မဲခေါင်၊ အောက်တိုဘာ ၂၃
ရှမ်းမြောက်၊ လားရှိုးကို ယနေ့မနက်မှာ စစ်ကောင်စီက ဗုံးကြဲလို့ အရက်ချက်စက်ရုံ အဆောက်အဦးတွေ မီးလောင်ပျက်စီးတယ်လို့ သိရပါတယ်။
ယနေ့ အောက်တိုဘာ၂၃ ရက် မနက်ပိုင်းမှာ စစိကောင်စီက လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု ခိုဆန်တန် ကျေး ရွာ၊လားရှိုးမြို့အဝင်ဆိုင်းဘုတ်အနီးက ရိုးရာဆန်အရက်ချက်စက်ရုံကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ MNDAAက ထုတ်ပြန်ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် စက်ရုံအဆောက်အဦးတွေ မီးလောင်ကျွမ်းခဲ့ပြီး အထူးဒေသ(၁)ရဲ့ မီးသတ်တပ်ဖွဲ့က အချိန်မီသွားရောက်ငြိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ မရှိဘူးလို့ သိရပါတယ်။
စစ်ကောင်စီကျရှူံးပြီး လားရှိုးကို MNDAA ထိမ်းချုပ်ခဲ့တဲ့ ဩဂုတ်လဆန်းက စတင်ပြီး လားရှိုးမြို့ ကို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေဟာ ၂၀ ကြိမ်ကျော်လာခဲ့ပြီဖြစ်ကြောင်းလဲ သိရပါတယ်။
MK-012












