မဲခေါင်၊ နိုဝင်ဘာ ၁၇
ဂြိုဟ်တု ဓာတ်ပုံမှာ မြင်ရ အောက်တိုဘာလအတွင်းက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ရဲ့ ထိပ်တန်းလျှို့ဝှက် နျူကလီးယားလက်နက် အစိတ်အပိုင်းထုတ်လုပ်ရာ ပင်မအခြေစိုက်စခန်း ပျက်စီးပြိုလဲသွားပုံကို ဂြိုဟ်တု ဓာတ်ပုံမှာ အတိုင်းသား မြင်ရပြီဖြစ်ပါတယ်။
Taleghan 2 လိုအမည်ပေးထားတဲ့ တီဟီရန်မြို့ အရှေ့တောင်ဘက် မိုင် ၂၀ အကွာက ပါချင်စစ်အခြေစိုက်စခန်း ထဲမှာရှိတဲ့ နျူကလီးယားလက်နက် ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ဆောင်ရာ အဆောက်အအုံပစ်မှတ်တွေကို အရင် ဂြိုဟ်တုဓာတ်ပုံတွေမှာ အတိုင်းသားမြင်ရပေမယ့် ဒီကနေ့ ဓာတ်ပုံတွေမှာတော့ လုံး၀ပြိုလဲပျက်စီးသွားတာကို အတိုင်းသား မြင်တွေ့ရတာဖြစ်ပါတယ်။
အစ္စရေးနဲ့ အမေရိကန် ထိပ်တန်းအရာရှိတွေကတော့ ပျက်စီးသွားတဲ့ အဆောက်အအုံတွေဟာ နျူကလီးယားလက်နက်ထုတ်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ ထုတ်လုပ်ရာ အဆောက် အအုံတွေဖြစ်ကြောင်း၊ အီရန်အစိုးရအဖွဲ့ဝင်တွေတောင် မသိကြဘဲ လူနည်းစုသာ သိရှိထားတဲ့ ထိပ်တန်းလျှို့ဝှက် စီမံကိန်းအဆောက်အအုံတွေဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုကြပါတယ်။
ဝါရှင်တန် think tank အဖွဲ့ CAN က သုတေသနပညာရှင် ဒက်ကာအီဗီလက်ကလည်း အစ္စရေးတိုက်ခိုက်မှုဟာ နျူကလီးယားလက်နက်အတွက် အစိတ်အပိုင်းတွေထုတ်တဲ့ Taleghan 2 အဆောက်အအုံတွေသာမက ခိုဂျီယာ မှာရှိတဲ့ ဒုံးကျည်ထုတ်လုပ်ရေး စက်ရုံကိုပါ ထိခိုက်ပျက်စီးစေခဲ့တယ်လို့ ဆိုပါတယ်။
အီရန်ဟာ အစ္စရေးရဲ့ လုပ်ရပ်အတွက် ကြီးမားတဲ့ တုံ့ပြန်တိုက်ခိုက်မှု လုပ်သွားမယ်လို့ ကြွေးကျော်ခဲ့ပေမယ့် ခုထိတော့ တုံ့ပြန်မှု တစ်စုံ တစ်ရာမရှိသေးဘဲ ငြိမ်သက်နေပါတယ်။
ဒုံးကျည် အများအပြားထုတ်လုပ်တဲ့ စက်ရုံလုပ်ငန်းတွေ ထိခိုက်ရပ်ဆိုင်း သွားရတဲ့ တိုက်ခိုက်ခံရမှုဖြစ်တာကြောင့် အီရန်နဲ့ မဟာမိတ်တွေ ငြိမ်သက်နေခြင်းဟာ အန္တရာယ် အစစ်အမှန်တစ်ခု ဖြစ်တည်လာဖို့ အားယူနေခြင်းဖြစ်တယ်လို့လည်း ဗြိတိန်တပ်မှူး ရစ်ချက် ကမ့်က သတိပေး ပြောဆိုခဲ့ပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#အီရန်
#အစ္စရေး
#နျူစခန်း
#ပြိုကျ








