ဒေသတွင်းသတင်း

တာချီလိတ်မှာ အခြားအလုပ်တွေနဲ့ နှိုင်းယှဉ်ရင် လက်ဘက်ရည်ဆိုင်လုပ်သားတွေ လစာနည်းပါးတာကြောင့် နေ့စဉ်ရပ်တည်ရေး အခက်အခဲရှိနေ

မဲခေါင် 14 Jan - 2025
တာချီလိတ်မှာ အခြားအလုပ်တွေနဲ့ နှိုင်းယှဉ်ရင် လက်ဘက်ရည်ဆိုင်လုပ်သားတွေ လစာနည်းပါးတာကြောင့် နေ့စဉ်ရပ်တည်ရေး အခက်အခဲရှိနေ

တာချီလိတ်မှာ အခြားအလုပ်တွေနဲ့ နှိုင်းယှဉ်ရင် လက်ဘက်ရည်ဆိုင်လုပ်သားတွေ လစာနည်းပါးတာကြောင့် နေ့စဉ်ရပ်တည်ရေး အခက်အခဲရှိနေ

မဲခေါင်၊ ဇန်နဝါရီ ၁၄

ရှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မှာ လက်ဘက်ရည်ဆိုင် စားပွဲထိုး အမျိုးသမီးတွေ ရရှိတဲ့လစာ နည်းပါးလွန်းတာကြောင့် နေ့စဉ်ဘဝရပ်တည်ရေးအကြပ်အတည်းတွေဖြစ်ပေါ်နေတယ်လို့ လုပ်သားတွေကပြောပါတယ်။

တာချီလိတ်မြို့ရဲ့ လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ရတဲ့ မိန်းကလေးတွေဟာ လုပ်ခလစာ ဘတ်၂၅၀၀၊ ၃၀၀၀ ရရှိကြတာဖြစ်ပြီး တစ်ရက်ကို ဘတ် ၁၀၀ လောက်နဲ့နေထိုင်ဖို့ မလွယ်ကူဘူးလို့ ပြောပါတယ်။

အဝတ်အထည်ဆိုင်တွေက နေစားငြိမ်း အနည်းဆုံးလစာ တစ်လ ဘတ်၄၀၀၀ ၊ ကလေးထိန်းက လစာ တစ်လ ဘတ် ၄၀၀၀ ရရှိကြတယ်လို့ပြောပါတယ်။

တာချီလိတ်မှာ စားဝတ်နေရေး အတွက် လူတစ်ဦး တစ်ရက်ကို အနည်းဆုံး ဘတ် ၂၀၀ ရရင်တောင် အခြေခံမျှသာ ဘဝရပ်တည်နိုင်တာမို့ လက်ဘက်ရည်ဆိုင်စားပွဲထိုးလုပ်သားတွေ တစ်လကိုလစာ ဘတ် ၂၅၀၀ နဲ့မလုံလောက်ဘူးလို့ လုပ်သားတွေကပြောပါတယ်။

“ အလုပ်က ပင်ပန်းပေမယ့် လုပ်နိုင်ပါတယ်၊ သမီးတို့ရွာထက်တော့ ဒီမှာက ရသမျှချွေတာစားပြီး ပိုတာလေး အိမ်ပြန်ပို့ဖို့ ကြိုးစားတာ၊ တစ်လ တစ်သိန်းပို့ဖို့တောင်ခက်ခဲတယ်”လို့ စားပွဲထိုးမိန်းကလေးတစ်ဦးက ပြောပါတယ်။

လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ အဲ့ဒိမိန်းကလေးက ရှစ်လအကြာမှာ မိဘတွေဆီကို ကျပ်သုံးသိန်းပဲပို့နိုင်သေးတယ်လို့ ပြောပါတယ်။

လုပ်သားတွေ နေ့စဉ်ထမင်းဟင်းချက်ရာမှာ ကုန်ကျငွေကိုအချိုးကျခွဲကာ စုပေါင်းချက်စားရာမှာ တစ်နပ် အနည်းဆုံး ဘတ်၅၀ ခန့်ကုန်ကျပြီး အိမ်လခ အနည်းဆုံးဘတ် ၂၀၀၀၊ ရေခ၊ မီးခ အခြားစရိတ်တွေနဲ့ မလုံလောက်ဘူးလို့ပြောပါတယ်။

“ ဒီကြားထဲ နေဆိုး(နေမကောင်း)ရင် ဆေးဘိုးတောင်မလွယ်ဘူး၊ လုပ်ခလေး ပိုလိုချင်မိတယ်”လို့ စစ်ကိုင်း ပေါက်မြို့က စစ်ရှောင်ရင်း စားပွဲထိုးလုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

တာချီလိတ်ကို နယ်စပ်မြို့ဆိုပြီး အလုပ်အကိုင် ရရှိဖို့လာရောက်သူတွေ အလုပ်အကိုင်ရဖို့ မလွယ်ကူသလို ရရင်လည်း မလောက်မငလစာပဲ ရကြလို့ တတ်နိုင်ရင် မလာကြဖို့ပြောချင်တယ်လို့ ဆိုပါတယ်။

လက်ဘက်ရည်ဆိုင်တွေအနေနဲ့ အလုပ်သမားတွေကို လစာတန်းတစ်ခုအတွင်း ဘတ်၄၀၀၀ အထိသာ ပေးနိုင် စွမ်းရှိပြီး အလုပ်သမားများရဲ့ စွမ်းဆောင်ရည်အရနဲ့ ဝန်ထမ်းအရေအတွက်ပေါ်မူတည်ပြီး လစာ ပေးရတာဖြစ်တယ်လို့ လက်ဘက်ရည်ဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောကြပါတယ်။

MK-012
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now