မဲခေါင်၊ သြဂုတ် ၃၁
စစ်ကောင်စီလက်အောက်က MNDAA တိုက်ခိုက်သိမ်းယူလိုက်တဲ့ လားရှိုးမြို့ ပြန်လည် ထူထောင်ရေးအတွက် CDM ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူနေတယ်လို့ MNDAA ရဲ့ Lashio restoration ဌာနက သိရပါတယ်။
အဆိုပါဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ အမေးအဖြေအစီအစဥ်မှာ “CDM ဝန်ထမ်းလျှောက်လွှာတွေကို သြဂုတ်လ ၁၃ရက်က စတင်ခေါ်ယူနေကြောင်းနဲ့ အခြားမြို့ရွာက CDM တွေလဲ လျှောက်လို့ရတယ်” လို့ ပြောပါတယ်။
လျှောက်လွှာမှာ ပူးတွဲဖော်ပြရမှာက CDMဖြစ်လို့ ဝန်ထမ်းကထုတ်ပယ်တဲ့ ဌာနကစာ ပါရှိရမှာဖြစ်ပြီး တကယ်လို့မပါရှိနိုင်ပါက ဌာနထဲက အခြားCDM ဝန်ထမ်း ၁ဦးရဲ့ထောက်ခံချက် လိုအပ်တယ်လို့ ပြောပါတယ်။
လတ်တလော လျှောက်ထားသူ ၂၇၀ ကျော် ရှိနေပြီး ဌာနပေါင်း ၂၀ ကျော်အတွက် ခေါ်ယူတာလို့ ဆိုပါတယ်။
လက်ရှိမှာ ကျန်းမာရေးဌာနရဲ့ ကုသရေးအပိုင်းမှာ CDM ဝန်ထမ်းတွေနဲ့ စတင်လည်ပတ်နေပြီး မကြာခင်မှာ ပညာရေးဌာန လည်ပတ်တော့မှာဖြစ်ကာ အခြားဌာနတွေကတော့ မြို့ပြန်လူထု ပြန်လည်ဝင်ရောက်လာမှုအပေါ် မှာ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့နေသူတချို့ ပြန်လည်ဝင်ရောက်လာတယ်ဆိုပေမယ့် ယခင် မြို့လူဦးရေ ၂သိန်းနီးပါးမှာ အခု ၂သောင်းကျော်ခန့်ပဲ ပြန်လာနေကြသေးတယ်လို့ သိရပြီး မနေ့သြဂုတ်လ ၃၀ ရက်ညမှာ စစ်ကောင်စီက ဗုံးကြဲလို့ ပြန်နေသူအချို့ တကျော့ပြန် စစ်ရှောင်လာနိုင်တယ်လို့ သိရပါတယ်။
ပုံ-ပုံဟောင်း
MK-012












