင်ရန် ကြိုးစားသည့်အဖွဲ့ ဖြစ်နေသည်ဟုဆိုကာ အမေရိကန်-တရုတ် အုပ်ချုပ်ရေးမှူးများဖိုရမ်မှ ဖယ်ထုတ်ခဲ့သည်။ ၂၀၂၄ မျိုးချစ်ပညာရေးဥပဒေသည် ဤကွဲလွဲချက်ကို ထပ်မံဖော်ထုတ်ပါသည်။ တရုတ်နိုင်ငံသည် ဗုဒ္ဓဘာသာ သံခင်းတမန်ခင်းကို နိုင်ငံတကာတွင် မြှင့်တင်ပြနေသော်လည်း တကယ်တမ်း ကွန်မြူနစ်ပါတီ အတွေးအခေါ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများကို အသုံးချနေခြင်းသာ ဖြစ်သည်။ ဗုဒ္ဓဘာသာ ဆိုင်ရာ ခေါင်းဆောင်များသည် နိုင်ငံရေးအယူဝါဒအတွက် အသုံးချခံ ရိကိယာများအဖြစ် မြင့်မြတ်သော နေရာများရပါက တရုတ်ကွန်မြူနစ်ပါတီအပေါ် သစ္စာစောင့်သိမှုကို မဖြစ်မနေ ခံယူခိုင်းထားခြင်းပင်ဖြစ်သည်။ မျိုးချစ်ပညာရေးဥပဒေအရ ဘာသာရေးအသုံးအနှုန်းများကို ထိန်းချုပ်ရန်နှင့် တရားအလေ့အကျင့်အားလုံး နိုင်ငံတော်၏အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ပေးကြောင်း သေချာစေရန် ကိုယ်စားပြုခိုင်းခြင်းမှာ သိသာ ထင်ရှားလွန်းခဲ့သည်။

တရုတ်သည် ထပ်ပြီး ဗုဒ္ဓဝါဒ၊ ဗုဒ္ဓဘာသာကို မိမိတို့ မူပိုင်ဖြစ်စေရန် ထပ်ကြိုးစားနေပြန်သည်။ ဘာသာရေး အမွေအနှစ်၊ ရိုးရာများကို တရုတ်သိသေသလက္ခဏာများနှင့်ပြီးပြည့်စုံသော ဘာသာအဖြစ် တွက်ချက်ချဉ်းကပ် ပြီး ဗုဒ္ဓဘာသာသည် မိမိတို့မူပိုင်ဖြစ်ကြောင်း သက်သေတည်နိုင်ရန် လိမ်လည်တည်ဆောက်နေပြန်သည်။ စစ်မှန် သောဗုဒ္ဓဘာသာစနစ်ကို နောက်ကျောပေးပြီး စနစ်တကျ ဖျက်ဆီးနေချိန် ရှီကျင်းဖျင်အစိုးရသည် ဗုဒ္ဓဘာသာကို soft power အဖြစ် အသုံးချနေသည်။ ဤချဉ်းကပ်မှုတွင် ရည်ရွယ်ချက်များရှိနေပြီး အနောက်တိုင်းလွှမ်းမိုးမှုကို တန်ပြန်ရန်၊ ပြည်တွင်းရုပ်ဝါဒကို အစားထိုးရန်နှင့် ဗုဒ္ဓဘာသာဝင်အများစုရှိသော နိုင်ငံများနှင့် သံတမန်လမ်းကြောင်းများ ဖန်တီးပေးခြင်းစသည့် ရည်ရွယ်ချက်များကသာ အဓိက ကျနေသည်။ အထူးသဖြင့် အဆိုပါ မဟာဗျူဟာသည် တရုတ်နိုင်ငံ၏ ခါးပတ်လမ်းစီမံကိန်း( Belt and Road Initiative) တွင် ထင်ရှားပြီး ဗုဒ္ဓဘာသာ သံခင်းတမန်ခင်းပြကာ မိမိတို့စီးပွားရေး ချဲ့ထွင်မှု၏ ပုံရိပ်ကို ပျော့ပျောင်းစေရန် အသုံးပြုခဲ့သည်။ တိဗက်ရှိ အစဉ်အလာမြင့်မားသော Larung Gar ဗုဒ္ဓဘာသာပြန့်ပွားရေးစာသင်တိုက်ကြီး ဖျက်ဆီးခံရမှုသည် အထူးဆိုးရွားသော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေသည်။ “တရုတ်ကွန်မြူနစ်ပါတီသည် မြေကြီးနှင့် ကောင်းကင်ဘုံကို ပိုင်ဆိုင်သည်” ဟု တရုတ်အစိုးရ အရာရှိများက ပြောင်ပြောင်တင်းတင်းကြေညာပြီး မြင့်မြတ် သောအဖွဲ့အစည်းကြီးကို ဖျက်သိမ်းရန် မိမိတို့တွင် အခွင့်အာဏာရှိကြောင်း ကြေညာခဲ့သည်။အလုံးစုံသော သံတမန်ရေးရာအရ သူတပါးပိုင် ယဉ်ကျေးမှုကို ဖျက်သိမ်းခြင်းဖြစ်နေသော်လည်း ချဉ်းကပ်ပုံတွင် သဘောထား ကြီးမားမှုကို ဟန်လုပ်ပြသခြင်းနှင့် ခြိမ်းခြောက်ခြင်းများပါ ယှဉ်တွဲဖော်ပြသော ကြေညာချက်မျိုးသာဖြစ်သည်။ လူနေအိမ်အဆောက်အအုံများကို ဖြိုဖျက်ခြင်းနှင့် ဘုန်းတော်ကြီးကျောင်းကိုဖြတ်၍ လမ်းဖောက်လုပ်မည့် အစီအစဉ်များသည် ရုပ်ပိုင်းဆိုင်ရာထိန်းချုပ်ထားခြင်းဖြစ်ကြောင်း ထင်ရှားစွာ သက်သေပြနေသည်။

