မဲခေါင်၊ သြဂုတ် ၂၄
ဩဂုတ် ၂၃ ရက်နေ့က ဆီးရီးယားနိုင်ငံအနောက်မြောက်ဘက် ဂျဘယ်အယ်လ်ဇာဝီယာဒေသမှာ ဆိုင်ကယ် စီးနင်းနေတဲ့ အယ်လ်ခိုင်းဒါးအကြမ်းဖက်အဖွဲ့နဲ့ ချိတ်ဆက်ထားတဲ့ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ရာမန်မက်ကီ ကို အမေရိကန်က ဒရုန်းနဲ့ တိုခိုက်ရှင်းလင်းခဲ့ကြောင်း အတည်ပြုထုတ်ပြန်ပါတယ်။
ရာမန်မက်ကီဟာ ဆော်ဒီနိုင်ငံသားဖြစ်ပြီး အယ်လ်ခိုင်းဒါးအဖွဲ့နဲ့ချိတ်ဆက်ထားတဲ့ Horas al-Din သို့မဟုတ် Guardians of Religion ဆိုတဲ့ စစ်သွေးကြွအဖွဲ့ ထူထောင်ထားသူဖြစ်လို့ ပစ်မှတ်အတိအကျထားရှိပြီး ဒရုန်းနဲ့ ပစ်ခတ် ရှင်းလင်းခဲ့တာလို့ အမေရိကန်ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်သွားပါတယ်။
အမေရိကန်ဟာ 9/11 ဖြစ်ရပ်ပြီးကတည်းက အယ်လ်ခိုင်းဒါအဖွဲ့ကို အမြစ်ဖြတ်ဖို့ အရှေ့အလယ်ပိုင်းဒေသမှာ လာရောက် အခြေစိုက်ပြီး ဆီးရီးယားထဲမှာ အခြေချတဲ့ အကြမ်းဖက်ခေါင်းဆောင်တွေကို မကြာခဏ ပစ်ခတ် ရှင်းလင်းမှုတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။
အမေရိကန်ဗဟိုစစ်ဌာနချုပ်ရဲ့ တပ်မှူး ဗိုလ်ချုပ် မိုက်ကယ်အဲရစ်ကူရီလာက အမေရိကန်နဲ့ မဟာမိတ်တွေ၊ ပါတနာတွေနဲ့ ဒေသတွင်း အေးချမ်းတည်ငြိမ်မှုကို ခြိမ်းခြောက်နှောင့်ယှက်နေတဲ့ အကြမ်းဖက်အဖွဲ့သားတွေကို သုတ်သင်ရှင်းလင်းရမယ့်တာဝန်ရှိတာကြောင့် ရာမန်မက်ကီကို ရှင်းလင်းခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ပြောကြား သွားခဲ့ပါတယ်။
Ref:AP
MKF-001








