မဲခေါင်၊ ဒီဇင်ဘာ ၂၈
ဒီဇင်ဘာ ၂၆ ရက်က တရုတ်သမ္မတနိုင်ငံထူထောင်သူ ဖခင်ကြီး မော်စီတုန်းမွေးနေ့ရက်ဖြစ်လို့ တရုတ်အစိုးရဟာ ယခင်နေ့ဘက်တစ်ခါမှ ပျံသန်းဖူးခြင်းမရှိ၊ လူတွေ မြင်ဖူးခြင်းမရှိတဲ့ ဆဌမမျိုးဆက် Chengdu J-20S ဖိုက်တာ ဂျက်လေယာဉ်သစ်ကို စီချွမ်းပြည်နယ် ချန်ဒူလေဆိပ်ကနေ စမ်းသပ် ပျံသန်းခဲ့ပါတယ်။
နိုဝင်ဘာလ ဒုတိယအပတ်တုန်းကလည်း တရုတ်ဟာ ဇူးဟိုင်လေကြောင်းနည်းပညာ ပြပွဲကျင်းပခဲ့ရာမှာ ပဉ္စမ မျိုးဆက် J-35A နဲ့ J-15T ဖိုက်တာဂျက်လေယာဉ်အသစ်တွေကို ထုတ်ပြခဲ့ပြီး အခု အမေရိကန်နဲ့ အပြိုင်ဖြစ်စေ ဖို့ ဆဌမမျိုးဆက် Chengdu J-20S ဖိုက်တာ ကိုယ်ပျောက်ဂျက်လေယာဉ်သစ်ကို တရားဝင် မိတ်ဆက်တာမျိုး မဟုတ်ဘဲ နေ့ခင်းဘက်မှာ ပထမဆုံး စမ်းသပ်မောင်နှင်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်တွေပေါ် ပြည်သူတချို့ မှတ် တမ်းတင် ရိုက်ကူးတဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေအရ သိခဲ့ရတာဖြစ်ပါတယ်။
အမေရိကန်ဟာလည်း လက်ရှိမှာ ဆဌမမျိုးဆက် ကိုယ်ပျောက်ဖိုက်တာဂျက်လေယာဉ် Next Generation Air Dominance (NGAD) ကို တီထွင်ထားပြီး ဆက်လက် အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နေချိန် တရုတ်က အပြိုင်အဆိုင်အဖြစ် လေယာဉ်သစ်ကို ထုတ်ပြလာတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီ ဖိုက်တာဂျက်လေယာဉ်ဟာ အမေရိကန် နောက်ဆုံး ထုတ်ဖော်ပြသလိုက်တဲ့ Next Generation Air Dominance (NGAD) လေယာဉ်နဲ့ တြိဂံပုံစံချင်း တူနေခဲ့လို့ နည်းပညာ၊ ဒီဇိုင်းခိုးချမှုသာဖြစ်နိုင်ကြောင်း နိုင်ငံတကာက သုံးသပ်ဝေဖန်မှုတွေ ရှိနေပါတယ်။
အမေရိကန်ဟာ ၂၀၂၄ ခုနှစ်ထဲမှ Next Generation Air Dominance (NGAD) ဖိုက်တာဂျက်လေယာဉ်ကို စတင် ပြသခဲ့တာဖြစ်ပေမယ့် ဒီလေယာဉ်ကို လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ထုတ်လုပ်ထားတာဖြစ်ကြောင်း သိရပါတယ်။
Ref: foxnews
MKF-001
#MeKongNews
#တြိဂံလေယာဥ်
#မော်စီတုန်းမွေးနေ့
#တရုတ်ထုတ်ပြ
#ဖိုက်တာဂျက်လေယာဥ်








