နေ့စဥ်သတင်း

ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်စခန်းများတွင် ရာသီတုပ်ကွေးဖြစ်ပွားမှုများနေ

မဲခေါင် 12 Nov - 2021
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြသူများကို ရာသီတုပ်ကွေးကူးစက်မှုမြင့်တက်နေသည်။ ကျော်တော်မြိုမှ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ဖျားနာခြင်း၊ နှာမွှန်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းကဲ့သို ရောဂါလက္ခဏာများ ခံစားနေရသူ အများအပြားရှိသည်ဟု စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။ စစ်ရှောင်မိသားစုတစုတိုင်းတွင် တယောက်အနည်းဆုံး ရာသီတုပ်ကွေးကူစက်နေပြီး စခန်းများတွင် လူကြပ်သိပ်နေသဖြင့် ကူးစက်မှုပိုများလာသည်ဟုလည်း ပြောသည်။ တလလျှင် ၃ ကြိမ် စစ်ရှောင်များကိုသင့်လျော်သည့်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရေး စခန်းများတွင် ဆေးခန်းများဖွင့်ရန် အာဏာပိုင်များက ကျန်းမာရေးဌာနကို ညွှန်ကြားထားသော်လည်း မြေပြင်မှ စစ်ရှောင်များကို လုံလောက်သောကျန်းမာရေးဝန်ဆောင်မှုများပေးရန် ကျန်းမာရေးဝန်ထမ်းများရုန်းကန်နေရသည်။ “ကျန်းမာရေးဌာနအနေနဲ့ ရာသီတုပ်ကွေးဖြစ်နေတဲ့စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးစေချင်တယ်။ ကူးစက်မှုကြောင့် ရုန်းကန်နေရတဲ့စစ်ရှောင်တွေဟာ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရကြပါဘူး”ဟု ကိုခိုင်မျိုးအောင်က ဖြည့်စွက်ပြောဆိုသည်။ သက်ဆိုင်ရာမြိုနယ်များရှိစစ်ရှောင်စခန်းများမှလူများကို ကျန်းမာရေးစောင့်ရှောက်မှုများပေးနေပြီး တပတ်လျှင် ၂ ကြိမ်ကျန်းမာရေးစောင့်ရှောက်မှုပေးရန်စီစဉ်နေကြောင်း အကြမ်းဖက်စစ်တပ်လက်အောက်ခံ

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြသူများကို ရာသီတုပ်ကွေးကူးစက်မှုမြင့်တက်နေသည်။

ကျော်တော်မြိုမှ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ဖျားနာခြင်း၊ နှာမွှန်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းကဲ့သို ရောဂါလက္ခဏာများ ခံစားနေရသူ အများအပြားရှိသည်ဟု စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

စစ်ရှောင်မိသားစုတစုတိုင်းတွင် တယောက်အနည်းဆုံး ရာသီတုပ်ကွေးကူစက်နေပြီး စခန်းများတွင် လူကြပ်သိပ်နေသဖြင့် ကူးစက်မှုပိုများလာသည်ဟုလည်း ပြောသည်။

တလလျှင် ၃ ကြိမ် စစ်ရှောင်များကိုသင့်လျော်သည့်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရေး စခန်းများတွင် ဆေးခန်းများဖွင့်ရန် အာဏာပိုင်များက ကျန်းမာရေးဌာနကို ညွှန်ကြားထားသော်လည်း မြေပြင်မှ စစ်ရှောင်များကို လုံလောက်သောကျန်းမာရေးဝန်ဆောင်မှုများပေးရန် ကျန်းမာရေးဝန်ထမ်းများရုန်းကန်နေရသည်။

“ကျန်းမာရေးဌာနအနေနဲ့ ရာသီတုပ်ကွေးဖြစ်နေတဲ့စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးစေချင်တယ်။ ကူးစက်မှုကြောင့် ရုန်းကန်နေရတဲ့စစ်ရှောင်တွေဟာ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရကြပါဘူး”ဟု ကိုခိုင်မျိုးအောင်က ဖြည့်စွက်ပြောဆိုသည်။

သက်ဆိုင်ရာမြိုနယ်များရှိစစ်ရှောင်စခန်းများမှလူများကို ကျန်းမာရေးစောင့်ရှောက်မှုများပေးနေပြီး တပတ်လျှင် ၂ ကြိမ်ကျန်းမာရေးစောင့်ရှောက်မှုပေးရန်စီစဉ်နေကြောင်း အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“လက်ရှိတော့ ကျန်းမာရေးဝန်ထမ်းတွေလည်း COVID-19 ကာကွယ်ဆေးထိုးပေးနေကြတော့ စစ်ရှောင်စခန်းတွေသွားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ မလုပ်ပေးနိုင်တာဖြစ်နိုင်ပါတယ်” ဟုလည်း ဒေါက်တာစိုးဝင်းပိုင်က ရှင်းပြသည်။

စစ်ရှောင်စခန်းများမှ ရာသီတုပ်ကွေးကူးစက်ခံထားရသူများသည် ဆေးရုံများ၊ ဒေသဆေးခန်းများတွင် ကုသမှုခံယူရန် ငွေမရှိသောကြောင့် နီးစပ်ရာဆေးဆိုင်များမှ စပ်ဆေးများကို အားကိုးနေရသည်ဟု မြောက်ဦးမြိုနယ်ရှိ ပိပယင်စစ်ရှောင်စခန်းမှ ဦးသိန်းကျော်မရ ကပြောသည်။

“ကျွန်မဆို ရာသီတုပ်ကွေးကူးပြီးတော့ အိပ်ရာထဲကလည်းမထနိုင်ဘူး။ ဆေးလည်းမဝယ်နိုင်ဘူး။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစိုးရအရာရှိကြီးတွေအနေနဲ့ စစ်ရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးနိုင်အောင် လုပ်ပေးကြဖို ကျွန်မတိုက်တွန်းလိုပါတယ်ရှင့်” ဟု မြောက်ဦးမြိုရှိ မြတဒေါင်းစစ်ရှောင်စခန်းမှစစ်ရှောင်အမျိုးသမီးတယောက်ကပြောသည်။

လူကြီးများနှင့် ကလေးငယ်များသည် ရာသီတုပ်ကွေးကူးစက်မှုအကြုံရနိုင်ဆုံးသူများဖြစ်ကြောင်း စခန်းတာဝန်ခံများကပြောသည်။

စစ်ရှောင်စခန်းများတွင် အစားအစာပြတ်လပ်မှုများလည်းရှိနေသည်။

မိုးအကုန်၊ ဆောင်းအကူးတွင် ရာသီတုပ်ကွေးအဖြစ်များပြီး ကိုယ်ခံအားနည်းသူများကို ကူးစက်လွယ်ကြောင်း စစ်တွေမြိုရှိဝေဘူလဆေးခန်းမှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမျိုးညွန့်ကပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now