မဲခေါင်၊ အောက်တိုဘာ ၂၃
လက်ဘနွန်နိုင်ငံ ဘေရွတ်ခ်မြို့တောင်ပိုင်း Al-Sahel ဆေးရုံကို အစ္စရေးက အောက်တိုဘာ ၂၁ ရက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်အပြီး တိုက်ခိုက်မှုပြုလုပ်ရတာ လက်ဘနွန်ပြည်သူတွေကို ဦးတည်တာမဟုတ် ဘဲ အကြမ်းဖက်အဖွဲ့ ဟစ်ဇ်ဘိုလာတပ်ရဲ့ အဓိက ဘဏ္ဍာရင်းမြစ်ဖြစ်တဲ့ ဆေးရုံအောက်ဘန်ကာထဲက ဒေါ်လာ သန်း ၅၀၀ နဲ့ ရွှေချောင်းတွေ ဝှက်ထားရာ စခန်းကို တိုက်ခိုက်တာသာဖြစ်တယ်လို့ ထုတ်ပြန်သွားပါတယ်။
ဟစ်ဇ်ဘိုလာရဲ့ ငွေကြေးလိုအပ်ချက်ကို အီရန်က အဓိက ထောက်ပံ့ပေးနေပြီး ဆီးရီးယားနဲ့ လက်ဘနွန်ကို ဖြတ်လို့ အစ္စလာမ္မစ် အစွန်းရောက်စစ်သွေးကြွအဖွဲ့တွေဖြစ်ဆီ စီးဆင်းတာဖြစ်ပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ဟာ လက်ဘနွန်၊ ဆီးရီးယား၊ ယီမင်၊ တူရကီနိုင်ငံတွေထဲမှာ စက်ရုံများစွာ တည်ဆောက်ထူထောင်ထားပြီး အကြမ်း ဖက်အဖွဲ့တွေအတွက် သင့်တင့်တဲ့ဝင်ငွေကို ထောက်ပံ့ပေးနေနိုင်တာဖြစ်လို့ လက်ဘနွန်အစိုးရဟာ ကိုယ့်နိုင်ငံရဲ့ အများပြည်သူဆိုင်ရာ ဆေးရုံးအောက် ဘန်ကာထဲ ဒီငွေနဲ့ ရွှေတွေ ထားရှိတာကို စုံစမ်းဖော်ထုတ် ရှင်းလင်းဖို့ မဖြစ်မနေလိုအပ်တယ်လို့ အစ္စရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဒန်နီရယ်ဟာဂါရီက ရှင်းလင်း ထုတ်ပြန်သွားပါတယ်။
ဆေးရုံအောက်က ငွေနဲ့ ရွှေတွေဟာ လက်ဘနွန်နိုင်ငံ ပြန်လည်ထူထောင်ဖို့အတွက်ပဲ အသုံးပြုသင့်တာဖြစ်သင့် ပြီး အစ္စရေးကို ခြိမ်းခြောက်ရန်ပြုနေတဲ့ အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေအတွက် လုံး၀ မဖြစ်သင့်လို့ တိုက် ခိုက်ရတာသာဖြစ်ကာ ဟစ်ဇ်ဘိုလာရော ဟားမက်စ်တပ်တွေကပါ အများပြည်သူသုံး ဆေးရုံ၊ စာသင်ကျောင်း တွေကို အကာအကွယ်ယူ တံတိုင်းလုပ်ပြီး ရွှေ၊ ငွေ၊ လက်နက်တွေ ထားရှိ အသုံးပြုမှုများစွာ ရှိတယ်လို့ ဒန်နီရယ် ဟာဂါရီက ဆက်လက် အသိပေးပြောဆိုသွားပါတယ်။
ဆေးရုံအောက်က ငွေတိုက်ဟာ တခြား အဆောက်အအုံ ၂ ခုနဲ့ ဝင်လမ်းထွက်လမ်းအဖြစ် ဆက်သွယ် ဖောက်လုပ်ထားတာလည်းဖြစ်ပါတယ်။
Ref: indiatoday
MKF-001








