မဲခေါင်၊ အောက်တိုဘာ ၂၅
ရှမ်းမြောက်က ကိုးကန့်တပ်ဖွဲ့(MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးကို ဒီနေ့ အောက်တိုဘာ၊ ၂၅ရက် နေ့ခင်းပိုင်းက စစ်ကောင်စီက လေယာဥ်နဲ့ ၄ ခါတိတိ ဗုံးလာကြဲတယ်လို့ သိရပါတယ်။
ယနေ့ အောက်တိုဘာ၂၅ရက် နေ့လည် ၁နာရီ ၂၀မိနစ် ကစပြီး ၁နာရီ ၄၅မိနစ် အချိန်အတွင်း လားရှိုးမြို့၊ မယ်ဟန်ဘက်ကို ၄ခါတိတိ လာကြဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးတွေအားလုံး မယ်ဟန်ဘက်ကျတယ်၊ ၄ လုံး၊ အထိအခိုက်တော့ ဘာမှမသိရသေးဘူး”လို့ လားရှိုး FYV လူမှုကူညီမှုအဖွဲ့က မဲခေါင်ကိုပြောပါတယ်။
ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်( ဖုန်ကြားစင်းရဲ့သား) တရုတ်နိုင်ငံ၊ ခွင်းမင်းမြို့ကို သွားရောက်ပြီး တွေ့ဆုံစကားပြောနေတဲ့အချိန် အောက်တိုဘာ ၂၃ ရက်ကလည်း လားရှိုးကို တနေ့တည်း လေကြောင်းက ဗုံး ၃ ခါကြဲခဲ့ပါသေးတယ်။
ကိုးကန့်ခေါင်းဆောင် တရုတ်ပြည်မှာ ဖိအားပေးခံနေရချိန်မှာ စစ်ကောင်စီကလည်း လားရှိူးကို တစ်ရက်သာခြားပြီး ဒီနေ့မှာ လေယာဉ်နဲ့ ဗုံး ၄ ခါ ဆက်တိုက်ကြဲခဲ့တာဖြစ်ပါတယ်။
လူမှုကွန်ယက်ပေါ်မှာ ပေါ်ထွက်လာတဲ့ သတင်းတွေအရ လားရှိုးနဲ့ သိန္နီကို စစ်ကောင်စီကို ပြန်ပေးဖို့ တရုတ်အစိုးရက MNDAA ကို ဖြတ် ၅ ဖြတ် အပါအဝင် အခြားတောင်းဆိုမှုတွေနဲ့ အပြင်းအထန် ဖိအားပေးနေတယ်လို့ သိရပါတယ်။
တရုတ်အစိုးရဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံကို ခေါ်ယူထားတယ်လို့လည်း သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။
MK-012








