မဲခေါင်၊ စက်တင်ဘာ ၅
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းသမ္မတ ဇီလန်းစကီးရဲ့ ရုရှားပိုင်နက် အတွင်းပိုင်းအထိ အမေရိကန် ပေးတဲ့ ဒုံးကျည်တွေနဲ့ပစ်ခတ်ခွင့်ကို ခွင့်ပြုလိုက်ပြီးနောက် လက်ရှိ ယူကရိန်းအသုံးပြုနေသမျှ ဒုံးကျည်အားလုံးထက် ပိုပြီး မိုင်းပေါင်းများစွာ အဝေးရောက်နိုင်သလို တိကျတဲ့ ပစ်ခတ်နိုင်စွမ်းရှိတဲ့ ဝေဟင်မှ မြေပြင်ပစ် ပူးတွဲ ဒုံးကျည် (JASSM) တွေကို ပေးပို့သွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။
ရိုက်တာသတင်းအေဂျင်စီက သတင်းရင်းမြစ် ၃ ခုကနေ ဒီသတင်းကို ထုတ်ပြန်ခဲ့ပေမယ့် အမေရိကန်ဘက်က လာမယ့်ဆောင်းဦးပေါက်လောက်မှ အတည်ပြုထုတ်ပြန်ဖွယ်ရှိနေပြီး နည်းပညာပိုင်း အခက်အခဲရှိနေသေးလို့ လနဲ့ချီ ပြင်ဆင်ပြီးမှ ပို့ဆောင်ပေးနိုင်မယ်လို့ အမည်မဖော်ပြတဲ့ အမေရိကန်အစိုးရ အရာရှိတစ်ဦးက ပြော ကြားသွားပါတယ်။
JASSM ဒုံးတွေဟာ ကိုယ်ပျောက်ဒုံးကျည်အမျိုးအစားဖြစ်ပြီး မိုင်းပေါင်းရာချီ ပစ်ခတ်နိုင်စွမ်းရှိလို့ ရုရှားနိုင်ငံ အတွင်းပိုင်းက စစ်ရေးထောက်ပို့ အချက်အချာပစ်မှတ်တွေအထိ ပစ်ခတ်နိုင်စွမ်းရှိတာကြောင့် စစ်ပွဲရဲ့ အဖြေ ပြောင်းနိုင်တဲ့ လက်နက်မျိုးဖြစ်ပါတယ်။
ကြုံနေရတဲ့ နည်းပညာအခက်အခဲကတော့ ယူကရိန်းမှာ လက်ရှိ အသုံးပြုနေတဲ့ ဆိုဗိယက်ခေတ် MiG-29၊ Su-24 နဲ့ Su-27 တိုက်လေယာဉ်တွေဟာ JASSM ဒုံးတွေကို တင်ဆောင်ပစ်ခတ်နိုင်စွမ်း ရှိမရှိ မရေရာသေးခြင်း ကြောင့်ဖြစ်ပြီး မကြာသေးခင်ကမှ ဒါဇင်နဲ့ချီပြီး ယူကရိန်းကို မဟာမိတ်တွေပေးထားတဲ့ F-16 တိုက်လေယာဉ် တောင် တစ်စီးကို ၂ လုံးပဲ တင်ဆောင်ပစ်ခတ်နိုင်လို့ ပိုလိုက်ဖက်မယ့် လေယာဉ်မျိုး လိုအပ်ချက်ရှိသေးတာကြောင့် ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
Ref: rmx
MKF-001









