တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆက်ယိုကို ဇန်နဝါရီ ၆ ရက် နောက်ဆုံးထား ဖမ်းဆီးမယ်
မဲခေါင်၊ ဇန်နဝါရီ ၂
ဒီဇင်ဘာလအတွင်းက စစ်အာဏာသိမ်းတဲ့ အမိန့်ထုတ်ပြန်ခဲ့ပြီး မအောင်မြင်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုကို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ အစိုးရအကြီးအကဲတွေဟာ စစ်ဆေးခံဖို့ ၃ ကြိမ် ဆင့်ခေါ်မှုကို လာရောက်ခြင်းမရှိတာကြောင့် ဇန်နဝါရီ ၆ ရက်နေ့ နောက်ဆုံးသတ်မှတ်ပြီး ဝင်ရောက်ဖမ်းဆီးရလိမ့်မယ်လို့ ဇန်နဝါရီ ၁ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
သမ္မတအိမ်တော်ထဲမှာ သံဆူးကြိုးတွေ၊ အကာအရန်တွေထားပြီး သမ္မတသက်တော်စောင့်အဖွဲ့က ကာကွယ်ပေးထားသလို အိမ်တော်အပြင်မှာ ယွန်းဆက်ယိုကို ထောက်ခံသူရော၊ ဖမ်းဆီးအရေးယူဖို့ တောင်းဆိုသူတွေဟာ ယာယီတဲတွေထိုးပြီး ရက်အတော်ကြာ ဆန္ဒထုတ်ဖော် နေထိုင်နေကြပါတယ်။
ဒါကြောင့် အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးရုံးက အကြီးအကဲ အိုဒေါင်ဝန်က နောက်ဆုံးသတ်မှတ်ရက် (ဇန်နဝါရီ ၆ ရက်) နောက်ဆုံးထား ဖမ်းဆီးမှာဖြစ်ကာ ကြားက အမိန့်မနာခံဘဲ ကာကွယ်တားဆီးသူမှန်သမျှလည်း ဖမ်းဆီး အရေးယူသွားမှာဖြစ်ကြောင်း၊ ချောမွေ့စွာနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ကိုတော့ အထူးရဲတပ်ဖွဲ့ ထားရှိပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
Ref: hurriyetdailynews
MKF-001
#MeKongNews








