ကမ္ဘာ့သတင်း

ထရမ့်သမ္မတ ဖြစ်လာပြီးနောက် အီရန်ခေါင်းဆောင်တွေ မျက်စိတစ်ဖက်ပိတ် အိပ်ရမယ်လို့ ပညာရှင်တွေ သတိပေး

မဲခေါင် 11 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၁၁ ဒုတိယအကြိမ်မြောက်အဖြစ် ဒေါ်နယ်ထရမ့်အမေရိကန်သမ္မတ ဖြစ်လာခြင်းမှာ အိမ်ဖြူတော်ပေါ် ပြန်တက်ပြီး တာနဲ့ အီရန်ခေါင်းဆောင်တွေ မျက်စိတစ်ဖက်ပဲ ပိတ်ပြီး အိပ်ရမယ့်ဘ၀ ရောက်သွားမယ်လို့ နိုင်ငံရေးသုတေသီ ပညာရှင်တွေက သတိပေး သုံးသပ်နေကြပါတယ်။ Henry Jackson Society ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာအလန်မန်ဒိုဇာက ထရမ့်ဟာ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို အများနဲ့မတူ အပြင်းထန်ဆိုး ဖိအားပေးမှုမျိုးနဲ့ အထိရောက်ဆုံး အင်အားသုံး ဖြေရှင်းလေ့ရှိတဲ့ ခန့်မှန်းရခက်တဲ့ ခေါင်းဆောင်မျိုးဖြစ်လို့ လက်ရှိ အစ္စရေးနဲ့ ဟားမက်စ်၊ ဟစ်ဇ်ဘိုလာ၊ ဟူသီတို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်ဖို့အရေး ဂျိုးဘိုင်ဒန်လို ကြားနေမူဝါဒ မသုံးဘဲ ပြောင်ပြောင်တင်းတင်း အစ္စရေးနဲ့ အခိုင်မြဲဆုံး လက်တွဲလို့

မဲခေါင်၊ နိုဝင်ဘာ ၁၁

ဒုတိယအကြိမ်မြောက်အဖြစ် ဒေါ်နယ်ထရမ့်အမေရိကန်သမ္မတ ဖြစ်လာခြင်းမှာ အိမ်ဖြူတော်ပေါ် ပြန်တက်ပြီး တာနဲ့ အီရန်ခေါင်းဆောင်တွေ မျက်စိတစ်ဖက်ပဲ ပိတ်ပြီး အိပ်ရမယ့်ဘ၀ ရောက်သွားမယ်လို့ နိုင်ငံရေးသုတေသီ ပညာရှင်တွေက သတိပေး သုံးသပ်နေကြပါတယ်။

Henry Jackson Society ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာအလန်မန်ဒိုဇာက ထရမ့်ဟာ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို အများနဲ့မတူ အပြင်းထန်ဆိုး ဖိအားပေးမှုမျိုးနဲ့ အထိရောက်ဆုံး အင်အားသုံး ဖြေရှင်းလေ့ရှိတဲ့ ခန့်မှန်းရခက်တဲ့ ခေါင်းဆောင်မျိုးဖြစ်လို့ လက်ရှိ အစ္စရေးနဲ့ ဟားမက်စ်၊ ဟစ်ဇ်ဘိုလာ၊ ဟူသီတို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်ဖို့အရေး ဂျိုးဘိုင်ဒန်လို ကြားနေမူဝါဒ မသုံးဘဲ ပြောင်ပြောင်တင်းတင်း အစ္စရေးနဲ့ အခိုင်မြဲဆုံး လက်တွဲလို့ အစ္စရေးရန်သူတွေကို ထောက်ပံ့ထူထောင်ပေးထားတဲ့ အီရန်ကိုသာ ဦးတည်ပြီး ပစ်မှတ်ထား နှိမ်နင်းတာတွေ လုပ်ဆောင်လာနိုင်ကြောင်း သုံးသပ်သွားပါတယ်။

