ကမ္ဘာ့သတင်း

အာဆတ်ဖခင် ရုပ်တုကြီး တော်လှန်သူပုန်အဖွဲ့ ဖြိုချပြီး အောင်ပွဲခံ၊ မြေအောက်ထောင်မှ အကျဥ်းသား တစ်သိန်းကို ကယ်ထုတ်ဖို့ ကြိုးပမ်းနေ

မဲခေါင် 10 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၁၀ ဆီးရီးယားမှာ အာဏာရှင် ဘာရှာအယ်လ်အာဆတ် ရုရှားကို ထွက်ပြေးသွားခဲ့ပြီး တော်လှန်သူပုန်အဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက် ဒီဇင်ဘာ ၉ ရက်နေ့မှာပဲ ခေတ်အဆက်ဆက် နိုင်ငံအာဏာယူခဲ့တဲ့ အာဆတ်မိသားစုထဲက ဘာရှာရဲ့ ဖခင် သမ္မတဟောင်း ဟာဖက်ဇ်အယ်လ်အာဆတ်ရဲ့ နိုင်ငံအတွင်း အကြီးမားဆုံး ရုပ်တုကြီးကို ဖြိုချ အောင်ပွဲခံခဲ့ကြပါတယ်။ တော်လှန်သူပုန် အစ္စလာမ္မစ်တပ်တွေဟာ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ကွယ်လွန်သွားပြီဖြစ်တဲ့ ဘာရှာရဲ့ အစ်ကို ဘက်ဆယ်အယ်လ်အာဆတ်ရဲ့ အလက်ပိုမြို့က ရုပ်တုကြီးကို ဖြိုချအောင်ပွဲခံခဲ့သေးပြီး အခုလည်း ဒမက်စကက်မြို့က အာဆတ်မိသားစု ရုပ်တုတွေထဲ အကြီးမားဆုံး ရုပ်တုဖြစ်တဲ့ ဖခင် ဟာဖက်ဇ်အယ်လ်အာဆတ် ရုပ်တုကြီးကို အုပ်မြစ်ပါမကျန် တစ်ဆင့်ချင်း ဖြိုချပြီးနောက် AK 47

မဲခေါင်၊ ဒီဇင်ဘာ ၁၀

ဆီးရီးယားမှာ အာဏာရှင် ဘာရှာအယ်လ်အာဆတ် ရုရှားကို ထွက်ပြေးသွားခဲ့ပြီး တော်လှန်သူပုန်အဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက် ဒီဇင်ဘာ ၉ ရက်နေ့မှာပဲ ခေတ်အဆက်ဆက် နိုင်ငံအာဏာယူခဲ့တဲ့ အာဆတ်မိသားစုထဲက ဘာရှာရဲ့ ဖခင် သမ္မတဟောင်း ဟာဖက်ဇ်အယ်လ်အာဆတ်ရဲ့ နိုင်ငံအတွင်း အကြီးမားဆုံး ရုပ်တုကြီးကို ဖြိုချ အောင်ပွဲခံခဲ့ကြပါတယ်။

တော်လှန်သူပုန် အစ္စလာမ္မစ်တပ်တွေဟာ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ကွယ်လွန်သွားပြီဖြစ်တဲ့ ဘာရှာရဲ့ အစ်ကို ဘက်ဆယ်အယ်လ်အာဆတ်ရဲ့ အလက်ပိုမြို့က ရုပ်တုကြီးကို ဖြိုချအောင်ပွဲခံခဲ့သေးပြီး အခုလည်း ဒမက်စကက်မြို့က အာဆတ်မိသားစု ရုပ်တုတွေထဲ အကြီးမားဆုံး ရုပ်တုဖြစ်တဲ့ ဖခင် ဟာဖက်ဇ်အယ်လ်အာဆတ် ရုပ်တုကြီးကို အုပ်မြစ်ပါမကျန် တစ်ဆင့်ချင်း ဖြိုချပြီးနောက် AK 47 သေနတ်တွေကို မိုးပေါ် အချက်ပေါင်းများစွာ ပစ်ဖောက်ပြီး ထောင်ချီ အောင်ပွဲခံအခမ်းအနား ကျင်းပခဲ့ကြပါတယ်။

