မဲခေါင်၊ ဇူလိုင် ၂၄
ရှမ်းမြောက်၊ လားရှိုးတိုက်ပွဲမှာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁) က တပ်ပျက်သွားတဲ့နေရာမှာ ထပ်တည်တဲ့ စရတ (စစ်ဖက်ရေးရာလုံခြုံရေး တပ်)ဟာ မနေ့ ဇူလိုင် ၂၃ ရက်က MNDAA တပ်ဖွဲ့တွေ လက်ထဲရောက်သွားပြီလို့ ခိုင်မာတဲ့ စစ်ရေးအရင်းအမြစ်အရသိရပါတယ်။
မနေ့ ဇူလိုင်လ ၂၃ ရက် မှာ အကြမ်းဖက်နှိမ်နင်းရေးတပ်(ခလရ-၄၁)နဲ့ ကပ်တည်ထားတဲ့ စရတ တပ်ကို MNDAA က သိမ်းပိုက်လိုက်နိုင်တာအပြင် အဲဒီတပ်မှာ ထိန်းသိမ်းခံထားရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးမှာ ပါဝင်လို့ စစ်ကြောထိန်းသိမ်းခံရသူတွေ လွတ်မြောက်ကုန်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်ထံက သိရပါတယ်။
လွတ်မြောက်လာသူ ဦးရေကို မသိရသေးတဲ့အတွက် မဲခေါင်သတင်းဌာနအနေနဲ့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။
“ရပ်ကွက်-၁ ရန်တိုင်းအောင်နဲ့ လားရှိး-မိုင်းယော်လမ်း လားရှိုးကြီးဘက်တွေမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်၊ လားရှိုးထောင်ရှိတဲ့ ရပ်ကွက်-၁၂ ဘက်လဲ ပစ်ခတ်သံတွေကြားတယ်၊ လေယာဉ်လဲ ဝဲနေတယ်”လို့ လားရှိုး ရပ်ကွက်-၁၀ ကလူမှုရေးအဖွဲ့ဝင် ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
ခလရ-၆၈ နဲ့ကပ်နေတဲ့ ရပ်ကွက်-၁၂ က လားရှိုးအကျဉ်းထောင်ကတော့ အခိုင်အမာတည်ဆေတ်ထားတဲ့ အကာအကွယ်တွေနဲ့ ခုခံနေဆဲလို့ သိရပါတယ်။
ရပ်ကွက်ကြီး-၉ က အိမ်တွေမှာ ထောင်ဝန်ထမ်းတွေဟာ လိုင်းခန်းအိမ်ယာတွေမှာ မနေတော့ဘဲ ထောင်ရှေ့က မောစံပယ် ဘော်ဒါဆောင်ကို ပြောင်းရွှေ့နေထိုင်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ MNDAA တပ်ဖွဲ့တွေဟာ မြို့ကို ၀ိုင်းပတ်ထားပြီး မြို့ထဲရောက်နေပြီဖြစ်တဲ့ တပ်ဖွဲ့တွေကတော့ ရပ်ကွက် ၁/၂/၄/၅ စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
MK-012








