မဲခေါင်၊ အောက်တိုဘာ ၂
အောက်တိုဘာ ၁ ရက်နေ့က အီရန်ဟာ သူတို့ထောက်ပံ့ထားတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင် ဟက်ဆန်နက်စ်ရယ်လာကို ဘေရွတ်ခ်မြို့မှာ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်ပြီး သုတ်သင်ခဲ့မှု အတွက် လက်စားချေခြင်းလို့ ဆိုပြီး အစ္စရေးဆီ ဒုံးကျည် ၁၈၀ ဝန်းကျင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်တိုက်မှုမှာ အများစုသော ဒုံးကျည်တွေကို ဖျက်ချနိုင်ခဲ့ပြီး West Bank ကို ဒုံးကျည်ကျရောက်မှုကနေ ပါလက်စတိုင်းတစ်ဦးသေဆုံးကာ အစ္စရေးနိုင်ငံအလယ်က စာသင်ကျောင်းတစ်ကျောင်းနဲ့ တဲလ်အဗစ်မြို့က စားသောက်ဆိုင်တစ်ခု ဒုံးကျည်ထိမှန်ခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုကတော့ အီရန်အနေနဲ့ မဖြစ်မနေ ပြန်ပေးဆပ်ရမယ်လို့ ကျိန်ဆိုပြောကြား သွားခဲ့ပြီး လက်ဘနွန်ထဲကို ဝင်ရောက်လို့ ဟစ်ဇ်ဘိုလာ မြေအောက်ဒုံးကျည်မြို့တော်တွေကို ဖြိုးခွင်းသွားရေး စစ်သည်အင်အား ထပ်တိုး စေလွှတ်လိုက်ကြောင်းပါ အတည်ပြုကြေညာသွားပါတယ်။
လက်ဘနွန်တောင်ပိုင်းကို အစ္စရေးတပ်တွေ အင်အားအပြည့်နဲ့ ဝင်ရောက်လာနေပြီလို့ သတင်းတွေ ထွက်ပေါ် နေကာ အစ္စရေးဘက်က စစ်ဇုန်ဖြစ်နိုင်တဲ့ ဒေသက ရွာတွေ အကုန်ပြောင်းရွှေ့ဖို့ ဦးစွာ သတိပေးနေတဲ့အတွက် ဒီရွာတွေက လက်ဘနွန် နေအိမ်စွန့်ခွာ တိမ်းရှောင်ရသူပေါင်း ၁ သန်းနီးနီးရှိလာနေပြီး ဘေရွတ်ခ်မြို့မှာ စစ်ဘေး ရှောင်ဒုက္ခသည် စခန်းတွေ ဖွင့်လှစ်စောင့်ရှောက် နေရပါတယ်။
ဒီလိုစောင့်ရှောက်မှု ပေးနေပေမယ့် နေအိမ်၊ စာသင်ကျောင်း၊ ခန်းမ အလွတ်ရယ်လို့ မရှိတော့တဲ့အတွက် ဘယ်လိုမှလုံလောက်မှုမရှိဘဲ ဘေရွတ်ခ်မြို့လမ်းတွေပေါ် အိပ်စက်နေရတဲ့ မိသားစုများစွာရှိနေပြီး စစ်ဘေး ရှောင် လက်ဘနွန်နိုင်ငံသားတစ်ယောက်က “ ဘေရွတ်ခ်ကိုလည်း အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒုံးကျည်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေလို့ ကျွန်တော်တို့ ဗုံးထိမှန်သေဆုံးရင်ဆုံး၊ မဆုံးရင်လည်း အေးခဲလွန်း တဲ့ ရာသီဥတုကို လမ်းပေါ်အိပ်စက်ရင်း သေဆုံးကြရနိုင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
Ref:BBC
MKF-001