ဒမက်စကက်မြို့တောင်ပိုင်းမှာ ဒီရုပ်တုကြီးဖြိုချမှုကြောင့် ဖုန်လုံးကြီးတွေ၊ သေနတ်သံတွေ ဆူညံနေခဲ့သလို “ခေါင်းကိုမော့ . . . မင်းတို့ဟာ လွတ်လပ်တဲ့ ဆီးရီးယားသားတွေ ဖြစ်ခဲ့ပြီ” ဆိုတဲ့ ကြွေးကြော်သံတွေ ညံနေခဲ့ပါတယ်။

၂၄ နှစ်တာ အာဆတ်ရဲ့ အာဏာရှင်ခေတ် ပျက်သုဉ်းသွားပြီဖြစ်ပေမယ့် ဆီးရီးယားမှာ အောင်နိုင်ခဲ့တဲ့ တော်လှန်သူပုန်တပ်ဟာ အများစုကို မတရားဖမ်းဆီးထားတဲ့ အာဆတ်ရဲ့ လူသတ်ရုံခေါ် ဆက်ဒ်နာရာ စစ်အကျဉ်းထောင်ထဲက အကျဉ်းသား ၁ သိန်းကို ကယ်ထုတ်နိုင်ရေးကတော့ အရေးပေါ် အခြေအနေ ရောက်ရှိနေပါတယ်။

အကျဉ်းခန်းတွေထဲက ထောင်ပေါင်းများစွာသော ကလေး၊ အမျိုးသမီး၊ အမျိုးသားများစွာကို ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပေမယ့် ဆက်ဒ်နာရာထောင်ကြီးရဲ့ မြေအောက်ခန်းတွေထဲမှာ အီလက်ထရွန်းနစ် စနစ်နဲ့ တံခါးတွေပိတ်ထားတဲ့ အကျဉ်းခန်းပေါင်းများစွာထဲကို ဝင်ရောက်ကယ်တင်နိုင်ဖို့ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေစုရုံးကြိုးစားနေပေမယ့် ဖွင့်မရနိုင်သေးတာကြောင့် အကျဉ်းသားတွေ အသက်ရှူမရဘဲ သေဆုံးမှာကို အထူး စိုးရိမ်နေရကြောင်းလည်း သိရှိရပါတယ်။

အာဆတ်ရဲ့ ထောင် တံခါး ထိန်းချုပ်ခဲ့သူတွေလည်း ထွက်ပြေးသွားခဲ့ပြီဖြစ်လို့ စနစ်တင်းကျပ်စွာနဲ့ ကုဒ်တွေ သတ်မှတ်ပြီး မြေအောက်ထဲ ပိတ်လှောင်ထားတဲ့ အကျဉ်းသားပေါင်း ၁ သိန်းဝန်းကျင်ဟာ အချိန်မီ မကယ်တင် နိုင်ရင် သေဆုံးရဖို့ ရှိနေပါတယ်။

ဒါကြောင့် ဆီးရီးယားပြည်သူ့ကာကွယ်ရေးအဖွဲ့ အရေးပေါ် ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေဟာ မြေအောက်အကျဉ်းခန်းတွေကို ပိတ်ထားတဲ့ ကွန်ကရစ်တွေကို တူးဖျက်နေကြသလို အီလက်ထရွန်းနစ်တံခါးတွေကို ဖွင့်ပြီး အကျဉ်းသားတွေကို ကယ်နိုင်စေမယ့် သတင်းအချက်အလက်ပေးသူကို ဒေါ်လာ ၃၀၀၀ ဆုကြေးချီးမြှင့်သွားမယ်လို့ပါ ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Ref:Thesun
MKF-001
#MeKongNews
#အာဆတ်
#ဖခင်ရုပ်တု
#တော်လှန်သူပုန်
#ဖြိုချ
#ဆီးရီးယား
#အောင်ပွဲခံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now