မဲခေါင်၊ သြဂုတ် ၆
ဩဂုတ် ၄ ရက်နေ့က ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ ရာထူးက နုတ်ထွက်ပေးဖို့ မြို့တော် ဒါကာမှာ ထောင်ပေါင်းများစွာသော ကျောင်းသားပြည်သူတွေ ဆန္ဒပြမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းမှုမှာ အနည်းဆုံး ၉၁ ယောက်သေဆုံးတဲ့အတွက် မကြာသေးခင် လူထုဆန္ဒပြပွဲကာလတစ်လျှောက် တစ်ရက်တည်း လူအများဆုံး သေဆုံးမှုဖြစ်ပွားခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အာဏာရှင်အဖြစ် ဝန်ကြီးချုပ်ရာထူးကို ဆယ်စုနှစ် ၂ ခုကြာ ရယူထားတဲ့ ဟာဆီနာ ဟာ ဘွဲ့ရကျောင်းသားတွေကို နိုင်ငံတော် အစိုးရအလုပ်အကိုင် ခန့်ထားမှုမှာ တော်လှန်ရေးတိုက်ပွဲဝင်ခဲ့တဲ့ စစ်ပြန် သားသမီးမျိုးရိုး၊ ပါတီအကျိုးပြုသူများရဲ့ မိသားစုဝင်နဲ့ ဝေးလံသီခေါင် ဒေသမှာတာဝန်ထမ်းခဲ့သူတွေရဲ့ သားသမီး ၆၅ ရာခိုင်နှုန်းအထိ ခန့်ထားဖို့ ဥပဒေ ပြဌာန်းတာကို မကျေနပ်ရာက တက္ကသိုလ်ကျောင်းသား သပိတ်ပေါက်ဖွားလာပြီး တစ်လကျော် နိုင်ငံရေးမငြိမ်သက်မှုတွေနဲ့ သွေးချောင်းစီးမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ကျောင်းသားနဲ့ ပြည်သူလူထုဟာ ဩဂုတ် ၄ ရက်နေ့မှာ ထောင်ပေါင်းများစွာ လမ်းပေါ်တက်ပြီး ဟာဆီနာ ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ပေးဖို့နဲ့ အင်အားအလွန်အကျူးသုံးစွဲပြီး များစွာ သွေးမြေကျမှုအတွက် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ဒီဆန္ဒပြမှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ယောက်အပါ အနည်းဆုံး ၉၁ ယောက်အထိ သေဆုံးခဲ့ရတာဖြစ်ပြီး ဇူလိုင် ၁၉ ရက်က ၆၇ ဦး သေဆုံးခဲ့မှုကိုတောင် စံချိန်ချိုးလို့ တစ်ရက်အတွင်း အများဆုံး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
ဟာဆီနာ အစိုးရဟာ ဩဂုတ် ၄ ရက်နေ့ ဒေသစံတော်ချိန် ည ၆ နာရီကနေစပြီး ကာဖျူးထုတ်ပြန်ကာ ၃ ရက် ဆက်တိုက် ကာဖျူးအမိန့် တည်စေကြောင်းနဲ့ ဒီ ၃ ရက်ကို အစိုးရရုံးပိတ်ရက်အဖြစ်ပါ သတ်မှတ်တယ်လို့ ထုတ်ပြန်ကြေညာသွားတာဖြစ်ပါတယ်။
Ref: asiaone
MKF-001











