မဲခေါင် ၊ နိုဝင်ဘာ ၁၄
တာချီလိတ်မှာ မနေ့ နိုဝင်ဘာ ၁၃ ရက်နေ့က ဖုန်းဆိုင် ဓါးပြတိုက်ပြီး ဆိုင်ဝန်ထမ်းကို သတ်ဖြတ်သွားတဲ့သူ ၄ ဦးကို နိုဝင်ဘာ ၁၄ ရက်မှာ သွားရာက်ဖမ်းစီးစဉ် ပြန်လည်ခုခံလို့ သက်ဆိုင်ရာက ပစ်ခတ်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဖုန်းဆိုင်ဓါးပြတိုက်သွားသူ ၄ ဦးဟာ တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာမှာ အခန်းငှါးနေထိုင်တယ်လို့ သတင်းရရှိတဲ့အတွက် သွားရောက်ဖမ်းဆီးချိန်မှာ သက်ဆိုင်ရာကို ပြန်လည်ပစ်ခတ်တာကြောင့် အသေပစ်ခတ်လိုက်တာဖြစ်ပါတယ်။
“မနေ့က CCTC မှတ်တမ်းတွေအရ ကျိုင်းတုံမြို့ဘက်ထွက်တဲ့ လမ်းဘက်ထွက်သွားတယ်လို့သိလို့ လိုက်စုံစမ်းတာ ဝမ်လုံးရွာမှာတွေ့တာဘဲ အဲ့ဒါနဲ့ သွားဖမ်းကြတာတဲ့ ပြန်ပစ်လို့ အသေပစ်ဖမ်းလို့တာလို့ ကြားတယ်” လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဓါးပြတိုက်တဲ့အဖွဲ့ဟာ ရှမ်းမြောက် လားရှိုးကနေ စစ်ဘေးရှောင်လာတဲ့သူတွေဖြစ်ပြီး သွားရောက်ဖမ်းဆီးတဲ့သူတွေကို အရင်ပစ်ခတ်လို့ အသေပစ်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဓါးပြ ၄ ဦး ငှါးရမ်းနေတဲ့ နေအိမ်အတွင်း သက်ဆိုင်ရာကို ပြန်လည်ပစ်ခတ်တဲ့ သေနတ် ၄ လက်အပြင် ဓါးပြတိုက်ရာမှာ ယူဆောင်သွားတဲ့ ဖုန်း အလုံး ၂၀ လဲတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရှမ်းမြောက်စစ်ပွဲကြောင့် တာချီလိတ်ကို ရွေ့ပြောင်းလာသူတွေများပြားလာပြီး အလုပ်အကိုင်အခက်အခဲတွေ့ကြောင့် လူငယ်အများစုဟာ ဒုစရိုက်မှုဖြစ်ပွားမှုပြားလာကာ လစဉ် သေနတ်နဲ့ပစ်ခတ် လူသတ်မှုတွေ ဖြစ်ပွားနေတဲ့အပြင် ပြန်ပေးဆွဲမှု၊ ဆိုင်ကယ်ခိုးမှုတွေလဲ ဆက်တိုက်ဖြစ်ပွားနေတာပါ။
MK-002
#MeKongNews
#ဓါးပြမှု
#အသေဖမ်းမိ
#ဖုန်းဆိုင်
#တာချီလိတ်
ဓာတ်ပုံ – ပုံဟောင်းဖြစ်ပါတယ်။








