ကမ္ဘာ့သတင်း

ဟားမက်စ်ခေါင်းဆောင် ဂါဇာဘင်လာဒင်နဲ့ အခြား ၅ ယောက်ကို အရေးယူကြောင်း အမေရိကန် ကြေညာ

မဲခေါင် 5 Sep - 2024
ပြီးခဲ့တဲ့ရက်ပိုင်းက ဂါဇာကမ်းမြောင်ဒေသရဲ့ ဥမင်တွေထဲမှာ ဓားစာခံ ၆ ယောက်ကို ဟားမက်စ်တွေက ရက်ရက် စက်စက် အနီးကပ်ပစ်သတ်ခဲ့ရာမှာ အစ္စရေး-အမေရိကန် နိုင်ငံသား ဂိုးလ်ဘာ့ဂ်-ပိုလင်လည်းပါဝင်ခဲ့တာကြောင့် အမေရိကန်တရားရေးဌာနက ဟားမက်စ်အဖွဲ့ရဲ့ အလုံးစုံ ခေါင်းဆောင်ဖြစ်တဲ့ ဂါဇာဘင်လာဒင်ခေါ် ယာဟွာဆင်ဝါအပါအဝင် နောက်ထပ် ဟားမက်စ်ခေါင်းဆောင်ပိုင်း ၅ ယောက်ကို အကြမ်းဖက်သမားတွေ အဖြစ် စွဲချက်တင်အရေးယူလိုက်ကြောင်း စက်တင်ဘာ ၃ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်သွားပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၅

ပြီးခဲ့တဲ့ရက်ပိုင်းက ဂါဇာကမ်းမြောင်ဒေသရဲ့ ဥမင်တွေထဲမှာ ဓားစာခံ ၆ ယောက်ကို ဟားမက်စ်တွေက ရက်ရက် စက်စက် အနီးကပ်ပစ်သတ်ခဲ့ရာမှာ အစ္စရေး-အမေရိကန် နိုင်ငံသား ဂိုးလ်ဘာ့ဂ်-ပိုလင်လည်းပါဝင်ခဲ့တာကြောင့် အမေရိကန်တရားရေးဌာနက ဟားမက်စ်အဖွဲ့ရဲ့ အလုံးစုံ ခေါင်းဆောင်ဖြစ်တဲ့ ဂါဇာဘင်လာဒင်ခေါ် ယာဟွာဆင်ဝါအပါအဝင် နောက်ထပ် ဟားမက်စ်ခေါင်းဆောင်ပိုင်း ၅ ယောက်ကို အကြမ်းဖက်သမားတွေ အဖြစ် စွဲချက်တင်အရေးယူလိုက်ကြောင်း စက်တင်ဘာ ၃ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်သွားပါတယ်။

နယူးယောက်တောင်ပိုင်းခရိုင် တရားရုံးကနေ ဟားမက်စ်ခေါင်းဆောင် ၆ ယောက်ကို စွဲချက် ၇ ချက်နဲ့ အရေးယူကြောင်း ထုတ်ပြန်ခဲ့တာဖြစ်သလို ဒီစွဲချက်တွေထဲမှာ ဟားမက်စ်ကို ငွေကြေးထောက်ပံ့နေမှုအတွက် စွဲချက် လည်း ပါဝင်ခဲ့ပါတယ်။

အမေရိကန်ဟာ ဟားမက်စ်ကို ၁၉၉၇ ခုနှစ်ကတည်းက ပြည်ပအခြေစိုက် အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနယ်စပ်ကိုဖြတ်ကျော်ပြီး အမေရိကန် နိုင်ငံသား ၄၀ အပါအဝင် အရပ်သားပြည်သူ ၁၂၀၀ ကျော်ကို ဟားမက်စ်တပ်တွေက ဝင်ရောက်သတ်ဖြတ်ခဲ့ပြီး ၂၅၁ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပြီးနောက် ကျန်ရှိ ဓားစာခံ ၁၀၀ အနက် ၃ ပုံ ၁ ပုံမှာလည်း သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

အမေရိကန်ဟာ ဟားမက်စ်ခေါင်းဆောင်တွေကို ရာဇဝတ်သား အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြောင်း မထုတ်ပြန်ပေမယ့် ခုမှ ဟားမက်စ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အမေရိကန်နိုင်ငံသားတွေကိုလည်း သတ်ဖြတ်မှုအပေါ် အဆိုးရွားဆုံး အကြမ်းဖက်ခြင်းဖြစ်ကြောင်းနဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို နာကျင်စေရင်တောင် ကျူးလွန်သူကို ထိပ်ဆုံး ကနေ အောက်ဆုံးအထိ တာဝန်ခံခိုင်းရမှာဖြစ်လို့ အရေးယူတယ်လို့ ခရိုင် ရှေ့နေချုပ် ဒါမီယမ်းဝီလျံက ထုတ်ပြန် သွားပါတယ်။

ဒါကြောင့် အီရန်နိုင်ငံကိုသွားစဉ် ဟားမက်စ် နိုင်ငံရေးခေါင်းဆောင် ဟာနီယက်ချ် လုပ်ကြံခံရလို့ သေဆုံးပြီး နောက် ဟားမက်စ်ရဲ့ အလုံးစုံခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်တဲ့ ဟာဟွာဆင်ဝါ၊ ဟာနီယက်ချ် (သေဆုံး)၊ မာဝမ်အစ်ဆာ (ဂါဇာက ဟားမက်စ်လက်နက်ကိုင်တပ်ဖွဲ့ ဒုခေါင်းဆောင်ဟောင်း -သေဆုံး)၊ ခါလက်မက်ရှယ် (ဒါဟာအခြေစိုက် ဟားမက်စ်ခေါင်းဆောင်)၊ ဟားမက်စ် သက်တမ်းရှည်လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင် မိုဟာမက်ဒီအစ်ဖ် (သေဆုံး)နဲ့ ဘေရွတ်အခြေစိုက် ဟားမက်စ်ပြည်ပဆက်ဆံရေးအဖွဲ့ခေါင်းဆောင် အလီဘာရာကာတို့ကို အကြမ်းဖက်ခေါင်းဆောင်တွေအဖြစ်အရေးယူကြောင်း အမေရိကန်က ထုတ်ပြန်သွားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ယာဟွာဆင်ဝါဟာ ဂါဇာက မြေအောက်ဥမင်တွေထဲမှာပဲ လှည့်ပတ်ပုန်းအောင်းနေတယ်လို့ သတင်း ရရှိပေမယ့် ကာတာဟာ ဟားမက်စ်ကို အဓိက ထောက်ပံ့ကာကွယ်ပေးနေလို့ ဒီ သက်ရှိထင်ရှားကျန်ရှိနေတဲ့ ခေါင်းဆောင်တွေကို ကာတာအစိုးရက ဖမ်းဆီးလွှဲအပ်ပေးဖို့ အမေရိကန်ဘက်က ဖိအားပေးတောင်းဆိုထား ကြောင်းလည်း သိရှိရပါတယ်။

အမေရိကန် အစိုးရအဖွဲ့ အကြီးတန်းအရာရှိတစ်ဦးကတော့ ခုလို အရေးယူမှု ကြောင့် အစ္စရေးနဲ့ ဟားမက်စ် အပစ်အခတ်ရပ်စဲနိုင်ရေး ကြားဝင်စေ့စပ်မှုဟာလည်း အခြေအနေ မကောင်း နိုင်ကြောင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

Ref: timesofisrael
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now