နေ့စဥ်သတင်း

တောင်ကြီးမှာ လိုင်စင်မဲ့ကားစီးနေသူတွေက လိုင်စင်မဲ့ကားတွေ ဖမ်းဆီးနေ

မဲခေါင် 1 Dec - 2024
ငွေပေးနိုင်ရင် ကားပြန်ရ မဲခေါင်၊ ဒီဇင်ဘာ-၁ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ နိုဝင်ဘာ နောက်ဆုံးပါတ်မှစတင်ကာ စစ်တပ်၊ ရဲ၊ ယာဉ်ထိန်းရဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က လိုင်စင်မဲ့ကားတွေ ဖမ်းဆီးကာတိုင်းမှူးကိုယ်တိုင်တရားလိုလုပ်ကာအမှုဖွင့်အရေးယူနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေသိရပါတယ်။ တောင်ကြီးမြို့ပေါ်က အဓိကလမ်းမကြီးတွေနဲ့ အေးစေတီအတက်လမ်း၊ မြေပုံဂိတ်၊ အဆုတ်ဆေးရုံမီးပွိုင့်၊ နဂါးပွက်ကျောင်းလမ်းဆုံ၊ ထုံးဖိုစစ်ဆေးရေးဂိတ်စတဲ့ နေရာတွေအပြင်တခြားနေရာတွေမှာလည်း ရှောင်တခင် စစ်ဆေးဖမ်းဆီးနေတာ ဖြစ်တယ်လို့သိရပါတယ်။ “တခါတည်း ဗဟိုစက်ပစ္စည်း စာရင်းအင်းကိုအပ်တယ်၊ သူတို့လိုချင်တဲ့ကားဆိုရင် သိမ်းတယ်၊ မလိုချင်တဲ့ကားဆိုရင်တော့ငွေနဲ့ ပြန်ညှိရတာပေါ့”လို့သတင်းရင်းမြစ်တစ်ဦးကမဲခေါင်သတင်းဌာနကို ပြောပါတယ်။ အဲဒီလိုဖမ်းဆီးရမိတဲ့လိုင်စင်မဲ့ကားတွေအနက် Pick up၊ 4 Door၊ Crown Gradeမြင့်၊ GE 6၊ GP 1စတဲ့ တန်ဖိုးမြင့်ကားတွေ ဆိုပါကသိမ်းဆည်းလိုက်ပြီး တန်ဖိုးနည်းကားတွေကိုတော့ ငွေသိန်းဆယ်နဲ့ချီတောင်းယူကာ

ငွေပေးနိုင်ရင် ကားပြန်ရ

မဲခေါင်၊ ဒီဇင်ဘာ-၁

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ နိုဝင်ဘာ နောက်ဆုံးပါတ်မှစတင်ကာ စစ်တပ်၊ ရဲ၊ ယာဉ်ထိန်းရဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က လိုင်စင်မဲ့ကားတွေ ဖမ်းဆီးကာတိုင်းမှူးကိုယ်တိုင်တရားလိုလုပ်ကာအမှုဖွင့်အရေးယူနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေသိရပါတယ်။

တောင်ကြီးမြို့ပေါ်က အဓိကလမ်းမကြီးတွေနဲ့ အေးစေတီအတက်လမ်း၊ မြေပုံဂိတ်၊ အဆုတ်ဆေးရုံမီးပွိုင့်၊ နဂါးပွက်ကျောင်းလမ်းဆုံ၊ ထုံးဖိုစစ်ဆေးရေးဂိတ်စတဲ့ နေရာတွေအပြင်တခြားနေရာတွေမှာလည်း ရှောင်တခင် စစ်ဆေးဖမ်းဆီးနေတာ ဖြစ်တယ်လို့သိရပါတယ်။

“တခါတည်း ဗဟိုစက်ပစ္စည်း စာရင်းအင်းကိုအပ်တယ်၊ သူတို့လိုချင်တဲ့ကားဆိုရင် သိမ်းတယ်၊ မလိုချင်တဲ့ကားဆိုရင်တော့ငွေနဲ့ ပြန်ညှိရတာပေါ့”လို့သတင်းရင်းမြစ်တစ်ဦးကမဲခေါင်သတင်းဌာနကို ပြောပါတယ်။

အဲဒီလိုဖမ်းဆီးရမိတဲ့လိုင်စင်မဲ့ကားတွေအနက် Pick up၊ 4 Door၊ Crown Gradeမြင့်၊ GE 6၊ GP 1စတဲ့ တန်ဖိုးမြင့်ကားတွေ ဆိုပါကသိမ်းဆည်းလိုက်ပြီး တန်ဖိုးနည်းကားတွေကိုတော့ ငွေသိန်းဆယ်နဲ့ချီတောင်းယူကာ ပြန်ပေးတာတွေ ရှိနေတယ်လို့သိရပါတယ်။

“အခုက ညဖက်တွေဆို ပိုဖမ်းလာတယ်၊ အရင်ကဆို ညဖက်တွေ မဖမ်းဘူး၊ မနေ့ညကလည်း နဂါးပွက်ကျောင်းမီးပွိုင့်ထိပ်နားမှာ ကား၊ ဆိုင်ကယ် အကုန်တားစစ်တယ်။ မျက်နှာတွေပါဓာတ်မီးနဲ့ ထိုးကြည့်ပြီး စစ်နေတာ၊ သူတို့လည်း လိုင်စင်မဲ့ကားတွေ စီးနေတာပဲလေ၊ နားလည်မှုလေးတော့ ရှိသင့်တာပေါ့၊ စည်းကမ်းဖောက်လို့ ဖမ်းတယ်၊ ဒဏ်ငွေအရေးယူတာမျိုးတွေကို လက်ခံပါတယ်၊ အခုဟာက ငွေလိုချင်လို့ကို တမင်ဖမ်းနေတာ” လို့ တောင်ကြီးဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင် ကာလအတွင်းကလည်း လိုင်စင်မဲ့ကား၊ ဆိုင်ကယ်အစီးရေ ရာနဲ့ချီကို ဖမ်းဆီးခဲ့ပြီးငွေကြေးရယူကာ ပြန်ပေးတာတွေရှိခဲ့ပေမယ့် တန်ဖိုးမြင့် ကား၊ ဆိုင်ကယ်အချို့ကိုတော့ လက်ရှိအချိန်ထိ ပြန်မပေးသေးဘူးလို့လည်း သိရပါတယ်။

ဓာတ်ပုံ-Local
CJ-003
#MekongNews
#တောင်ကြီး
#လိုင်စင်မဲ့ကား
#ဖမ်းဆီး
#ငွေပေးနိုင်သူ
#ကားပြန်ရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now