မဲခေါင်၊ ဩဂုတ် ၂၇
အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးပါဝင်တဲ့ အလုံးစုံစစ်ပွဲကြီး မဖြစ်ရေးကြိုးပမ်းမှုအဖြစ် အမေရိကန်ဟာ အစ္စရေးတပ်တွေနဲ့ ပူးပေါင်းပြီး ဟားမက်စ်ခေါင်းဆောာင် ယာဟွာဆင်ဝါကို ဂါဇာက ဥမင်တွေထဲ ရှာဖွေနိုင် ဖို့ အထူးတပ်ဖွဲ့တွေ စေလွှတ်ရှာဖွေနေကြောင်း သိရပါတယ်။
ဂါဇာက ဥမင်တွေထဲ ရေဒါခြေရာခံစက်နဲ့ အဆင့် မြင့် ထောက်လှမ်းရေး စက်ပစ္စည်းတွေပါတဲ့ အထူးတပ်ဖွဲ့ကို အစ္စရေးတပ်နဲ့ ပူးပေါင်းစစ်ဆင်ရေး အရှိန်မြှင့်ဖို့ လုပ် ဆောင်ရာမှာ အစ္စရေးဘက်က ဆင်ဝါကို သုတ်သင်နိုင်ခဲ့ရင် စစ်နိုင်တဲ့ ရည်မှန်းချက်ပြည့်မြောက်ပြီး စစ်ပွဲကို ရပ်တန့်သွားမယ်လို့ အမြင်ရှိတဲ့အတွက် အမေရိကန်ဘက်က ဝင်ကူညီပေးနေတာဖြစ်ပါတယ်။
ဂါဇာဥမင်တွေရဲ့ အရှည်ဟာ မိုင် ၃၀၀ အထိရှည်လျားလို့ အစ္စရေးဘက်က ဆင်ဝါကို ရှာဖွေရာမှာ Shin Bet ထောက်လှမ်းရေးအချက်အလက်ပြစနစ်သုံးပြီး ဆင်ဝါကိုရှာဖွေနေရာမှာ အမေရိကန်ဘက်ကလည်း ၆၁ နှစ်ရှိပြီ ဖြစ်တဲ့ ဆင်ဝါကို အမြန်ရှာတွေ့နိုင်ရေး အဆင့်မြင့်ထောက်လှမ်းရေးနည်းပညာသုံး အထူးတပ်ကို စေလွှတ်ပေး လိုက်တာဖြစ်ပါတယ်။


အစ္စရေး ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲတစ်ယောက်က အမေရိကန်ရဲ့ ကူညီမှုဟာ တန်ဖိုးဖြတ်မရအောင် အကျိုးရှိစေကြောင်းနဲ့ CIA အေးဂျင့်တွေနဲ့ ပင်တဂွန်က အထူးတပ် လာရောက် ပူးပေါင်း ပြီး ဆင်ဝါရှာဖွေရေးစစ်ဆင်ရေးကို အရှိန်မြှင့်တင်နေတယ်လို့ ပြောသွားခဲ့ပါတယ်။
သတင်းအရင်းအမြစ်တချို့မှာတော့ ဆင်ဝါဟာ ဂါဇာမြေအောက်ဥမင်တွေထဲမှာပဲ ပုန်းအောင်နေပြီး မြေပြင်ပေါ် တက်ရင် အမျိုးသမီးလို ဝတ်ဆင်ပြီး သွားလာနေတယ်လို့ ဖော်ပြပါရှိနေကြပါတယ်။
အစ္စရေး ထောက်လှမ်းရေး ရင်းမြစ်တစ်ဦးက ဆင်ဝါကို ရှင်းလင်းသုတ်သင်နိုင်ရင် ဂါဇာက စစ်ပွဲအပြီးသတ်ဖို့နဲ့ ငြိမ်းချမ်းရေးရပြီး ဓားစာခံ တွေပါ ပြန်လွတ်လာဖို့ အလားအလာကောင်းရှိတယ်လို့ ဆိုပါတယ်။
Ref:Thesun
MKF-001








