နေ့စဥ်သတင်း

မယ်လယု မဆုတ်တမ်းခံစစ်ကို စစ်ကောင်စီ တိတ်တဆိတ်စွန်ခွါပေမယ့်တစ်ဦးသေဆုံး

မဲခေါင် 30 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၃၀ ကရင်နီပြည်နဲ့ ထိုင်းနယ်စပ်၊ ရှားတောမြို့နယ်ထဲက မယ်လယုမဆုတ်တမ်းခံစစ်မှာ စခန်းထိုင်ထားတဲ့ စစ်ကောင်စီရဲ့အင်အား ၈၀ ခန့်ဟာ ဒီဇင်ဘာ ၂၈ ရက်မှာ စခန်းသိမ်းတိုက်ပွဲမဖြစ်ပဲ တိတ်တဆိတ်စခန်းစွန့်ခွါသွားပေမယ့် ကရင်နီပြည်တပ်မတော်(KA)ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် တစ်ဦးသေတယ်လို့ KA ရဲ့ စစ်ရေးချူပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ကပြောပါတယ်။ ဒီဇင်ဘာလ ၂၈ ရက် မနက်အစောပိုင်းက မယ်ယုစခန်းကို KA က သွားရောက်တိုက်ခိုက်စဉ် နာရီပိုင်းအတွင်းမှာ မယ်လယုမဆုတ်တမ်းခံစစ်စခန်းကနေ တပ်ဆုတ်သွားတာဖြစ်တယ်လို့ မဲခေါင်ကိုပြောပါတယ်။ သတင်းတချို့မှာတော့ တိတ်တဆိတ်ဆုတ်ခွါသွားတာလို့ ဗိုလ်မှူးကြီး ဘုန်းနိုင်ကပြောကြောင်းဖေါ်ပြထားပါတယ်။ “လက်နက်နဲ့ပစ်တုန်းပဲ သူတို့က ဆုတ်သွားတယ်လေ၊ လက်နက်ကြီးကျတော့ သူတို့ဘက်က တယောက်သေတယ်”လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က မဲခေါင်ကို ပြောပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၃၀

ကရင်နီပြည်နဲ့ ထိုင်းနယ်စပ်၊ ရှားတောမြို့နယ်ထဲက မယ်လယုမဆုတ်တမ်းခံစစ်မှာ စခန်းထိုင်ထားတဲ့ စစ်ကောင်စီရဲ့အင်အား ၈၀ ခန့်ဟာ ဒီဇင်ဘာ ၂၈ ရက်မှာ စခန်းသိမ်းတိုက်ပွဲမဖြစ်ပဲ တိတ်တဆိတ်စခန်းစွန့်ခွါသွားပေမယ့် ကရင်နီပြည်တပ်မတော်(KA)ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် တစ်ဦးသေတယ်လို့ KA ရဲ့ စစ်ရေးချူပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ကပြောပါတယ်။

ဒီဇင်ဘာလ ၂၈ ရက် မနက်အစောပိုင်းက မယ်ယုစခန်းကို KA က သွားရောက်တိုက်ခိုက်စဉ် နာရီပိုင်းအတွင်းမှာ မယ်လယုမဆုတ်တမ်းခံစစ်စခန်းကနေ တပ်ဆုတ်သွားတာဖြစ်တယ်လို့ မဲခေါင်ကိုပြောပါတယ်။ သတင်းတချို့မှာတော့ တိတ်တဆိတ်ဆုတ်ခွါသွားတာလို့ ဗိုလ်မှူးကြီး ဘုန်းနိုင်ကပြောကြောင်းဖေါ်ပြထားပါတယ်။

“လက်နက်နဲ့ပစ်တုန်းပဲ သူတို့က ဆုတ်သွားတယ်လေ၊ လက်နက်ကြီးကျတော့ သူတို့ဘက်က တယောက်သေတယ်”လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က မဲခေါင်ကို ပြောပါတယ်။

စားနပ်ရိက္ခာအခက်အခဲကြောင့် ခဏတာထိတွေ့တိုက်ပွဲအတွင်းမှာ စခန်းစွန့်ခွာသွားပြီး ကရင်နီပြည်နယ်ကို ဝင်ရောက်ဖို့အတွက် လမ်းကြောင်းမသင့်တာကြောင့် ရှမ်းပြည်နယ်ဘက်ကို ဦးတည်ပြီး ဆုတ်ခွာသွားတာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်ကပြောပါတယ်။

KA အနေနဲ့ စစ်ကောင်စီအဖွဲ့ကျန်ခဲ့တဲ့ ခဲယမ်းနဲ့ ကား၊ဆိုင်ကယ်တွေသိမ်းဆည်းယူဆောင်ပြီး လောလောဆယ်မှာ စခန်းကို ဝင်ရောက်နေရာယူခြင်းမျိုးမရှိပဲ ဒီအတိုင်းထားခဲ့တယ်လို့ပြောပါတယ်။

အဲ့ဒိ စခန်းကို နယ်မြေရှင်းလင်းရာမှာ ၆၀ မမ (၂၁၂)လုံး၊ MA 1 ကျည်အိမ် (၁၂) တောင့်၊ A 1 ကျည် (၅၄၇၀)တောင့်၊ နောင်တိုကျည်(၁၀၂၂၈)တောင့်၊ တိုဘီတို(၁၄)ချောင်း၊ RPG (၆၀ ) လုံး၊ လက်ပစ်ဗုံး (၁၁၉) လုံး နဲ့ ၈၁ မမ သီး(၃၃)လုံး မိုင်းတွေထဲက ၁၄ မိုင်း၊ ၁၆မိုင်းနဲ့ ၁၈ မိုင်းနဲ့ ဖိုးဝီး ကား (၇)စီး ၊ ၆ ဘီးကား (၃)စီး ၊ ဒိုဇာကား (၁)စီးနဲ့ ဆိုင်ကယ် (၂)စီး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်မှာ မယ်လယုတောင်ကုန်းကို မဆုတ်တမ်းခံစစ်အဖြစ်အထုင်ချတပ်စွဲခဲ့တာဖြစ်ပါတယ်။အမှတ်(၁၃၄)ခြေလျင်တပ်ရင်းဟာ ကရင်နီပြည်၊ ဖားဆောင်းမြို့အခြေစိုက်ဖြစ်ပြီးဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)ရဲ့လက်အောက်ခံတပ်ရင်းဖြစ်ပါတယ်။

CJ-004
#MekongNews
#မယ်လယု
#မဆုတ်တမ်းခံစစ်
#စစ်ကောင်စီ
#စခန်းစွန့်ခွါ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now