မဲခေါင်၊ ဩဂုတ် ၁၄
ဩဂုတ် ၁၂ ရက်နေ့မှာပဲ ယူကရိန်းတပ်တွေဟာ ရုရှားပြည်နယ် ဘယ်လ်ဂိုရော့ဒ်က မြို့ပေါင်း ၂၈ မြို့ကို သိမ်းပိုက် သွားနိုင်ခဲ့ပြီဖြစ်လို့ ဒေသတွင်း ရုရှားပြည်သူ ၁၂၁၀၀၀ စစ်ဘေးရှောင်းတွေအတွက် နေအိမ်စွန့်ခွာ ထွက်ပြေးရပြီ ဖြစ်ကြောင်း ပူတင်ရဲ့ ခရိုနီမြို့တော်ဝန် ကိုယ်တိုင်က အတည်ပြု ထုတ်ပြန်သွားပါတယ်။
ယူကရိန်းတပ်တွေရဲ့ တန်ပြန်ကျူးကျော်တိုက်ခိုက်မှုမှာ ကက်ရှ်ဒေသအပြင် ဘယ်လ်ဂိုရော့ဒ်ဒေသအထိ အောင်မြင်နေတာကြောင့် ဒေသတွင်းနေထိုင်သူများအားလုံး မြေအောက်ကတုပ်ကျင်းခန်းတွေမှာသာ နေကြဖို့ နဲ့ ဒုံးကျည်ရန်ဟာ ဘယ်လ်ဂိုရော့ဒ်ပြည်နယ်တစ်ခုလုံးအတွက် အန္တရာယ်အဆင့်ရောက်နေပြီဖြစ်တယ်လို့ မြို့တော်ဝန် ဂလက်ကော့တ်က တယ်လီဂရမ်မှာ ရေးသား ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားအစိုးရချုပ်ကိုင်မီဒီယာ TASS က ဘယ်လ်ဂိုရော့ဒ်ပြည်နယ်ရဲ့ ကရက်စ်နိုယာရူးစကီးဒေသက ပြည်သူ ၁၁၀၀၀ ကို နေအိမ်စွန့်ခွာရွှေ့ပြောင်းခိုင်းခဲ့ရပြီးဖြစ်ကြောင်းနဲ့ ကျန်နေရစ်ခဲ့တဲ့ပြည်သူ ၅၀၀ ပဲ ရှိတော့ကာ ရုရှားစစ်သားတွေက ဘတ်စ်ကားတွေနဲ့ ရွှေ့ပြောင်းမှုတွေကို ခြံရန်စီစဉ်ပေးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းရဲ့ ရုရှားအပေါ် တန်ပြန် နယ်မြေသိမ်းပိုက် ထိုးစစ်ဆင်မှုဟာ တစ်ပတ်ကျော်အတွင်း ကက်ရှ်ဒေသ ဆက်ဒ်ဇာအရပ်ကနေ ရုရှားနိုင်ငံအတွင်းပိုင်း ၂၄ မိုင်အထိ ခရီးရောက်အောင် သိမ်းပိုက်ထားနိုင်ပြီး မြို့ပေါင်း ၂၈ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
Ref:Thesun
MKF-001









