မဲခေါင်၊ ဇူလိုင် ၃၁
ကာလုံ ခေါ် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဒီနေ့ (ဇူလိုင် ၃၁) ရက်မှာ ခေါ်ယူပြီး ယာယီသမ္မတ(တာဝန်) စာတမ်းနဲ့ စစ်ယူနီဖောင်းဝတ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အရေးပေါ်ကာလ ၆ လထပ်တိုးခဲ့ပါတယ်။
ယနေ့မနက် ၁၀ နာရီ အချိန် နေပြည်တော်မှာ ယာယီသမ္မတ၊ ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လို့ ၃ မည်ရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က ခေါ်ယူပြုလုပ်တဲ့ ကာလုံ အစည်အဝေးမှာ သက်တမ်းထပ်တိုးလိုက်တာပါ။
၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းတာကစ ၁ နှစ်သက်တမ်းကနေ အရေးပေါ်ကာလ ၆ လနဲ့ ယခုအကြိမ်အပါ ၆ ကြိမ် သက်တမ်းတိုးလာတာဖြစ်ပါတယ်။



တော်လှန်ပြည်သူတွေက အသိအမှတ်မပြု စွန့်လွှတ်လိုက်နာတာမရှိတော့တဲ့ စစ်တပ်ရဲ့ ၂၀၀၈ ခြေဥ ပုဒ်မ ၄၂၅ ပါ သာမန်မဟုတ်တဲ့ အခြေအနေဆိုတာကို အကြောင်းပြပြီး သက်တမ်းတိုးလိုက်တာပါ။
စစ်ကောင်စီခေါင်းဆောင်ဟာ ဒုသမ္မတ ဦးမြင့်ဆွေကို ယာယီသမ္မတအနေနဲ့သတ်မှတ်ရာက ကျန်းမာရေးအကြောင်းပြဖယ်ရှားပြီး သူကိုယ်တိုင်ပဲ နေရာအားလုံးကို တစ်ယောက်တည်း ရယူနေတာ ဖြစ်ပါတယ်။
MK-012











