မဲခေါင်၊ အောက်တိုဘာ ၃
အောက်တိုဘာ ၁ ရက် ညပိုင်းက အီရန်ဟာ အသံထက်မြန်တဲ့ ဒုံးကျည်အပါ အစ္စရေးဘက်ကို ဒုံးကျည် ၁၈၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်လိုက်မှုဟာ ကြီးမားတဲ့ အမှားအယွင်းဖြစ်ကြောသင်းနဲ့ တတိယ ကမ္ဘာစစ်မီး စတင် လောာင်လာနိုင်ပြီလို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အထင်မမြင် ထုတ်ဖော်သွားပါတယ်။
အီရန်ဘက်က ပစ်ခတ်မှုကြောင့် အစ္စရေးဘက်ကလည်း အီရန်ရဲ့ အဓိက ရေနံသိုက်နဲ့ နျူကလီးယား ထားသို နိုင်ဖွယ်ရာ ပစ်မှတ်တွေကို ပြန်လည်ပစ်ခတ်ဖို့ ပြင်ဆင်နေပြီး ဒီလိုတုံ့ပြန်လာရင် ပိုဆိုးရွားတဲ့ တိုက်ခိုက်မှုလှိုင်း ထပ်လာဦးမယ်လို့ အီရန်ဘက်ကလည်း ထပ်မံ သတိပေးချက် ထုတ်ပြန်ပါတယ်။
လူမှုကွန်ရက်တွေပေါ်မှာ ဒီအရေးနဲ့ပတ်သက်လို့ တစ်ကမ္ဘာလုံးက တတိယ ကမ္ဘာစစ်မီးစတင်လောင်ကျွမ်းပြီလို့ အထိတ်တလန့်ရေးသားနေကြချိန် ဒေါ်နယ်ထရမ့်ကလည်း အီရန် အမှားအကြီးကြီး လုပ်ခဲ့ပြီလို့ ပြောပြီး တတိယကမ္ဘာစစ်ဖြစ်ဖို့ ကြိုးတန်းလမ်းလျှောက်နေပြီလို့ ပြောသွားခဲ့ပါတယ်။
“ ကမ္ဘာကြီးက ဟိုနေရာတစ်မျိုး ဒီနေရာတစ်မျိုး နေရာတိုင်းမှာ စစ်မီးတွေလောင်နေကြတယ်။ အခုက စစ်ပွဲရဲ့ ခြိမ်းခြောက်မှုကာလရောက်နေပြီ။ ကျုပ်တို့ နိုင်ငံရဲ့ အရည်အချင်းမရှိတဲ့ အုပ်ချုပ်သူ ၂ ယောက်က ငါတို့ကို တတိယကမ္ဘာစစ်ရဲ့ အစွန်းနားကို တွန်းပို့နေပြီ။ အီရန်ကလည်း အမှားအကြီးကြီး လုပ်လိုက်မိပြီ” လို့ သူ့ လူမှုကွန်ရက်ပေါ် ရေးတင်သွားပါတယ်။
Ref: .firstpost
MKF-003