“ထရမ့်ဟာ ကမ္ဘာ့တည်ငြိမ် အေးချမ်းရေးကိစ္စကို အရေးအကြီးဆုံး လုပ်ငန်းစဉ်အဖြစ် မူဝါဒအသစ်အားလုံး ပြန်ချမှတ်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းရဲ့ ကာလရှည်လျှားလွန်းတဲ့ ပဋိပက္ခကို ဒုတိယသမ္မတ သက်တမ်းမှာ အပြတ်‌ ဖြေရှင်းမယ်လို့ ယူဆရတယ်။ ဘာမဆို ခန့်မှန်းရမလွယ်ဘဲ ပြင်းထန် ထိရောက်ဆုံးသော လမ်းစဉ်တွေကို လုပ်ရဲတဲ့သူမို့ ထရမ့် ဟာ အရှေ့အလယ်ပိုင်းမှာ ပင်လယ်ကွေ့နိုင်ငံတွေ မလိုလားတဲ့ စစ်ပွဲမဖြစ်ဖို့ ဆွန်နီမွတ်ဆလင် ဒီနိုင်ငံ အင်အား စုတွေရယ်၊ အစ္စရေးရယ်နဲ့ ပိုမိုပေါင်းစည်းပြီး စီးပွားရေးအရရော၊ စစ်ရေးအရမှာပါ အီရန်ကို ဖြိုလှဲလိုက်ရင် အချိန်တိုအတွင်း တောက်လောင်လုဆဲဆဲ အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးရဲ့ စစ်ပွဲကြီး ချုပ်ငြိမ်းဖို့ လမ်းစဉ်ကို ရွေးချယ်လာနိုင်ပါတယ်။ ဒီဒေသတစ်ခုလုံးရဲ့ အနာဂတ်အတွက် ပြန်လည် သတ်မှတ်ချင့်တွက်မှုအားလုံး သူလုပ်တဲ့အခါ အရင် အီရန်က ဘာသာရေးခေါင်းဆောင်တွေကို နောက်မဆုတ်တမ်း သုတ်သင်တာမျိုးတွေလည်း လုပ်ဖို့ ဝန်လေးမယ့်သူမဟုတ်ဘူး” လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ မဲဆွယ်စည်းရုံးကတည်းက သူသာ သမ္မတအဖြစ် ဆက်ရှိရင် ဟားမက်စ်တွေ အစ္စရေးကို ဝင် တိုက်ပြီး စစ်မီးတောက်ဖို့ မဖြစ်နိုင်ကြောင်း၊ အီရန်သာ သူ့ကို လုပ်ကြံဖို့ ကြိုးစားရင် တစ်နိုင်ငံလုံး အစိတ်စိတ် အမွှာမွှာလွင့်စင်သွားစေရမယ်ဆိုတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့သူဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နက်တန်ယာ ဟုကလည်း အမေရိကန်မှာ ဘယ်ခေါင်းဆောင်တက်တက် မဟာမိတ်အဖြစ် လက်တွဲမြဲမယ်လို့ ရွေးကောက်ပွဲ အဖြေမထွက်ခင် ပြောခဲ့ပေမယ့် ဒေါ်နယ်ထရမ့် အနိုင်ရပြီးနောက် အိမ်ဖြူတော်ထိုင် သမ္မတအားလုံးထဲ ဒေါ်နယ် ထရမ့်ဟာ အရင်းနှီးဆုံး မိတ်ဆွေကောင်းဖြစ်လို့ ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဆွီဒင်က Uppsala တက္ကသိုလ် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ သုတေသနဌာန ပါမောက္ခ Ashok Swain ကလည်း ထရမ့်ဟာ ဒီမိုကရက်ခေါင်းဆောင် ဂျိုးဘိုင်ဒန်နဲ့ ဒုသမ္မတ ကာမီလာဟဲရစ်တို့လို အစ္စရေး အရေးမှာ ကြားနေ အဖြစ်သာ ပါဝင်ကူညီတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ဟားမက်စ်၊ ဟူသီ၊ ဟစ်ဇ်ဘိုလာနဲ့ အီရန်တို့ကို ဝင်ရောက်တိုက်ခိုက်ပြီး ဖြေရှင်းတာမျိုးအထိ လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အီရန်နဲ့ မသင့်မြတ်တဲ့ ပင်လယ် ကွေ့နိုင်ငံတွေနဲ့အစ္စရေးဟာ ထရမ့် အမေရိကန်သမ္မပြန်ဖြစ်လာတာကို အထူးဝမ်းမြောက် ကြိုဆိုကြတာဖြစ် ကြောင်း၊ အီရန်အပေါ် အမြင့်ဆုံး ဖိအားပေးခြင်းနဲ့ အမြန်ဆုံးဖြေရှင်းလာဖွယ်ရှိတယ်လို့ သုံးသပ်ပါတယ်။

အစ္စရေး သံတမန်ဟောင်း Alon Pinkas ကလည်း ထရမ့်ဟာ စစ်လိုလာသူမဟုတ်ပေမယ့် သူ့ စားပွဲပေါ် လောင်မီးကျနေမှုတွေကို ကိုင်တွယ်ဆုံးဖြတ်ရာမှာ အပြတ်သားဆုံးနည်းလမ်းသာ သုံးလေ့ရှိလို့ အရင် သမ္မတ သက်တမ်းကတည်းက အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကို Peace to Prosperity လို့ခေါ်တဲ့ ကာကယံရှင် နှစ်နိုင်ငံသာ ဖြေရှင်းရေး အဆိုတင်သွင်းပေးခဲ့ပေမယ့် ပါလက်စတိုင်းကို နယ်မြေပိုင်ဆိုင်ခွင့် လုံး၀ မပေးတဲ့ အဆိုသာဖြစ်ပြီး အစ္စရေးနဲ့ အခိုင်မာဆုံး လက်တွဲခဲ့သူဖြစ်ကြောင်း သုံးသပ်သွားပါတယ်။

Ref:Thesun
MKF-001
#MeKongNews
#ထရမ့်
#အီရန်
#ရွေးကောက်ပွဲ
#မျက်စိတဖက်ပိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now