မဲခေါင်၊ အောက်တိုဘာ ၃၀
ပြီးခဲ့တဲ့လက ဘေရွတ်ခ်မြို့မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့ ခေါင်းဆောင် ဟက်ဆန်နက်ဆရယ်လာနေရာမှာ အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ရှိတ်ခ်နိမ်းကက်ဆန်ကို ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်လိုက်ကြောင်း ဟားမက်စ်ဘက်က ထုတ်ပြန်သွားပါတယ်။
ရှီယာမွတ်ဆလင် စစ်သွေးကြွအုပ်စု ဟစ်ဇ်ဘိုလာတပ်မှာ ကက်ဆန်ဟာ ဒုခေါင်းဆောင် လုပ်ခဲ့ဖူးပြီး လက်ဘနွန် တောင်ပိုင်းကို အစ္စရေးဝင်ရောက်တိုက်ခိုက်နေမှုမှာ ဆက်လက်ခုခံတိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက မြေအောက်ကတုတ်ကျင်းထဲကနေ မိန့်ခွန်းပြောဆိုခဲ့ပါသေးတယ်။
နက်ဆရယ်လာတုန်းက ဟစ်ဇ်ဘိုလာတပ်ကို ဆယ်စုနှစ် ၃ ခုကြာ ဦးဆောင်နိုင်ခဲ့ပေမယ့် လက်ရှိ အစ္စရေးတပ် ဟာ ရန်သူ ခေါင်းဆောင်တွေကို မညှာမတာ သုတ်သင်နေခဲ့တာ အချိန်တိုအတွင်းခေါင်းဆောင်ပေါင်း တစ်ဒါဇင်ကျော် သေဆုံးခဲ့ပြီးဖြစ်လို့ ကက်ဆန်ရဲ့ ခေါင်းဆောင်သက်တမ်းဟာ လက်ချိုးရေတွက်ရမယ့် ရက်စွဲတွေသာ ရှိ ကြောင်းနဲ့ ယာယီသာ ခေါင်းဆောင်ဖြစ်လာမှာဖြစ်ပြီး သုတ်သင်ဖို့ countdown ရေတွက်မှု စတင်လိုက်ပြီလို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂိုလန်က ရာဇသံ ပေးသွားခဲ့ပါတယ်။
ကက်ဆန်ဟာ လက်ရှိမှာ ဟစ်ဇ်ဘိုလာကို အဓိက ကျောထောက်နောက်ခံပေးထားတဲ့ အီရန်မြို့တော် တီဟီရန်မှာ ရှိနေပြီး အောက်တိုဘာ ၅ ရက်နေ့က အီရန်လေယာဉ်နဲ့ လက်ဘနွန်ထဲကနေ တိမ်းရှောင်ထွက်ပြေးသွားတယ်လို့ ယူအေအီးအခြေစိုက် Erem News က ဖော်ပြခဲ့ပါတယ်။
Ref:Thesun
MKF-001








