မဲခေါင်၊ အောက်တိုဘာ ၁၁
အောက်တိုဘာ ၁ ရက်နေ့က အီရန်ဘက်ကနေ ပစ်လိုက်တဲ့ ဒုံးကျည် ၁၈၁ လုံးထဲက Arrow 3 ကြားဖြတ်ဖျက်ဒုံး နဲ့ ပစ်ခတ်ဖျက်ချလိုက်တဲ့ ဒုံးကျည် လောင်ဆာလှောင်ကန် ကိုယ်ထည်အိမ်ကို အစ္စရေးဘက်က ကမ္ဘာသိအောင် ထုတ်ပြန်ပြသလိုက်ပြီးနောက် အီရန်ဟာ အစ္စရေးပြည်သူအများအပြားသေဆုံးစေလိုစိတ်နဲ့ ပစ်ခတ်တိုက်ခိုက်တာ မြင်သာစေတယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။
ထိပ်ဖူးတင် တစ်တန်လေးပြီး တစ်နာရီ ၃၁၀၀ မိုင်နှုန်းအလျှင်ရှိတဲ့ Kheibar Shekan ဒုံးကျည်ကို နီဂက်ဗ် ကန္တာရ ထဲမှာ လေထုအနိမ့်ပိုင်းထဲအဝင် လူဦးရေ ၂၈၀၀၀ နေထိုင်ရာ အရတ်ဒ်မြို့ရောက်ဖို့ ၁ မိုင်အလိုမှာ အသံထက် ၅ ဆ မြန်တဲ့ Arrow 3 ဖျက်ဒုံးနဲ့ အစ္စရေးဘက်က ပစ်ချလိုက်တာဖြစ်ပါတယ်။
မြေပြင်ပေါ်ကျလာတဲ့ ဒုံးကျည်အခွံ မှာတင် ၃၇ ပေရှည်ပြီး ပထမဆုံး အနီးအနားနေ ကလေးငယ်တွေက စတင်တွေ့ရှိကာ ဒီကိုယ်ထည်ပေါ် တက်ကစား၊ ဓာတ်ပုံတွေရိုက်ခဲ့ကြတာဖြစ်ကြောင်း၊ နောက်မှ အစ္စရေးစစ်တပ်က လက်နက်အပေါ် အကဲဖြတ်လေ့လာ ဖို့ သွားရောက်သယ်ဆောင်ပြီး ကမ္ဘာကို ချပြခဲ့တာလို့ အစ္စရေးတပ်ဗိုလ်မှူး G ဆိုသူက ထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်မှူး G က ဒါဟာ အီရန်ပစ်ခဲ့တဲ့ ပဲ့ထိန်းဒုံး ၁၈၁ လုံးထဲက ၁ လုံးပဲပြသတာဖြစ်ကြောင်း၊ အစ္စရေးလူမျိုးများစွာ သေကြေစေဖို့ ရည်ရွယ်ပစ်ခတ်မှုမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်ကောင်းခဲ့လို့သာ ဘေးကင်းခဲ့တာဖြစ်ပြီး ဘာကြောင့် အရှေ့အလယ်ပိုင်းမှာ အစ္စရေးတပ်တွေ နိုင်ငံကို ကာကွယ်ဖို့အခွင့်အလမ်းအတွက် ရန်သူတွေနဲ့ တိုက်ခိုက်နေရသလဲဆိုတာ ကို မြင်နိုင်ကြမှာဖြစ်ကြောင်း ရှင်းလင်းပြောဆိုသွားပါတယ်။
Ref:Thesun
MKF – 001











