မဲခေါင်၊ အောက်တိုဘာ ၂၅
ရုရှားနိုင်ငံထဲကို မြောက်ကိုရီးယားစစ်သည် အယောက် ၃၀၀၀ ယောက်ရှိနေပြီး ဒီ ၃၀၀၀ကို ရုရှား စစ်ယူနီဖောင်း တွေဝတ်ပေးလို့ ယူကရိန်းဝင်ရောက်သိမ်းပိုက်ထားတတဲ့ ကက်ရှ်ဒေသကို ပြန်တိုက်ခိုက်မယ့် အမြောက် တပ်အတွက် စေလွှတ်ပေးတဲ့ ဗီဒီယိုဓာတ်ပုံဖိုင်တွေပါ ရရှိခဲ့ကြောင်း အမေရိကန်က အတည်ပြုခဲ့ပါတယ်။
ပထမဆုံး ယူကရိန်းသမ္မတ ဇီလန်းစကီးက မြောက်ကိုရီးယားတပ်တွေ ရုရှားဆီရောက်ရှိ အသုံးချနေတယ်လို့ ထုတ်ပြောပြီးနောက် တောင်ကိုရီးယား စစ်ဦးစီးချုပ်များရုံးကလည်း အယောက် ၃၀၀၀ ရောက်နှင့်နေပြီး နှစ် ကုန်ပိုင်းမှာ နောက်ထပ် အယောက် ၁၀၀၀၀ ထပ်မံ စေလွှတ်ဖို့ စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီသတင်းကို အမေရိကန်ဘက်က အခုမှ အတည်ပြုထုတ်ပြန်တာဖြစ်ပြီး နောက်ထပ်ပို့မယ့် မြောက်ကိုရီးယား စစ်သည်တွေဟာ ရုရှားရဲ့ အက်ဆာရင့်စ် စစ်ရေးအခြေစိုက် စခန်းကို အရင်ပို့ဆောင်တာဖြစ်မယ်လို့ အမေရိကန် က ယူဆကြောင်းပါ ထပ်မံ ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားဘက်က မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်ခဲယမ်းတွေအပြင် စစ်သည်တွေပါ စေလွှတ် နေတာဖြစ်လို့ တောင်ကိုရီးယားဘက်ကလည်း ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးအပ်သွားရလိမ့်မယ် လို့ အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့အတွက် တောင်နဲ့မြောက် တင်းမာမှုအခြေအနေဟာ ပိုဆိုးသထက် ဆိုးလာခဲ့ပြီဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားရဲ့ အရင်းနှီးဆုံး မဟာမိတ် ဘီလာရုစ်တို့ကတော့ မြောက်ကိုရီးယားစစ်သည်တွေ ရုရှား ကို ပို့ဆောင်နေတယ်ဆိုတဲ့စွပ်ဆွဲချက်ဟာ ရယ်ဖွယ်ရာ အထောက်အထားမရှိတဲ့ လုပ်ကြံဖန်တီးမှုတွေဖြစ်တယ် လို့ ငြင်းဆိုထားကြပါတယ်။
Ref: thesun
MKF-001