တရုတ်၏ အကြံကြီးသော ချဲ့တွင်မှုသည် တိဗက်နိုင်ငံကိုပါ ကျော်လွန်ဂယက်ရိုက်စေသည့် မူဝါဒများ ပါရှိနေ သည်။ စစ်မှန်သော ဗုဒ္ဓဘာသာကို ဖျောက်ဖျက်ပြီး မိမိတို့ ပြန်လည် တီထွင်ကျင့်သုံးစေလိုသော ဗုဒ္ဓဘာသာ ဟန်ပြမူဝါဒများတွင် နိုင်ငံအနာဂတ်ခေါင်းဆောင်နေရာအတွက် ဘာသာရေးဟန်ပြ လွှမ်းမိုးထားရှိနိုင်ရန်သာ အဓိက ရည်ရွယ်ထားသည်။ အမှန်စင်စစ် တရုတ်အစိုးရသည် ဘာသာမဲ့အစိုးရဖြစ်နေသော်လည်း မိမိတို့သည် နောက်ဆက်ခံမည့် ဒလိုင်းလားမားကို ကိုယ်တိုင်ခန့်အပ်ပိုင်ခွင့်ရှိသည်ဟု ဩဇာပြကာ ဗုဒ္ဓဘာသာကျင့်စဉ် ကဏ္ဍ အားလုံးမှာပင် မိမိတို့ ထိန်းချုပ်မှုအောက်တွင် ရှိစေရမည်ဟု သံန္နိဌာန် ချထားသည်မှာ ထင်ရှားစွာ မြင်တွေ့နိုင် သည်။ ပြည်ပတိမ်းရှောင် တိဗက်ခေါင်းဆောင်များက ဘာသာမဲ့တရုတ်အစိုးရတွင် ဘာသာရေးဆိုင်ရာ အဆုံး အဖြတ်ကိစ္စများ ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့်မရှိဟုဆိုကာ ခိုင်မာပြတ်သားစွာ ငြင်းပယ်၊ ပယ်ချခဲ့ကြသည်။ တရုတ်နိုင်ငံသည် ဗုဒ္ဓဘာသာဖိုရမ်များနှင့် ယဉ်ကျေးမှုဖလှယ်မှုများမှတစ်ဆင့် သံတမန်ရေးအရ ဆွဲဆောင်မှုရှိသော ထိုးစစ်ကို ဆက်လက်လုပ်ဆောင်နေချိန်၌ မြေပြင် ပကတိ အနေအထားမှာ ပိုမိုဆိုးရွားလာသည်။ စာသင်ကျောင်းများ ပိတ်ခြင်း၊ သံဃာများနှင့် သီလရှင်များကို ဘုန်းတော်ကြီးကျောင်း များမှ မောင်းချခြင်း၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများကို ဖျက်သိမ်းခြင်း၊ တိဗက်၏ သမိုင်းအစဉ်အလာ ကြီးမားရာ ဘာသာစကားနှင့်ယဉ်ကျေးမှုများကို ဖိနှိပ်ဖျက်ဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။ မြေပြင်အနေအထားများက တရုတ်၏ ဗုဒ္ဓဘာသာအယူဝါဒအပေါ် တန်ပြန်ဆက်ဆံသည် စစ်မှန်သော သဘောထားပင်ဖြစ်သည်။ ထိန်းချုပ်ခြင်း၊ ဖိနှိပ်ခြင်းများမှသည် နိုင်ငံရေးအကျိုးအမြတ်ကိုသာ အာသာငမ်းငမ်း ရယူသည်။ နိုင်ငံတကာမျက်နှာစာတွင် ဗုဒ္ဓဘာသာကို သံခင်းတမန်ခင်းဒီပလိုမေစီအဖြစ် အသုံးချကာ နိုင်ငံရေး အမြတ်ထုတ်နေခဲ့သော်လည်း ပြည်တွင်း၌ ဗုဒ္ဓဘာသာကျင့်ထုံးများဖောက်ဖျက်ပြီး ဖိနှိပ်ချုပ်ခြယ်နေခြင်းများကို နှိုင်းယှဉ်ကြည့်လျှင် တရုတ်အစိုးရစိတ်ရင်း၌ ဗုဒ္ဓဘာသာအပေါ် နက်နက်ရှိုင်းရှိုင်း ကိုးကွယ်ယုံကြည်စိတ်မရှိသည် မှာ ထင်ရှားလွန်းလှပေတော့သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now