မဲခေါင်၊ ဖေဖော်ဝါရီ ၂
ထိုင်းနိုင်ငံ၊ ဘူရီရမ်ခရိုင်နှင့် ကရာဆန်းအရပ်က စျေးတစ်ခုမှာ ထိုင်းရိုးရာ ဆန်မုန့်ရောင်းချနေသော ၆၇ နှစ်အရွယ် ပမ်ဆိုသည့် စျေးသည် သည် ဘတ် ၁၈၀၀၀၀ ပါရှိသည့် ပိုက်ဆံအိပ်ကောက်ရပြီးနောက် စျေးရုံထံ သွားအပ်ပြီး ပိုင်ရှင် ပြန်လည်ရှာဖွေပေးအပ်စေလိုသည်ဟု ဇန်နဝါရီ ၂၈ ရက်တွင် အကူအညီတောင်းခံခဲ့သည်။
နောက်ရက်တွင်း အနီးအနားရပ်ရွာရန်ပုံငွေအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ၇၆ နှစ်အရွယ် ပိုက်ဆံအိပ်ပိုင်ရှင် မောင်ကမ်ပေါင်းဆိုသူ စျေးရုံးသို့ ရောက်ရှိလာခဲ့ပြီး ထိုငွေများမှာ ရပ်ရွာရန်ပုံငွေများဖြစ်သောကြောင့် ခေါင်းခဲခဲ့ရပြီး ယခုလို ပြန်လည်ရရှိနိုင်မှုအတွက် ဆန်မုန့်သည် ပမ်ကို ကျေးဇူးအထူးတင်ကာ ဘတ် ၅၀၀၀ ဆုငွေပေးခဲ့သည်။
သို့သော် စျေးသည်ကြီး ပမ်က ဘတ် ၅၀၀၀ ကို လုံး၀မယူဘဲ ရိုးသားစွာဖြင့် ဆန်မုန့်သာ အားပေးနိုင်ကြောင်း ပြောဆိုသဖြင့် ဘတ် ၅၀၀ ဖိုး ဆန်မုန့်များကို မောင်ကမ်ပေါင်းက ဝယ်ယူသွားခဲ့ရကာ စျေးသူစျေးသားအားလုံး လက်ခုပ်လက်ဝါးတီး အားပေးဂုဏ်ပြုခဲ့ကြကြောင်း ထိုင်း Khaosod မီဒီယာက ရုပ်သံနှင့်တကွ ဖော်ပြခဲ့သည်။
Ref:Khaosod
ကိုကလင်း
#MeKongNews
#ပိုက်ဆံအိတ်
#ထိုင်းဈေးသည်
#ကောက်ရ
#တစ်သိန်းရှစ်သောင်း








